Part 25

686 72 10
                                    

Unicode version

Part 25

“ကိုဒီပါ။ ဒီကိစ္စ နည်းနည်း စုံစမ်းပေးပါအုံး ယီဏာ နဲ့ချွတ်ဆွတ် အတုခိုးတဲ့သူရှိတယ် ဆိုတာ အဆင်မပြေဘူး။

ယီဏာ နေပြန်ကောင်းလာရင် နာမည်ထိုးကျသွား လိမ့်မယ်။အချိန်သိမလိုဘူးဆိုပေမယ့်….

ဒါနဲ့ အရင်တခါခေါ်လာတဲ့နတ်ဆရာရဲ့ နေရာကို ကိုဒီပါ သိလား။ ကျမ လိပ်စာကဒ် ကို မသိမ်းထားလိုက်တော့တာမို့”

“ကျတော်သိတယ်။မမလေး"

ဆက် ခေါင်းညိတ်ပြီး

“ဒါဆိုရင် ကျမကို လိုက်ပို့ပေး။ အချိနိက သိပ် မ ကျန်တော့ဘူး။ ယီဏာ သူ့နေရာသူ ပြန်ရောက်ဖို့စီစဉ် ရတော့မယ်”

“မမလေး”

“အင်း”

ကိုဒီပါ မျက်နှာမှာ တခုခုစိုးရိမ်နေသလိုပါပဲ သူမ အကဲခက်မိတာမို့။  သူပြောလာမည်ကို စောင့်နေသည်။

“ယီဏာ က မူလနေရာပြန်သွားရင် မမလေး ကိုသတိရနေမှာလား”

ထိုမေးခွန်းက ဆက် တခါမှ မစဉ်းစားခဲ့ဖူး တဲ့မေးခွန်းပါ။

“ယီဏာ က အခုအဖြစ်အပျက်တွေကို သတိရနေပါ့မလား။ သတိမရရင် မမလေး ဘာလုပ်မယ်စိတ် ကူးလဲ။ အခုအတိုင်း ထားရင်ကော….”

“အခုလိုက မဖြစ်ဘူး။ သူများနေရာ မှာ ကြာကြာ နေလို့မရဘူး။ မောင်းထုတ်ခံရရင်ယီဏာ ပျောက်ကွယ်သွားလိမ့်မယ်။”

ကိုဒီပါ ခေါင်းညိတ်သည်။ ဆက် လဲ နည်းနည်းတော့တုန်လှုတ်မိတယ်။ အခုကလဲ သူမကပဲ ချစ်နေတဲ့အနေအထား ပါ။ယီဏာ မှာ ဘာအတွေးရှိလဲဆိုတာ မသိဘူး။

အခုလိုရှောင်နေတာကိုပဲ ကြည့်လိုက်တော့။ သူမ အပြစ်မဟုတ်ပေမယ့် ဆက် အနေနဲ့ နဲနဲ မျှော်လင့်ချက်မဲ့သည်။

သူပြောတယ်။ သူ့ကြောင့် ဆက်ရဲ့အိမ်ထောင်ရေး ပျက်စီးမှာ ကြောက်တယ် ဆိုတာ။ သူနေပြန် ကောင်းသွားလို့ ဆက် ကို မမှတ်မိတော့ရငါ ဒီစကားကို သူလက်ကိုင်တုတ် လုပ်မှာပဲ။

“ဒါကြောင့်ကျမ နတ်ဆရာကိုသွားတွေ့ဖို့ လိုမှာ”

“ဟုတ်ကဲ့ ကျတော်စီစဉ်ထားလိုက်ပါမယ်။”

ဆက် ခေါင်းညိတ်သည်။  သူမ ဘက်က တက်နိုင်သလောက် လုပ်ပေးသွားမှာ။ ယီဏာကို ပြန်ပို့ပေးမှ ယီဏာ အသက်ရှင် နိုင်မှာ။ ဦးနှောက်သေသွားမှ ဆိုရင်။

မတွေးရဲစရာပဲ။ ကိုဒီပါ ထွက်သွားပြီး အတွင်းရေးမှူးတံခါးခေါက်ပြီးဝင်လာသည်။

“ဉက္ကဌ စော ရောက်လာပါတယ်”

ဘယ်လို။ သူမ မျက်လုံးတွေ အရောင် တောက်သွားသည်။ ပြုံးမိတော့ မလို့ဘဲ ကိုယ့်သူကိုယ်ပြန်ထိန်းသည်။ သူမ အသက် သုံးဆယ် ကျော်ပြီ

One to Two ~ Two to One (GL -U+Z)Where stories live. Discover now