Part 38

811 60 4
                                    

Unicode version

Part 38

“ဆက် ပြောလို့သိပြီးပြီထင်ပါတယ်။”
ဆက်မပြောခင်ကတည်းက သိခဲ့တာပါ။ သူမက စော နဲ့ ညီအမ တွေဆိုတာ။ အခုလို မျက်နှာချင်းဆိုင်တွေ့တော့ နည်းနည်း ၊ ဦးဘုန်းကြွယ် စံအိမ် အတွင်းဘက်မှ ဧည့်ခန်းကို တချက် ကြည့်ပြီး

“အချိန်တွေအရမ်းကြာသွားပြီး မရှိတော့ဘူးပဲ ထင်ခဲ့တယ်။ သိပ်မကြာသေးခင်က ဆက် ပြောလို့ ပြန် စုံစမ်းကြည့်တဲ့အခါ အခုလိုသမီး အသက်ရှင် နေသေးတယ်ဆိုတာ သိလိုက်ရတယ်၊သမီး နေကောင်းရဲ့လား”

ယီဏာ ကခေါင်းညိတ်ပြီး။

“ဟုတ်ကဲ့”

“သမီးအမေလဲ သမီးကို တွေ့ချင် နေလောက် ပြီ။ သမီးထွက်သွားကတည်း က စိတ်မနှံ့ တဲ့အခြေအနေ ကိုရောက် ခဲ့ရတယ်။ ဒါပေမယ့် အခုထိ ကုသလိူ့ မကသေးဘူး။
ဖြစ်နိုင်မယ်ဆိုရင် ပြန်လာစေချင်တယ်”

ယီဏာက

“ဒီကနေ ဆက်ရဲ့ခွင့်ပြုချက် မရဘဲ ထွက် လို့မရပါဘူး။ ဒါကြောင့် ပြန်လိုက်ဖို့ အဆင်မ‌ပြေ သေးပါဘူး”

ဦးဘုန်းကြွယ်က အသံနှိမ့်ပြီး

“တကယ်တော့ သမီးကို ဖေဖေ ပြန် ခေါ်သွားမယ် ဆိုရင် ဘယ်သူမှ တားမြစ်ခွင့် မရှိဘူး။ သမီးက ဖေဖေ တို့ မိသားစု ဝင် ဖြစ်နေတဲ့အတွက် ကြောင့် ဆက် လဲတားခွင့် မရှိဘူး။
ပြီးတော့ ဆက်နဲ့သမီးက လက်ထပ်ထားတာ မဟုတ်ဘူး”

ယီဏာ စိတ်မကြည်မလင် ဖြစ်မိသည်။ ဘာကြောင့် ဆိုတော့ သူမရဲ့ အဖေ ဆိုတာ သိလျက်နဲ့ စိတ်ရင်းနဲ့ပြောနေတဲ့စကား လို့ မှတ်ယူမရတဲ့ အတွက် ဖြစ်သည်။

သူမလို့ ဘာကြောင့်သေချာနေလဲ။ ဆက် ကသူမကို အဲမိသားစုရဲ့သမီးအရင်းပါ လို့ သွားပြောထားတာလဲ မဟုတ်ရပါ။
ပြီးတော့

“ဆက် နဲ့လက်ထပ်ထားတာ မဟုတ်ပေ မယ့်။ ကျမကို သူပိုင်ဆိုင်ထားပြီးပါပြီ။”

ဦးဘုန်းကြွယ် မျက်ခုံးကွေးညွှတ်သွားသည်။ ကြိုက်ပုံမရ။ ထို့ကြောင့်ပဲ။ ယီဏာက

“စောရဲ့သတင်းကြားရတာ စိတ်မကောင်း ပါဘူး။ ကျမ ပြန်လာဖို့က မဖြစ်နိုင်ဖို့ များ ပါတယ်။ အချိန် တွေလဲ ကြာသွားပြီ။ ပြီးတော့ တယောက်တည်းလဲ နေတက်ပါပြီ”

“သမီးမေမေကို မတွေ့ချင်ဘူးလား”

ဆိုတော့ ယီဏာ နူတ်ဆိတ်သွားသည်။ မေမေ့ကို တွေ့ချင်တာပေါ့။ ဒါပေမယ့် သူမ သတိထားရမယ်။ ဆက် ကိုပဲ ယုံကြည်ရ လိမ့်မယ်။

ထို့ကြောင့်

“တချိန်ချိန် တော့ လာတွေ့ပါမယ်။ ပြန်လာဖို့ကတော့ မသေချာပါဘူး။”
ဦးဘုန်းကြွယ်က

“သမီးရဲ့ညီမကို ဆက် တို့ လုပ်ကြံ လိုက် တယ်ဆိုတာ မသိ၍များ အခုလို ဆုံးဖြတ် လိုက်တာလား”

ယီဏာ စောကို မသနားပါဘူး။ ဝမ်းလဲ မသာ ဘူး။ဒါပေမယ့် ဆက် တို့ဘက်ကလဲ အကြောင်းမရှိဘဲ အခုလို လုပ်တာ မဟုတ်။ သူမရဲ့ အဖေ ဆိုတာသိပေမယ့် သူမ ပြန်မပြောဘဲ နူတ်ဆိတ်နေတော့သည်။

“ အချစ်ကြောင့် မျက်စိကန်းနေပြီထင် တယ်”

ယီဏာ က အသက်မှန်မှန်ရူရင်း

“ကျမ လာဖြစ်ရင် ဆက်သွယ်လိုက်ပါ မယ်”
သူမရဲ့အဖေ အစစ်အမှန်လား။ ဖြစ်နိုင် ရဲ့လား။ ဦးဘုန်းကြွယ်ပြန်သွားပြီးနောက်။ ယီဏာ တယောက်ထဲ နေရာမှာ ထိုင်နေသည်။ သူမရဲ့ ဖခင် အစစ်အမှန်ပါ။

One to Two ~ Two to One (GL -U+Z)Where stories live. Discover now