Unicode>>>>>
တစ်လခန့်ကြာသော်~~~~
"Morning မ .........."
"Morning ဇံကို........"
"မနက်စာအဆင်သင့်ဖြစ်ပါပြီဗျ.........."
"ဒီနေ့ ကျောင်းပိတ်ရက်မလား.......မင်းအပြင်ထွက်မှာလား........."
"ဟုတ် မ.......ကျွန်တော်သွားစရာလေးရှိလို့......."
"တို့လည်းရုံးပိတ်ရက်ပေမဲ့ ရုံးကိုသွားစရာရှိတယ်......တို့အိမ်ပြန်နောက်ကျလောက်တယ်ဇံကို.....မင်းအိမ်သော့ယူသွားနော်........"
"မ ဘယ်အချိန်လောက်မှ ပြန်လာမှာလဲ......."
"ညနေကျပါတီလည်းတက်ရမှာဆိုတော့.......အစောဆုံး ကိုးနာရီပေါ့........."
"ဒါဆို ကျွန်တော်လည်း အဲ့အချိန်မှ အိမ်ပြန်လာလိုက်မယ်........"
"မင်းကဘယ်သွားမှာမလို့လဲ........."
"ပြန်ရောက်မှပြောပြမယ်........လာ မနက်စာစားရအောင် မ........"
ရေချယ်ကိုပြုံးပြလာကာ ခုံရွှေ့ပေးနေသည်မို့ ဝင်ထိုင်လိုက်ပြီး ဇံကိုပြင်ပေးတဲ့မနက်စာကိုစားနေလိုက်ရင်း ဇံကို့ကိုကြည့်နေမိသည်။သူဘယ်သွားမလို့လဲမသိပေမဲ့ ရှပ်အင်္ကျီလက်ရှည်အဖြူလေးနဲ့ ပုဆိုးအပြာရောင်လေးကိုတွဲဝတ်ထားသည်မို့ ပိုပြီးကြည့်ကောင်းနေသည်မှာအမှန်ပင်။
"မ ကျွန်တော်သွားနှင့်တော့မယ်......သွားရမယ့်နေရာက နည်းနည်းဝေးလို့......."
"အိုကေ ဂရုစိုက်သွား ဇံကို......"
"ဟုတ် မ........"
ဇံ မ ကိုနှုတ်ဆက်ခဲ့ပြီးတာနဲ့ အိမ်ရှေ့မှာရောက်နှင့်နေပြီဖြစ်တဲ့ ခေတ်ရဲ့ကားဆီကို လျှောက်သွားလိုက်သည်။
"ငါ့ကောင်လေးက တော်တော်လေးချောနေတာပဲကိုး........"
"မစရရင် မနေနိုင်ဘူးလားကို့ကို........."
"ကိုက ချောနေတော့ သဲစိတ်မချတော့ဘူးကွာ........"
"စိတ်မချဖြစ်မနေနဲ့ လာ.......သွားရအောင်......"
ဇံ ခေတ်ရဲ့လက်ကိုဆွဲသွားလိုက်ပြီး ကားတံခါးဖွင့်ပေးလိုက်ကာ ဇံလည်း ကားမောင်းမယ့်ဘက်မှာ ဝင်ထိုင်လိုက်သည်။ဇံတို့ကိုကြည့်နေတဲ့သူတစ်ယောက်ရှိတာကိုတော့ ဇံတို့မသိခဲ့ကြ။