အပိုင်း ( ၃ )

1.4K 114 0
                                    

Unicode>>>>>

"ရောက်ပြီကို သဲ ဒီလိပ်စာအတိုင်း မောင်းပို့တာပဲ........."

"အင်း ကျေးဇူးနော် သဲ.......သဲသွားလိုက်တော့လေ......အိမ်ကစိတ်ပူနေရော့မယ်........"

"ကို အထဲဝင်သွားတာစောင့်ကြည့်ချင်သေးတယ်......."

"ကို့စကားနားထောင်မယ်ပြောထားတယ်မလား သဲ........."

ဘာပြဿနာရှာမလဲမသိနိုင်တာမို့ ဇံ ခေတ်ကိုအတင်းပြန်လွှတ်နေမိတော့သည်။အလုပ်ပထမဆုံးရက်မှာတော့ ဇံပြဿနာမဖြစ်ချင်ဘူးလေ။

"ပြီးရော ပြီးရော ကိုကသဲချစ်မှန်းသိလို့ သိပ်အနိုင်ယူတာပဲ........သွားပြီ ဘိုင့်........"

"ဘိုင့်........"

ဇံ လက်ပြလိုက်ရင်း အိမ်နံပါတ်အောက်က လူခေါ်bellလေးကိုနှိပ်ထားလိုက်သည်။ခဏနေတော့ ခြေသံကြားတာနဲ့ ခြေလှမ်းနောက်ဆုတ်ကာ စောင့်နေလိုက်သည်။

"မင်း ရောက်လာပြီပဲ........."

"ဟုတ်ကဲ့ဗျ.........."

"လာ အထဲဝင်.........ညစာစားခဲ့ပြီလား........"

"မစားရသေးဘူး မ........မနဲ့မှ အတူတူစားမလို့........"

"တို့ဘာမှ ချက်မထားရသေးဘူး......ဘယ်လိုလုပ်မလဲ......."

"ကျွန်တော်ချက်ပေးမှာလေ မ........မ ကျွန်တော့်ကိုဟင်းအမယ်တွေရှိတဲ့နေရာသာတစ်ချက်ပြပေးပါ......."

"အိုကေ လာ မင်းနေရမယ့်အခန်းအရင်ပြပေးမယ်.......လိုက်ခဲ့........."

"ဟုတ်ကဲ့ဗျ........."

ရေချယ် သူ့ရှေ့ကနေဦးဆောင်ခေါ်သွားလိုက်ရင်း ရေချယ်နဲ့မျက်နှာချင်းဆိုင်အခန်းကို နေရာပေးလိုက်သည်။အလုပ်ရှင်နဲ့အလုပ်သမားပုံစံမျိုးလည်း ရေချယ် မခိုင်းချင်ဘူးမို့..........။

"ကျွန်တော် ရေချိုးခဲ့ပြီးသား မ........"

"အင်း အဲ့ အဲ့ဒါ တို့ကဘာလုပ်ရမှာလဲ........"

"ကျွန်တော်ဟင်းစချက်လို့ရမလားလို့......."

"ရတယ် ရတယ်လေ.......လာ တို့မီးဖိုချောင်လိုက်ပြမယ်........."

"ဟုတ် မ........."

ဇံ မ နောက်ကလိုက်ရင်း ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။အိမ်မှာနေရင်းကို နှုတ်ခမ်းနီတွေရဲနေအောင် ဆိုးထားကာ ရေမွှေးပုလင်းမှောက်ကျထားသလားထင်ရလောက်အောင်ကို တစ်ကိုယ်လုံးကို ရေမွှေးဆွတ်ထားသည်လေ။

မြေ့ ( Completed )Donde viven las historias. Descúbrelo ahora