Unicode version
Part 17
မျက်နှာချင်းဆိုင် ညနေစာ စားရင်း
“ဉက္ကဌ”ဆက် သူ့ကိုလှမ်းကြည့်လာသည်။ ယီဏာက
“ကျမ သိချင်တာ တခုရှိတယ်”နေသင်္ခရာဆက် ဇွန်းခရင်းကို ဘေးဘက်ချလိုက်သည်။ ယီဏာက
“ရှင်ေစာယွန်းကို ဘာလို့လက်ထပ်ခဲ့တာလဲ။ ဒီနေ့ ဉက္ကဌ ရဲ့ စာကြည့်ခနိးထဲက Video File တွေအရဆိုရင် ရှင်စောယွန်း နာမည်ပျက် အောင် တမငိကြံစည် ခဲ့တယ် ဆိုတာ သေချာတယ်။
ဉက္ကဌ ရှင်စောယွန်းအပေါ် ဘယ်လိုအညိုးတွေရှိနေတာလဲ။ VS မှာဆိုလဲ အများက သဘောကျတဲ့ စုံတွဲ။ သိထားကြတာလဲ အရမ်းချစ်ကြတယ်ပေါ့။ ဒီနေ့သိလိုက်ရတဲ့အတိုင်းဆိုရင် ဆန့်ကျင် ဘက်တွေပဲ။ "
ဆက်က
“မင်းမသိဘူးဆိုတာ ကဘာသဘောလဲ။ ငါဘာကြောင့် မင်းကို လက်ထပ်ခဲ့ရတလဲ ဆိုတာ မင်းအသိဆုံးလေ။”
ဒါပေမယ့် ယီဏာမှမသိတာ။ ယီဏာ နူတ် ဆိတ်နေလိုက်တော့သည်။
“အတိတ်မေ့ယောင်ဆောင်နေတာ မပင်ပန်းဘူးလား။ ဆရာဝန်ကိုယ်တိုင် အတည် ပြုထားတာ။
နှစ်ထပ်လောက်ကနေ ခုန်ချပြီးသတ်သေတာ ကြီးကြီးမားမား ဘာဒဏ်ရာမှ မရသွားတာ မဟုတ်ဘူး။ လူတိုင်းကို လိမ်လို့ရမယ်။ ငါ့ကိုတော့မရ ဘူး”
ဒေါသထွက်ပြီး
“ဘုန်း”
စာပွဲကို တချက်ပုတ်ကာ စားနေရင်းက ဆက်မစားတော့ဘဲ လှည့်ထွက် သွားတော့သည်။ တကယ်လဲမသိလို့မေး တာကို။
စိတ်ချည်းပဲ။
ဟူး။ အရှေ့မှ စားကောင်းသောက်ဖွယ်များ ကို ဒီအတိုင်းမထားခဲ့နိုင်ဘူး။ စားရမယ်။ သူ့ သူ။စိတ်တိုတို ရှည်ရှည်။ ယီဏာနဲ့မဆိုင်။
စားဖို့သာ အဓိက။ဆက် အပေါ်ထပ်ရောက်မှ ပြန်လှည့်ကြည့် တော့ ဟိုက အစားအသောက်ပင် မပျက်။ အေးဆေးပဲ။
ဆက် အံကြိတ်ထားသည်။ ကွာရှင်းချင်လို့ တမင်ဖန်တီးကာမှ ဘာတွေလွဲနေတာလဲ။ ဖေဖေဝင်ရူတ်တာနဲ့။ ဒီ ရှင်စောယွန်းနဲ့။
YOU ARE READING
One to Two ~ Two to One (GL -U+Z)
RomanceEntertainment ပိုင်ရှင်နှင့် ရုပ်ရှင်မင်းသမီး ရဲ့ တဖက်သတ်အချစ်။ Bar DJ မယ်လေးနှင့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အားပေးပါအုံးနော်။ Own Creation စစ်စစ်ပါ။😘 vote ment လေးများ မမေ့ပါနဲ့နော်။