Unicode version
အပိုင်း ၅
ခေါင်းမူးနေတာနှင့်။ မမလေး။ ဆိုသော ဒီပါရဲ့ခေါ်သံ။ ယခုထိအဖျားမကျနိုင်သေးသော သူမ။
စော။
သူမ အနားမှာ ထိုင်နေသည်။ ညက Bath tube ထဲမှာအဖျားကြီးပြီးသတိလစ်နေ ခဲ့သည့်အတွက်။
ညတွင်းချင်းဆရာဝန်ကိုလှမ်းခေါ် ခဲ့ရသည့် အခြေအနေကိုရောက်ခဲ့သည်။
မူးယစ်ဆေးတမျိုးသောက် သုံးထားပြီး အအေးမိနေသည့်အတွက်ကြောင့် ယခုတော့ ဒရစ်ချိတ်ထားရသည့် အဆင့်ကိုရောက်ခဲ့ရသည်။
ဒီပါက
“လူတွေ့စစ်ဖို့က သုံးရက်ဆိုတော့ ဒီနေ့ မမလေး အလုပ်ဆင်းနိုင်မှာ မဟုတ်ဘူး။ဒါကြောင့်”
စောက
“ကျမ တာဝန်ထားလိုက်ပါ။ လူရွေးပွဲကို နောက်ဆုတ်သင့်ရင်…”
“ငါဘာမှမဖြစ်ဘူး။ ဘာလို့နောက်ဆုတ်မှာလဲ”
နိူးနေတာလား။ ဒီပါ။စော။ နှစ်ယောက်လုံးလန့်သွားသည်။ ဆက်က မျက်လုံးမဖွင့်နိုင်သေးဘဲ
“အခုထိ မိုးမလင်းသေးပါဘူး။ အလုပ်ကို ရက်ရွေ့တာ မဖြစ်စေရဘူး။ ဆက်လုပ်။ ငါရောက်အောင်သွားမှာ”
စော ဘာတခွန်းမှပြန်မပြော။ ငြိမ်နေသည်။ ဆက်က
“ကိုဒီပါ။ ကျမ ပြောတဲ့အတိုင်းပဲလုပ်ပေးပ်။”
“ဟုတ်ကဲ့မမလေး”ဒီပါ ထွက်သွားပြီးနောက် အခန်းထဲတွင် စောနဲ့ သူ နှစ်ယောက်တည်းသာ ကျန်ခဲ့သည်။ ဆက်မျက်လုံးပွင့်လာသည်။ အဖျားကျန်ဆနသေးတဲ့အတွက် ဝေဝါးဝါးပါပဲ။
“မနေ့က ကိစ္စ။ မင်းမသိဘူးလို့ ပြောနိုင်လား”
ဆိုတော့ စော ပြန်မဖြေပါ။ တကယ်တော့စိတ်တိုနေတာ။ ဆက်က
“မင်းသိမှာပါ။ငါကလွဲရင် အဲဒီဆွေးနွေးပွဲမှာ မင်းလဲရှိနေတာပဲ မင်းက မင်းသမီးတယောက်ဆိုတော့ လွယ်လွယ်သရုပ်ဆောင်နိုင်တယ်။
ဒါကြောင့် သတိပေးလိုက်မယ်။ အဲလိုထပ်မလုပ်ပါနဲ့။ ငါ့ဘက်က ကွာရှင်းစာချုပ်ပြင်ဆင်ရမယ့် အခြေအနေကို မရောက်ချင်ဘူး”
YOU ARE READING
One to Two ~ Two to One (GL -U+Z)
RomanceEntertainment ပိုင်ရှင်နှင့် ရုပ်ရှင်မင်းသမီး ရဲ့ တဖက်သတ်အချစ်။ Bar DJ မယ်လေးနှင့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အားပေးပါအုံးနော်။ Own Creation စစ်စစ်ပါ။😘 vote ment လေးများ မမေ့ပါနဲ့နော်။