အပိုင်း ( ၁ )

2.1K 138 0
                                    

Unicode>>>>>

"ကျွန်မတောင်းထားတဲ့ ကျောင်းသူစာရင်းနဲ့ ကိုယ်ရေးအချက်အလက်တွေရပြီလား ကိုသူရိန်......."

"ရပြီမမလေး........မမလေးပြောသလိုစိစစ်ထားပြီးသားမို့ အဲ့ဒီထဲကငါးယောက်ကိုရွေးပြီး ပညာသင်ထောက်ပံ့ကြေးအနေနဲ့ထောက်ပံ့ရုံပါပဲ........."

"အိုကေ ဒါဆိုလာပေးလိုက်ပါ.......ကျွန်မ ထပ်စစ်ကြည့်ပြီး ဆုံးဖြတ်ချက်ချမယ်........."

ရေချယ် ကုမ္ပဏီစာရင်းဇယားတွေပြန်ကြည့်နေရင်း ကျောင်းသူစာရင်းလာပေးတာနဲ့ တစ်ယောက်ချင်းလိုက်ကြည့်နေလိုက်သည်။

"ဇံချီငြိမ်းကို.......ဘယ်လိုနာမည်ကြီးလဲ.......ကိုသူရိန်တော့ မှားထည့်လာပြီထင်တယ်......ဒါယောက်ျားလေးကြီးဟာကို........."

"ဟဲလို ကိုသူရိန်.......ရေချယ့်ဆီခဏလာခဲ့ပေးပါဦး........."

ရေချယ် ဇံချီငြိမ်းကိုဆိုတဲ့ကလေးရဲ့formကို သက်သက်ဖယ်ထားလိုက်ပြီး ကိုသူရိန်အလာကိုစောင့်နေလိုက်သည်။

"ရေချယ်က အလုပ်လုပ်ရင်တိကျမှာကြိုက်တာ ကိုသူရိန်သိတယ်နော်........"

"ဟုတ် သိပါတယ်မမလေး......ဘာပြဿနာများရှိလို့လဲ........"

"ကျွန်မတောင်းထားတာ ကျောင်းသူတွေစာရင်းလေ.......ဒီမှာကောင်လေးတစ်ယောက်ပါလာတယ်.......ဇံချီငြိမ်းကိုတဲ့.......ပြီးတော့final year........."

"မမလေးဒီလိုထင်မယ်လို့တော့ တွေးမိသားပဲဗျ.......သူကယောက်ျားလေးမဟုတ်ဘူးမမလေး.......မိန်းကလေးပါ ဘယ်လိုပြောရမလဲ ယောက်ျားလေးလိုနေတဲ့မိန်းကလေး........."

"ဒါဆိုလည်း မှတ်ချက်ဆိုပြီး အောက်ကရေးထားပေးသင့်တာပေါ့ရှင့်.......သူ့ကိုတော့ဖယ်ပစ်မှာသေချာနေတာပဲဟာ.......ထားပါတော့......"

"သူက မမလေးရဲ့အဘိုးလက်ထက်ကတည်းက ကုမ္ပဏီမှာလုပ်လာတဲ့ ဦးငြိမ်းကိုရဲ့မြေးလေးပါ.......မနှစ်ကပဲ သူ့မိဘတွေ ဆုံးပါးသွားတယ်ကြားတယ်........."

"အဲ့ဒီတော့ ကျေးဇူးတရားတွေကို ကျွန်မကပြန်ဆပ်ပေးရမယ်ပေါ့ အဲ့ဒီလိုလား ကိုသူရိန်........."

"မဟုတ် မဟုတ်ပါဘူး........မမလေးသဘောပါ.......သူ့အတွက်နည်းနည်းစဉ်းစားပေးစေချင်တာပါ မိဘတွေလဲမရှိကြတော့........."

မြေ့ ( Completed )Tempat cerita menjadi hidup. Temukan sekarang