Unicode version
Part 11
ယီဏာရယ်။ နင်နဲ့ငါက။
“ဒါက ယီဏာ ပစ္စည်းလေးပါ။ သူနဲ့အတူ ဂေဟာကို ရောက်စက အတူပါလာတာ။
လမ်းဘေးမှာ မိုးစိုပြီးအဖျားတက်နေတဲ့ကလေးကို ကျောင်းကားမောင်းတဲ့ ဦးကျော် ခေါ်လာ ပေးတယ်။
အဖျားကြီးပြီး ဘာမှမေးမရ တာနဲ့ ဂေဟာမှာ ယီဏာ ဆိုတဲ့ နာမည် နဲ့ပဲ စာရင်းသွားထားတယ်။
အခုလို မိသားစုက ပြန်ရှာတွေ့ပြီဆိုတော့ ယီဏာ ပျော်နေတော့မှာပဲ”
စောက ပြုံးရင်း
“ယီဏာ နဲ့ အဆက်အသွယ် ရှိသေးလား”
“သူမရောက်လာတာ အတော်ကြာသွားပြီ။ ဟိုတလောကပဲ မုန်မုန် ရောက်လာပြီး ဒီပစ္စည်းယူသွားတာ။*
စောက ခေါင်းညိတ်ရင်း
“ကျမ ကိုယ်တိုင်ပြောလိုက်မှာမို့ ဘယ်သူ့ ကိုမှ အသိမေပးပါနဲ့အုံးနော်”
ဆိုတော့ ဂေဟာမှူးလက်ခံသည်။ ကျောင်းဝန်းထဲမှာ မိဘမဲ့ဂေဟာ ကိုပါပူးတွဲ ထားရှိထားတာ ဖြစ်သည်။
“ဟုတ်ကဲ့ပါ။ ယီဏာ အတွက် ဝမ်းသာ လွန်းလို့ ။သူ့အတွက် ကောင်းသွားပြီ။”
စော နူတ်ဆက်ပြီးတော့သာ ပြန်ခဲ့သည်။ ကားပေါ်ရောက်တဲ့အချိန် သူမ ဘယ်ကို သွားရမလဲ ဆိုတာ စီစဉ်ထားပြီးသားဖြစ် ဆဲ့အတွက်
“ဦးဆက်ပိုင် ဒီအချိန် ဘယ်မှာ ရှိနိုင်လဲ”
“အိမ်တော်မှာပဲ ရှိပါတယ်။မမလေး။ ဆရာကတော် နေမကောင်းဖြစ်တဲ့အတွက် ခုရက်ပိုင်း ဆရာကြီး အိမ်မှာပဲ အမြဲရှိနေပါတယ်”
စောက ခေါင်းညိတ်ရင်း
“ဒါဆိုရင် အဲဒီကိုပို့ပေး”
“ဟုတ်ကဲ့”
မေမေ ဘာကြောင့် ဆက်ကို လက်ထပ်ဖို့ ပူဆာတော့ သဘောတူခဲ့လဲ ဆိုတာ အခုမှ သေချာသိတော့သည်။
မေမေ ပြောသည့်အတိုင်း ရှင်စောနွယ်ကို ရှာတွေ့တာနဲ့ လက်စဖျောက် ဖို့က ဦးဆက်ပိုင် ရဲ့လူတွေကို ယူသုံးဖို့ လိုနေတာကိုး။
YOU ARE READING
One to Two ~ Two to One (GL -U+Z)
RomanceEntertainment ပိုင်ရှင်နှင့် ရုပ်ရှင်မင်းသမီး ရဲ့ တဖက်သတ်အချစ်။ Bar DJ မယ်လေးနှင့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အားပေးပါအုံးနော်။ Own Creation စစ်စစ်ပါ။😘 vote ment လေးများ မမေ့ပါနဲ့နော်။