Part 36

853 68 2
                                    

Unicode version

Part 36

တရက် တပါတ် နဲ့ တလကုန်လုနီးပါး အချိန်ထိ ဆက် ပြန်ရောက် မလာခဲ့ပါ။ သူမဆေးစစ်ပြီးခဲ့တာ မနက်ဖန် ဆိုရင်လေး ကြိမ် ပြည့်ပြီ။

အခြေအနေ အများကြီးတိုးတက်လာပေ မယ့် သတိထားရမယ့် အနေအထားလေးတွေ ရှိပါသေးတယ်။ သူမ သစ်လုံးအိမ်လေးထဲမှာ ပဲ နေဖြစ်တာ များတယ်။

စာဖတ်တယ်။ သီချင်းနားထောင်တယ်။ သူမ နေကောင်းရင် ရှေ့ဆက်ရမယ့် အခြေအနေ တခုကို ကြိုတင် Plan ချနေ တယ်။

DJ ယီဏာ တယောက် ပျောက်ကွယ် သွားနိုင် တယ် ဆိုတာ မဖြစ်စေရပါဘူး။ NTKS ရှေ့မှာ ဆန္ဒ ပြတဲ့သူတွေက ယခုချိန်ထိ ရှိနေပါသေး တယ်။

ဉက္ကဌ ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ တောင်းဆိုနေကြသည်။ ပြီးတော့့ စော ကိုတောင်းပန်ဖို့တဲ့။

နောက်ထပ် ထူးခြားတာ တခုက မနေ့ကပဥ ဒီအိမ်ကို ရဲတွေရောက်လာသည့် ကိစ္စပါ။  ဆက် နဲ့တွေ့ဆုံဖို့ ရောက်ရှိလာတာပါ ဆိုတဲ့ ရဲ အရာရှိနှင့် နောက်လိုက်တချို့။

ဘယ်သူ့ကို ဖုန်းဆက်ရမယ်မှန်းမသိတော့ ဒီအတိုင်းပဲ ပီးသွားသည်။ ဆက် ထွက်သွားတဲ့နေ့ကတည်းက ဆက်ရဲ့ ဖုန်းက ခေါ်မရတော့သလို။ ကိုဒီပါကိုလဲ ဆက် သွယ်မရခဲ့ပေ။
“ယီဏာ”

အိမ်အောင်ဘက်မှ ခေါ်သံ။ ယီဏာ ခေါင်း ထောင်သွားသည်။ လက်ထဲက စာအုပ်ကို ဘေးချပြီး ဘေးနားကပြတင်းကို ဖွင့်ကြည့် သည်။ မုန်မုန် ရောက်နေတာပင်။

“ဧည့်သည်လာတယ်။ နင်နဲ့တွေ့မယ်တဲ့”
ဘယ်သူတွေလဲ။ ရဲတွေပဲလား။

“အင်းအင်း။ဆင်းခဲ့မယ်”

ယီဏာ အိမ်ထဲကနေ အမြန် ထွက်လာခဲ့ သည်။ မုန်မုန် ကစောင့်နေဆဲမို့ အတူတူ ထွက်လာသာ်။
“ဘယ်သူလဲ မုန်”

ဆိုတော့ မုန်မုန်က ရှေ့ကို မေးငေါ့ပြသည်။ မာဖီးယားခေါင်းဆောင် ဦးဆက်ပိုင်ပါ။ ထို့ကြောင့် နည်းနာ်း ထိတ်သွားသည်။

သူ မလာဘဲ သူ့ရဲ့အဖေ ရောက်လာတာ ဆိုတော့။ သူမ အနီးနားရောက်တော့ ဦးညွှတ် နူတ်ဆက်သည်။

“နေကောင်းရဲ့လား။”

“ဟုတ်ကဲ့”

ဦးဆက်ပိုင်က

“ဦးနဲ့ တနေရာ လိုက်ခဲ့လို့ အဆင်ပြေ မလား”

မုန်မုန်ကို လှည့်ကြည့်လိုက်သည်။ ချက်ချင်း ပြန်မဖြေနိုင်သည့်အတွက်။

“ဆက် အကြောင်းပြောချင်တယ်။ သူနဲ့လဲ တွေ့ပေးချင်တယ်”

ယီဏာ ခေါင်းညိတ်သည်။‌ေတွ့ချင်တယ်ဆို‌ေတာ့ သူလာမတွေ့နိုင်တဲ့သဘောပေါ့
“ဟုတ်ကဲ့ရှင့်”

သူ့အတွက် ောခြေအနေ တခုကို ရောက် နေမယ် ဆိုတာ သိလိုက်သည်။

“သွားမယ်”

&&&&&&&

သူမကို ခေါ်သွားတဲ့နေရာက ဦးဆက်ပိုင်ရဲ့ အိမ် မဟုတ်သလို။ ဆေးရုံလဲ မဟုတ်ပါ။ ခြံဝန်းကျယ်တခု။

One to Two ~ Two to One (GL -U+Z)Where stories live. Discover now