အပိုင်း ( ၉ )

1.3K 83 6
                                    

Unicode>>>>>

"မ ကျွန်တော်ကူလုပ်ပေးမယ်........."

ဇံ မျက်နှာသစ်ပြီးတာနဲ့ မအဝတ်အစားလဲတာကိုကူပေးနေလိုက်သည်။အခုလိုကျ မက ဇံနဲ့စတွေ့ခါစအချိန်ကလို လူကြီးဆန်ဆန်လေးဖြစ်နေပြန်သည်။

"မောင်............"

"ဗျာ.........."

"နှုတ်ခမ်းနီဆိုးပေး.........."

"အင်း.......မ ဘယ်အရောင်ဆိုးမလဲ ကျွန်တော့်ကိုပြော........."

"ဒီဟာလေးနဲ့ဆိုးပေး.......လှလှလေးနော်........"

"အင်းပါ မရဲ့........လာ မျက်နှာလေးမော့ထား........"

ဇံ မရဲ့မျက်နှာလေးကိုဆွဲမော့လိုက်ပြီး lipstickကိုင်ထားရင်းကနေ မရဲ့နှုတ်ခမ်းလေးကိုအနမ်းလေး အရင်ပေးလိုက်သည်။

"မောင့် ဘာလဲ........."

"Morning Kiss......."

"မလည်းပြန်ပေးမယ် ငုံ့လာခဲ့........."

ဇံကို ငုံ့လာပေးတာနဲ့ ရေချယ် လည်ပင်းမှာmarkingပေးလိုက်တော့ ကြောင်တောင်တောင်လေးလာကြည့်နေသည်မို့.........

"ဘာကြည့်တာလဲမောင်.......မပေးရဘူးလား......."

"ပေးပါ ရပါတယ်မရဲ့.......လည်ပင်းမှာ လာကိုက်ထားတော့ နည်းနည်းသိသာမနေဘူးလား........"

"တမင်သိသာအောင်လုပ်တာပဲ.........ဟွန့်......"

"စိတ်မဆိုးပါနဲ့မရဲ့........မ ကြိုက်တဲ့နေရာပေးနော် ရတယ်နော်.......နော်........အာဘွား မွ မွ မွ........"

"အား........မောင်......နမ်းတာတော်တော့လေ......လုပ် ဆိုးပေးတော့........"

"အင်းအင်း.........."

ဇံ မကိုနှုတ်ခမ်းနီသေချာဆိုးပေးလိုက်ပြီး မရဲ့ပါးလေးကိုအနမ်းလေးပေးခဲ့လိုက်ကာ မရဲ့အခန်းထဲကနေထွက်လာလိုက်သည်။ဇံအဝတ်အစားလဲပြီး ပြန်ထွက်လာတာနဲ့ အခန်းဝမှာစောင့်နေတဲ့ မ ကိုတွေ့ရသည်မို့ ပွေ့ချီလိုက်ကာ အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။

"ဘာစားမလဲ မ....... ကျွန်တော်ဘာလုပ်ပေးရမလဲ........."

"အဆင်ပြေရာတစ်ခုခုပေါ့မောင်.......မောင် ကျောင်းသွားချိန်နဲ့ ကပ်နေပြီမလား........"

မြေ့ ( Completed )Tempat cerita menjadi hidup. Temukan sekarang