Unicode version
Part 39
ယီဏာ။
ဒေါ်ချိုစင်နွယ်ရဲ့ ဘေးမှာ ထိုင်ရင်း သူမရဲ့ လက်ကို ဖွဖွလေးကိုင်ထားသည့်အတိုင်း ငြိမ်ပြီးကြည့်နေသည်။
ဘာရယ်မသိ။ သူမကို ဘယ်သူဘယ်ဝါ ဆိုတာ မသိပါပဲ။ ရင်းရင်းနှီးနှီး ဖြင့် ငေးကြည့်နေသည့် အချိန်လေးတွေကို ယီဏာ တန်ဖိုးထားရမည်။ မည်သည့်စကား တခွန်းမှ မပြောပဲ။
“သမီး။ တည လောက် အတူတူနေသွား ပါလား။”
ယီဏာက
“မနေတော့ပါဘူး။ မကြာခဏ လာခဲ့လို့ အဆင်ပြေမယ်ထင်ပါတယ်”
“ဒါဆိုရင် ခဏခဏ လာခဲ့နော်။ သမီးမေမေ ရဲ့အခြေအနေက တမျိုးမဟုတ် တမျိုးထူးခြားလာနိုင်တယ်”
ယီဏာ သက်ပြင်းချလိုက်သည်။ မေမေ့ ကို ပွေ့ဖက်ထားရင်း မည်သို့ပြန်ဖြေရမည် ကို သူမ နည်းနည်းလေးမှ မစဉ်းစားပေ။
ဒီကနေ ပြန်ဖို့က ရှိသေးတယ်။
“သမီးနေခဲ့တဲ့အခန်းလေးကို ပြန်ပြင်ဆင် ထားတယ်။ အချိန်ရရင် တက်ကြည့်လိုက် နော်”
“ဟုတ်ကဲ့”
ဦးတင့်ကြွယ်က သက်ပြင်းချရင်း
“ကဲ ရောက်တုန်းရောက်ခိုက် အဆင်ပြေသလိုနေ။ ဖေဖေ နေ့လည်စာ စီစဉ် လိုက်အုံးမယ်”
ဦးတင့်ကြွယ် ထွက်သွားတော့မှ မေမေက သူမ ပုခုံးပေါ် ခေါင်းမှီလာသည်။ အိပ်ချင်၍ လားမသိ။
“မေမေအိပ်တော့မလား။ ယီဏာ လိုက်ပို့ ပေးမယ်”
“ကျွန်တော်ကူညီပါမယ်”
ယီဏာက ဆက် ထည့်ပေးထားသည့် သက်တော်စောင့်ရဲ့အကူအညီကိုဟန့်တား ရင်း
“ရပါတယ်။ ဒီအခန်းထဲတင်ပဲ”
ဧည့်ခန်းနှင့်ကပ်လျက် အခန်း ထဲသို့ တွဲခေါ်ပြီး ဝင်သည်။ ကုတင်ပေါ် လှဲချပေး ပြီး စောင်လွှားတင်ပေးတော့ ချက်ချင်းပဲ အိပ်သွားသည်။
ယီဏာ သက်ပြင်းချလိုက်သည်။ သူမကို မမှတ်မိပါဘူး။ သို့ပေမယ့် အသိစိတ်လေး ကြောင့်သာ သူမကိုခင်တွယ်နေသည်။ နောက်တကြိမ် ဒီကိုပြန်လာဖို့ ဆက်ခွင့်ပြု ပါ့မလားမသိပေမယ့်။
သူမကြိုးစားကြည့်ရအုံးမည်။ ကုတင်ဘေးမှ ထောင်ထားသော ဓါတ်ပုံလေး။ သူမနှင့် မေမေ အတူတူတွဲ ရိုက်ထားသည့် ငယ်ငယ်ကပုံလေး။
သူမ လှမ်းယူပြီး ကြည့်သည်။ မေမေရဲ့ ရုပ်သွင်ပြင်က အတော်ကို ကွဲပြားသွားလေပြီ။ ဆင်တူသည်ဟုသာ ဆိုရတော့မည်။ လောကဓံရဲ့ ရိုက်ပုဒ်မှု့ကြောင့်မဟုတ်ရင်။ အရမ်းနဲ့ ချောမောတဲ့အမျိုးသမီးအဖြစ်တည်ရှိ နေအုံးမည်သာ။
ဟုတ်သားပဲ။ သူမ အခန်းကိုပြန်ပြင် ဆင်ထား တယ်လို့ဖေဖေကပြောတယ်။ အခန်းထဲကပြန်ထွက်လာသည်။ အပေါ်ထပ်ကို တက်လာသည့်အချိန် သူမ နောက်မှ သက်တော်စောင့်နှစ်ယောက် ပါလာပြီး အခန်းထဲဝင်ခါနီးမှ
“မလိုက်ခဲ့တော့နဲ့နော်။ အခန်းထဲတင်ပဲ”
“ဟုတ်ကဲ့”
တကယ်တော့ သူမရဲ့ personal. ခံစားချက်ကို တခြားသူတွေမသိစေချင် သည့်အတွက် ကြောင့် သူမတယောက်ထဲအခန်းထဲဝင်လာသည်။ ကလေးတယောက် အတွက် ပြည့်စုံလွန်းတဲ့ အိပ်ခန်းလေးပါ။
အပန်းရောင်အခန်းလေးဆိုလဲ မမှားပါဘူး။ ထိုစဉ်ပဲ။ သူမကျောဘက်တံခါးဘေးမှ အသံတခုကြား လိုက်၍ လှည့်ကြည့်ရာ LED screen တခုက အလိုအလျှောက်စနစ်ဖြင့် တံခါးပွင့်လာသည့် နံရံပေါ် တွင် အသင့်ရှိ နေသည်။
သူမ အထူးအဆန်းတဖွယ်ကြည့်နေစဉ်ပဲ
ထို LED ပေါ်တွင် တချိန်က အဖြစ်အပျက် လေးတချို့ရဲ့Video file က display ဖြစ်နေသည်။ သူမ မွေးနေ့ပဲလား။ တချိနိကအဖြစ်အပျက်လေးတွေပဲ။ သူမ မမှတ်မိတော့တဲ့ တစိတ်တပိုင်းလေးများ ပင်။
သူမ မွေးနေ့ပွဲပြီးသည့်နောက်ထပ် File တခုက။
“နွယ်လေးကို ဘယ်ပို့လိုက်လဲ။ ဘယ်ကိုပို့ လိုက်တာလဲ”
ဟင်။ ဘာလဲ။ ဒေါ်ကြည်ဖြူနှင့် မေမေ။
“ဘာဖြစ်တာလဲ မမနွယ်။ နွယ်လေးကို ဖြူက ဘာလုပ်လို့လဲ”
“ဘာဖြစ်ရမှာလဲ။ နွယ်လေး ပျောက်သွားတာ ဘယ်သူ့ကြောင့်လဲ။ ရှင့်ကြောင့်လေ။ ကျမ မသိဘူးထင်နေ လား။”
“သက်သေမရှိဘဲမစွပ်စွဲပါနဲ့ မမနွယ်။ မမနွယ်ကို လေးလေးစားစားနဲ့ဆက်ဆံပေး ခဲ့တာကို အနိုင်မကျင့်ချင်ပါနဲ့”
မေမေက
“ကလေးကိုသံချောင်းနဲ့ထိုးခဲ့တာကကော။ ကျွန်မမှာ CCTV recordရှိတယ်။ အခု ကလေးပြောက်သွားတာနဲ့ပါတ်သတ်ပြီး။ အိမ်ထဲကနေ ရှင်ခေါ်ထုတ်သွားတာ မသိအောင် မှတ်တမ်းတွေဖြတ်ထားတယ် မဟုတ်လား။ ဘယ်လိုလုပ်မလဲ ကျွန်မမှာ ရှိနေသေးတယ်။
ဒါကသက်သေမဟုတ်တော့ဘာလဲ”
ထိုစကားကြောင့် ဒေါ်ကြည့်ဖြူမျက်နှာ တွင် လှောင်ပြုံးရိပ်ပေါ်လာသည်။
“ဖြောင်းဖြောင်းဖြောင်း”
မေမေ့ကိုချီးကျူးသည့်သဘောလား။ လက်ခုပ်တီးကာ
“ဒီလောက်သိနေတာကို ဘာကြောင့် အကို့ကို သွားမတိုင်တာလဲ”
မေမေ အံကြိတ်လက်သီးဆုတ်ထားသည်။ ယီဏာ တအံ့တဩ ငေးကြည့်နေသည်။
“ဘာကြောင့်လို့ထင်လဲ”
ဒေါ်ကြည်ဖြူက လက်ပိုက်ပြီး
“ကလေးကိုပြန်ရချင်နေတာမဟုတ်လား။ အခုပဲ အကိုက ချောင်းထဲမှာ ကလေးငယ် တယောက်ရဲ့အလောင်းပေါ်လာတယ်ဆိုတဲ့ သတင်းကြောင့် အလောတကြီးထွက်သွားတာမဟုဝ်လား။ ဘာတွေမျှော်လင့်နေသေးတာလဲ”
“ရှင် ...ရှင် တော်တော်ရက်စက်”
“အားလုံးလဲသိသွားပြီဆိုတော့ မမနွယ်လဲအသက်ရှင်နေဖို့က မဖြစ်နိုင်တော့ဘူးထင်တယ်နော်”
“နင်”
“ခွပ်”
ယီဏာ ခေါင်းတခုလုံးရိုက်ခံရသလို နားအူသွားသည်။ မျက်လုံးလဲ ချက်ချင်းအမှောင်ကျသွားသည်။ နားနှစ်ဖက် ကိုလက်နဲ့ပိတ်ပြီး နောက်ကို တဆုတ်ထဲ ဆုတ်နေရင်း လူတယောက်ကို ဝင်တိုက်မိသည်။
နောက်ကို ချက်ချင်းလှည့်ပြီး မျက်လုံးဖွင့်ကြည့်ရာ
“ဟင်”
ရှင်စောယွန်းနဲ့ ဒေါ်ကြည်ဖြူပါ။ ရှင်စောယွန်းရဲ့သိမ်ငယ်နေသော မျက်ဝန်း တွေကိုတွေ့ရပေမယ့် သူ့အမေ ဒေါ်ကြည်ဖြူကတော့
“ဘယ်လိုလဲ အဖြစ်မှန်သိသွားပြီမဟုတ် လား”
“ရှင်...ရှင် သေသွားပြီ ..မဟုဝ်”
“ဘယ်လိုလုပ်သေမှာလဲ။ နင်တို့ကိုလှည့်စားဖို့ ဒီလောက်လွယ်ရ သလား”
“ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ။ ဒါဆို မေမေ့ကို အခုလို ဖြစ်အောင် လုပ်ခဲ့တဲ့တရားခံကရှင်ပေါ့လေ”
ဒေါ်ကြည်ဖြူက လက်ပိုက်ပြီး ပြုံးသည်။ ခေါင်းတချက်ခါပြီး
“မဟုတ်ဘူး။ နင့်ရဲ့အဖေလဲပါတယ်”
“ဘာ”
မိုးကြိုးပစ်ချခံလိုက်ရသလို သူမ အသေလိုက်ပင် ဖြစ်သွားတော့သည်။
“မဟုတ်ရင် ငါတို့သားအမိကို ဝှက်ထားပေး ပါမလား။ မဟုတ်ရင် နင့်ကို ဒီရောက်လာအောင် မြှားခေါ်ပေးပါ့မလား”
ဖေဖေက။ ဖေဖေကိုယ်တိုင်။ မေမေ့က်ု။ ဘာကြောင့် ဒီလို။ ဒီလို။ သူမတို့သားအမိ အပေါ်။ ဖေဖေကအစ။
သူမတို့ သားအမိအပေါ်ကို ဘာကြောင့် ရက်စက်နိုင် ....။ အတွေးပင်မဆုံးလိုက် နေရာမှာတင် လဲကျသွားခဲ့တော့သည်။
“ဝုန်း”
တဆက်ထဲ တံခါးကန်ဖွင့်သံနှင့်အတူ။ ဝင်လာသူက နေသင်္ခရာဆက်။
မြင်လိုက်ရသည့် မြင်ကွင်းတခုအပေါ် သူမမျက်နှာ တင်းမာသွားသည်။
“ဘယ်လိုလုပ်ရောက်လာတာလဲ”
ဒေါ်ကြည်ဖြူ မျက်စိမျက်နှာပျက်နေတဲ့ အချိန်။ ဆက်က
“သုံးယောက်လုံး ဖမ်းခေါ်သွားလိုက်။နောက်မှရှင်းမယ်”
ပြောပြောဆိုဆိုနှင့် သတိလစ်လဲကျနေသော ယီဏာကို ပွေ့ ချီသည်။ အသက်ပင်ရူသေးရဲ့လား။မသိရသည့် အခြေအနေကြောင့် ဖမ်းခံထားရသည့် ဒေါ်ကြည်ဖြူကို စိုက်ကြည့်ပြီး
“ယီဏာ အခြေအနေပေါ်မူတည်ပြီး မင်းတို့နှစ်ယောက်ရဲ့အသက်ကိုဆုံးဖြတ်မှာဖြစ်တဲ့အတွက် မသေချင်ရင် ဆုတောင်းနေ တာ အကောင်းဆုံးဖြစ်မယ်”
ဒေါ်ကြည်ဖြူက
“ဒါကနင့်ကိုကလဲ့စားချေလိုက်ခြင်းပဲ နေသင်္ခရာဆက်။ ငါ့သမီးအပေါ် နင်ကျူးလွန်ခဲ့တာအတွက်တန်ကြေးပဲ။ ယီဏာ ရဲ့အခြေအနေကို ငါသိပြီးသား။ တချက်ကလေးမှားလို့ မရတဲ့အခြေအနေ မှာ အခုလို ဖြစ်သွားစေခဲ့တာက ငါကြံစည် ထားတဲ့အကြံအစည်ပဲ။ အောင်မြင်တယ် မဟုတ်လား”
ဆက်က
“မင်းတို့နှစ်ယောက်မသေသေးဘူးဆိုတာ ငါသိပြီးသား။ ဒါကမင်းရဲ့ရည်မှန်းထားတဲ့တန်ကြေးဆိုရင် မင်းဆီကပြန်ယူရမယ့် တန်ကြေးကတော့ ဒီထက် တန်ဖိုးကြီးလိမ့်မယ်”
&&&&&&&&&&&
အရေးပေါ်ကုသဆောင်မှာ ရှိနေသည့် ယီဏာ။ မည်သူတဦးတယောက်မှ အခန်းထဲ ဝင်ခွင့်မရှိသည့် အတွက် အခန်းအပြင်ဘက် waiting chair တွင် ထိုင်နေပေမယ့် အသက်ရှိသည်ကိုပင် မထင်ရပေ။ ဒီပါ အနားကိုရောက်လာသည်
“မမလေး။ ဒေါ်ကြည်ဖြူတို့ကို ဘယ်လိုစီစဉ်မလဲ”
ဆက်က သက်ပြင်းတချက်ရှိုက်ရင်း
“အသက်ဆုံးရှုံးစေတာကလွဲရင် ကျန်တာ လုပ်လို့ရတယ်”
ဒီပါခေါင်းညိတ်သည်။ သက်နိုင် အခန်းထဲက ထွက်လာချိန် ဆက် ထရပ်သည်။ နေရာမှာတင်ရပ်နေမိသည်။
သက်နိုင်မျက်နှာအောက်ချထားပြီး ခေါင်းခါ သည်။
ထိုအခါမှာတော့ အရုပ်ကျိုးပျက် နေရာမှာ ပြန်ထိုင်ကျသွားတော့သည်။
“မမလေး”
ဆက် ခုံရဲ့လက်ရန်းကိုကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားရင်း။
“သူ နိုးလာခဲ့မယ်ဆိုရင်တောင် အသက်ရှင်မယ့်ရက်က သိပ်မရှိတော့ဘူး။ အချိန်တိုင်း။နာရီတိုင်း။စက္ကန့်တိုင်းမှာ သူထွက်သွားနိုင်တယ်။ အကယ်၍ဒီညကုန် တဲ့အထိ မနိုးလာခဲ့ရင် စိတ်ကို လက်ခံနိုင် အောင်ပြင်ဆင်ထားပါ။ ဆက်”
ဆက်ရဲ့ ရင်ထဲမှာ ခံစားချက်အမျိုးမျိုးရော ထွေးနေသည်။သူမ ပိုင်ဆိုင်ထားသည့် သူ။မကြာခင်သူမ အနားကထွက်သွားတော့မယ်။ ထို့ကြောင့် ယခုချိန်မှာ သူလုပ်ချင်တာ တခုပဲရှိသည်။ ယခုလိုဖြစ်စေတဲ့တရားခံကို အရှင်လက်လက် နူတ်နူတ်စင်းပစ်ချင် နေခြင်းပင်။ သို့သော်။ လက်သီးဆုတ်ထား ပြီး ထိုနေရာကနေ ထွက်ခွာလာခဲ့တော့ သည်။
&&&&&&&&&&
“ဆက်”
ဆိုသည့် ခေါ်သံကြောင့် သူမ ဖြေးဖြေးချင်း လှည့်ကြည့်လိုက်သည်။ သတိပြန်ဝင်လာပြီဖြစ်သော ယီဏာကို ပြုံးပြလိုက်သည်။ လက်ထဲတွင်တော့ lattop ရှိသည်။ အလုပ်လုပ်နေသည့် အသွင် ဆိုပေမယ့်။
“နိုးပြီလား။ ကောင်းကောင်းအိပ်ပျော် ရဲ့လား”ယီဏာ ရဲ့ ဖျော့တော့ နေတဲ့မျက်နှာ ရယ်။ ဖြူချောက်နေသော နူတ်ခမ်းတစုံရယ်။ သူမကိုငေးကြည့်နေ သည်။
“ကျွန်မ ဘာဖြစ်တာလဲ”
ဆက်က ထိုင်နေသော ဆိုဖာ ပေါ်သို့ Lattop ချထားခဲ့ပီ့း သူမဆီသို့လျှောက်လာ သည်။
“အားနည်းလို့ သတိလစ်သွားရုံပါ။ စိတ်မပူ နဲ့”
ယီဏာ မျက်မှောင်ကုတ်သွားသည်။ သူမပြောတာ ယုံသည်မဟုတ်။
“ဒါဆို ဘာလို့ ခေါင်းက အရမ်းနာနေတာ လဲ”
ဆက် လက်သီးဆုတ်ထားလိုက်တော့သည်။ အခြေအနေ အားလုံးသိထားပြီးဆိုပေမယ့် သူမ ကိုဘာမှမသိစေချင်တော့ပါ။ သူမကို အဖြူထည်သက်သက် ပဲ ထားချင်တော့ သည်။ သူတယောက် ပဲရှိရုံနဲ့လုံလောက် မည့်အချိန်ကိုပဲ ရပ်ထားချင်သည်။
ဆက်က သူမ ဘေးမှဝင်ထိုင်ပြီးလက်လေးကို ဆုတ်ကိုင်ကာ
“မင်း လဲကျနေတာလေ။ ခေါင်းနာမှာပေါ့။ ရှေ့အပါတ်ထဲမှာ ကိုယ်တို့ ပြည်ပကို ခရီး ထွက်မယ်။
မင်းအတွက် ခွဲစိတ်မယ့် ရက်သတ်မှတ် ထားပြီးပြီ။ ဒါကြောင့် မင်းစိတ်ကို လျော့ ထားလိုက်တော့။
သူတို့တွေလဲ အဖမ်းခံလိုက်ရပြီ။ရက်ပိုင်း အတွင်းစီရင်ချက် ချလိမ့်မယ်
ပီ့းတော့ မင်းသိထားတဲ့ ကိစ္စက တချို့ မှားယွင်းနေတယ် ဘာလဲသိလား”
အခြေအနေကြည့်ရုံနှင့် အသက်ဆက်ရှင်မည့် အသွင်လုံးဝ မရှိပေမယ့်။ ဆက်က အပြုံးမပျက်။
“ယီဏာရဲ့ အဖေကိုယ်တိုင် ယီဏာဘက် မှာရှိနေတယ်။ ပြီးတော့ ယီဏာရဲ့ မေမေက အခု ဆေးပြန်ကုနေပြီ။ အားလုံးအဆင်ပြေသွားပြီမို့။ ယီဏာ စိတ်ချ ထားလိုက်တော့”
ဖြေးဖြေးချင်း စိတ်လျော့နေသည်။ သူမ ပြောသမျှ အားလုံးက အရာအားလုံးနှင့် ဆန့်ကျင်ဘက်ပါ။ သူမ ပြုံးနေရင် ယီဏာ ယုံကြည်လိမ့်မည်။
သူမ ဆံနွယ်စများကို ပင့်တင်ပေးရင်း
“မနက်ဖန် ဆေးရုံကဆင်းလို့ရပြီ။ ဆေးရုံက ဆင်းတာနဲ့ခရီးထွက်ကြမယ်။ ဟုတ်ပြီလား။ အပြန်ကျရင် ယီဏာရဲ့ ဖေဖေနဲ့မေမေကို ဝင်တွေ့မယ်နော်”
အရာအားလုံးကပုံပြင်တပုဒ်လို ဖြစ်နေသည့် အတွက် ယီဏာ ခေါင်းပဲ ညိတ်သည်။ သူ ပြုံးနေသည်။ နာကျင်နေ တဲ့ဝေဒနာကို ဖုံးကွယ်ထား၍လား။ အပြုံးက ဝမ်းနည်းမှုတွေ လွှမ်းခြုံ နေသည်။
ကိုယ့်အခြေအနေကို ကိုယ်သာ အသိဆုံး မဟုတ်လား။ မကြာခင် သူမရဲ့ ခရီးလမ်းဆုံးကိုရောကါ တော့မယ် ဆိုတာ။ သိနေပြီးသားပါ။
သို့ပေမယ့်
“ခရီးကဘယ်ကိုလဲ”
ဆက်က
“ဂေါ်ယံဂျီ”
&&&&&&&&&&&&
⏭️⏭️⏭️⏭️⏭️⏭️⏭️To be end
နောက်တပိုင်း ဇာတ်သိမ်းပါမယ်နော်။
Zawgyi Version
Part 39
ယီဏာ။
ေဒၚခ်ိဳစင္ႏြယ္ရဲ့ ေဘးမွာ ထိုင္ရင္း သူမရဲ့ လက္ကို ဖြဖြေလးကိုင္ထားသၫ့္အတိုင္း ၿငိမ္ၿပီးၾကၫ့္ေနသည္။
ဘာရယ္မသိ။ သူမကို ဘယ္သူဘယ္ဝါ ဆိုတာ မသိပါပဲ။ ရင္းရင္းႏွီးႏွီး ျဖင့္ ေငးၾကၫ့္ေနသၫ့္ အခ်ိန္ေလးေတြကို ယီဏာ တန္ဖိုးထားရမည္။ မည္သၫ့္စကား တခြန္းမွ မေျပာပဲ။
“သမီး။ တည ေလာက္ အတူတူေနသြား ပါလား။”
ယီဏာက
“မေနေတာ့ပါဘူး။ မၾကာခဏ လာခဲ့လို႔ အဆင္ေျပမယ္ထင္ပါတယ္”
“ဒါဆိုရင္ ခဏခဏ လာခဲ့ေနာ္။ သမီးေမေမ ရဲ့အေျခအေနက တမ်ိဳးမဟုတ္ တမ်ိဳးထူးျခားလာႏိုင္တယ္”
ယီဏာ သက္ျပင္းခ်လိုက္သည္။ ေမေမ့ ကို ေပြ့ဖက္ထားရင္း မည္သို႔ျပန္ေျဖရမည္ ကို သူမ နည္းနည္းေလးမွ မစဉ္းစားေပ။
ဒီကေန ျပန္ဖို႔က ရိွေသးတယ္။
“သမီးေနခဲ့တဲ့အခန္းေလးကို ျပန္ျပင္ဆင္ ထားတယ္။ အခ်ိန္ရရင္ တက္ၾကၫ့္လိုက္ ေနာ္”
“ဟုတ္ကဲ့”
ဦးတင့္ႂကြယ္က သက္ျပင္းခ်ရင္း
“ကဲ ေရာက္တုန္းေရာက္ခိုက္ အဆင္ေျပသလိုေန။ ေဖေဖ ေန့လည္စာ စီစဉ္ လိုက္အံုးမယ္”
ဦးတင့္ႂကြယ္ ထြက္သြားေတာ့မွ ေမေမက သူမ ပုခံုးေပၚ ေခါင္းမွီလာသည္။ အိပ္ခ်င္၍ လားမသိ။
“ေမေမအိပ္ေတာ့မလား။ ယီဏာ လိုက္ပို႔ ေပးမယ္”
“ကြၽန္ေတာ္ကူညီပါမယ္”
ယီဏာက ဆက္ ထၫ့္ေပးထားသၫ့္ သက္ေတာ္ေစာင့္ရဲ့အကူအညီကိုဟန႔္တား ရင္း
“ရပါတယ္။ ဒီအခန္းထဲတင္ပဲ”
ဧၫ့္ခန္းႏွင့္ကပ္လ်က္ အခန္း ထဲသို႔ တြဲေခၚၿပီး ဝင္သည္။ ကုတင္ေပၚ လွဲခ်ေပး ၿပီး ေစာင္လႊားတင္ေပးေတာ့ ခ်က္ခ်င္းပဲ အိပ္သြားသည္။
ယီဏာ သက္ျပင္းခ်လိုက္သည္။ သူမကို မမွတ္မိပါဘူး။ သို႔ေပမယ့္ အသိစိတ္ေလး ေၾကာင့္သာ သူမကိုခင္တြယ္ေနသည္။ ေနာက္တႀကိမ္ ဒီကိုျပန္လာဖို႔ ဆက္ခြင့္ျပဳ ပါ့မလားမသိေပမယ့္။
သူမႀကိဳးစားၾကၫ့္ရအံုးမည္။ ကုတင္ေဘးမွ ေထာင္ထားေသာ ဓါတ္ပံုေလး။ သူမႏွင့္ ေမေမ အတူတူတြဲ ရိုက္ထားသၫ့္ ငယ္ငယ္ကပံုေလး။
သူမ လွမ္းယူၿပီး ၾကၫ့္သည္။ ေမေမရဲ့ ရုပ္သြင္ျပင္က အေတာ္ကို ကြဲျပားသြားေလၿပီ။ ဆင္တူသည္ဟုသာ ဆိုရေတာ့မည္။ ေလာကဓံရဲ့ ရိုက္ပုဒ္မႈ႔ေၾကာင့္မဟုတ္ရင္။ အရမ္းနဲ႔ ေခ်ာေမာတဲ့အမ်ိဳးသမီးအျဖစ္တည္ရိွ ေနအံုးမည္သာ။
ဟုတ္သားပဲ။ သူမ အခန္းကိုျပန္ျပင္ ဆင္ထား တယ္လို႔ေဖေဖကေျပာတယ္။ အခန္းထဲကျပန္ထြက္လာသည္။ အေပၚထပ္ကို တက္လာသၫ့္အခ်ိန္ သူမ ေနာက္မွ သက္ေတာ္ေစာင့္ႏွစ္ေယာက္ ပါလာၿပီး အခန္းထဲဝင္ခါနီးမွ
“မလိုက္ခဲ့ေတာ့နဲ႔ေနာ္။ အခန္းထဲတင္ပဲ”
“ဟုတ္ကဲ့”
တကယ္ေတာ့ သူမရဲ့ personal. ခံစားခ်က္ကို တျခားသူေတြမသိေစခ်င္ သၫ့္အတြက္ ေၾကာင့္ သူမတေယာက္ထဲအခန္းထဲဝင္လာသည္။ ကေလးတေယာက္ အတြက္ ျပၫ့္စံုလြန္းတဲ့ အိပ္ခန္းေလးပါ။
အပန္းေရာင္အခန္းေလးဆိုလဲ မမွားပါဘူး။ ထိုစဉ္ပဲ။ သူမေက်ာဘက္တံခါးေဘးမွ အသံတခုၾကား လိုက္၍ လွၫ့္ၾကၫ့္ရာ LED screen တခုက အလိုအေလ်ွာက္စနစ္ျဖင့္ တံခါးပြင့္လာသၫ့္ နံရံေပၚ တြင္ အသင့္ရိွ ေနသည္။
သူမ အထူးအဆန္းတဖြယ္ၾကၫ့္ေနစဉ္ပဲ
ထို LED ေပၚတြင္ တခ်ိန္က အျဖစ္အပ်က္ ေလးတခ်ိဳ႕ရဲ့Video file က display ျဖစ္ေနသည္။ သူမ ေမြးေန့ပဲလား။ တခ်ိနိကအျဖစ္အပ်က္ေလးေတြပဲ။ သူမ မမွတ္မိေတာ့တဲ့ တစိတ္တပိုင္းေလးမ်ား ပင္။
သူမ ေမြးေန့ပြဲၿပီးသၫ့္ေနာက္ထပ္ File တခုက။
“ႏြယ္ေလးကို ဘယ္ပို႔လိုက္လဲ။ ဘယ္ကိုပို႔ လိုက္တာလဲ”
ဟင္။ ဘာလဲ။ ေဒၚၾကည္ျဖဴႏွင့္ ေမေမ။
“ဘာျဖစ္တာလဲ မမႏြယ္။ ႏြယ္ေလးကို ျဖဴက ဘာလုပ္လို႔လဲ”
“ဘာျဖစ္ရမွာလဲ။ ႏြယ္ေလး ေပ်ာက္သြားတာ ဘယ္သူ႔ေၾကာင့္လဲ။ ရွင့္ေၾကာင့္ေလ။ က်မ မသိဘူးထင္ေန လား။”
“သက္ေသမရိွဘဲမစြပ္စြဲပါနဲ႔ မမႏြယ္။ မမႏြယ္ကို ေလးေလးစားစားနဲ႔ဆက္ဆံေပး ခဲ့တာကို အႏိုင္မက်င့္ခ်င္ပါနဲ႔”
ေမေမက
“ကေလးကိုသံေခ်ာင္းနဲ႔ထိုးခဲ့တာကေကာ။ ကြၽန္မမွာ CCTV recordရိွတယ္။ အခု ကေလးေျပာက္သြားတာနဲ႔ပါတ္သတ္ၿပီး။ အိမ္ထဲကေန ရွင္ေခၚထုတ္သြားတာ မသိေအာင္ မွတ္တမ္းေတျြဖတ္ထားတယ္ မဟုတ္လား။ ဘယ္လိုလုပ္မလဲ ကြၽန္မမွာ ရိွေနေသးတယ္။
ဒါကသက္ေသမဟုတ္ေတာ့ဘာလဲ”
ထိုစကားေၾကာင့္ ေဒၚၾကၫ့္ျဖဴမ်က္ႏွာ တြင္ ေလွာင္ၿပံဳးရိပ္ေပၚလာသည္။
“ေျဖာင္းေျဖာင္းေျဖာင္း”
ေမေမ့ကိုခ်ီးက်ူးသၫ့္သေဘာလား။ လက္ခုပ္တီးကာ
“ဒီေလာက္သိေနတာကို ဘာေၾကာင့္ အကို႔ကို သြားမတိုင္တာလဲ”
ေမေမ အံႀကိတ္လက္သီးဆုတ္ထားသည္။ ယီဏာ တအံ့တဩ ေငးၾကၫ့္ေနသည္။
“ဘာေၾကာင့္လို႔ထင္လဲ”
ေဒၚၾကည္ျဖဴက လက္ပိုက္ၿပီး
“ကေလးကိုျပန္ရခ်င္ေနတာမဟုတ္လား။ အခုပဲ အကိုက ေခ်ာင္းထဲမွာ ကေလးငယ္ တေယာက္ရဲ့အေလာင္းေပၚလာတယ္ဆိုတဲ့ သတင္းေၾကာင့္ အေလာတႀကီးထြက္သြားတာမဟုဝ္လား။ ဘာေတြေမ်ွာ္လင့္ေနေသးတာလဲ”
“ရွင္ ...ရွင္ ေတာ္ေတာ္ရက္စက္”
“အားလံုးလဲသိသြားၿပီဆိုေတာ့ မမႏြယ္လဲအသက္ရွင္ေနဖို႔က မျဖစ္ႏိုင္ေတာ့ဘူးထင္တယ္ေနာ္”
“နင္”
“ခြပ္”
ယီဏာ ေခါင္းတခုလံုးရိုက္ခံရသလို နားအူသြားသည္။ မ်က္လံုးလဲ ခ်က္ခ်င္းအေမွာင္က်သြားသည္။ နားႏွစ္ဖက္ ကိုလက္နဲ႔ပိတ္ၿပီး ေနာက္ကို တဆုတ္ထဲ ဆုတ္ေနရင္း လူတေယာက္ကို ဝင္တိုက္မိသည္။
ေနာက္ကို ခ်က္ခ်င္းလွၫ့္ၿပီး မ်က္လံုးဖြင့္ၾကၫ့္ရာ
“ဟင္”
ရွင္ေစာယြန္းနဲ႔ ေဒၚၾကည္ျဖဴပါ။ ရွင္ေစာယြန္းရဲ့သိမ္ငယ္ေနေသာ မ်က္ဝန္း ေတြကိုေတြ့ရေပမယ့္ သူ႔အေမ ေဒၚၾကည္ျဖဴကေတာ့
“ဘယ္လိုလဲ အျဖစ္မွန္သိသြားၿပီမဟုတ္ လား”
“ရွင္...ရွင္ ေသသြားၿပီ ..မဟုဝ္”
“ဘယ္လိုလုပ္ေသမွာလဲ။ နင္တို႔ကိုလွၫ့္စားဖို႔ ဒီေလာက္လြယ္ရ သလား”
“ဘယ္လိုလုပ္ ျဖစ္ႏိုင္တာလဲ။ ဒါဆို ေမေမ့ကို အခုလို ျဖစ္ေအာင္ လုပ္ခဲ့တဲ့တရားခံကရွင္ေပါ့ေလ”
ေဒၚၾကည္ျဖဴက လက္ပိုက္ၿပီး ၿပံဳးသည္။ ေခါင္းတခ်က္ခါၿပီး
“မဟုတ္ဘူး။ နင့္ရဲ့အေဖလဲပါတယ္”
“ဘာ”
မိုးႀကိဳးပစ္ခ်ခံလိုက္ရသလို သူမ အေသလိုက္ပင္ ျဖစ္သြားေတာ့သည္။
“မဟုတ္ရင္ ငါတို႔သားအမိကို ဝွက္ထားေပး ပါမလား။ မဟုတ္ရင္ နင့္ကို ဒီေရာက္လာေအာင္ ျမႇားေခၚေပးပါ့မလား”
ေဖေဖက။ ေဖေဖကိုယ္တိုင္။ ေမေမ့က္ု။ ဘာေၾကာင့္ ဒီလို။ ဒီလို။ သူမတို႔သားအမိ အေပၚ။ ေဖေဖကအစ။
သူမတို႔ သားအမိအေပၚကို ဘာေၾကာင့္ ရက္စက္ႏိုင္ ....။ အေတြးပင္မဆံုးလိုက္ ေနရာမွာတင္ လဲက်သြားခဲ့ေတာ့သည္။
“ဝုန္း”
တဆက္ထဲ တံခါးကန္ဖြင့္သံႏွင့္အတူ။ ဝင္လာသူက ေနသခၤရာဆက္။
ျမင္လိုက္ရသၫ့္ ျမင္ကြင္းတခုအေပၚ သူမမ်က္ႏွာ တင္းမာသြားသည္။
“ဘယ္လိုလုပ္ေရာက္လာတာလဲ”
ေဒၚၾကည္ျဖဴ မ်က္စိမ်က္ႏွာပ်က္ေနတဲ့ အခ်ိန္။ ဆက္က
“သံုးေယာက္လံုး ဖမ္းေခၚသြားလိုက္။ေနာက္မွရွင္းမယ္”
ေျပာေျပာဆိုဆိုႏွင့္ သတိလစ္လဲက်ေနေသာ ယီဏာကို ေပြ့ ခ်ီသည္။ အသက္ပင္ရူေသးရဲ့လား။မသိရသၫ့္ အေျခအေနေၾကာင့္ ဖမ္းခံထားရသၫ့္ ေဒၚၾကည္ျဖဴကို စိုက္ၾကၫ့္ၿပီး
“ယီဏာ အေျခအေနေပၚမူတည္ၿပီး မင္းတို႔ႏွစ္ေယာက္ရဲ့အသက္ကိုဆံုးျဖတ္မွာျဖစ္တဲ့အတြက္ မေသခ်င္ရင္ ဆုေတာင္းေန တာ အေကာင္းဆံုးျဖစ္မယ္”
ေဒၚၾကည္ျဖဴက
“ဒါကနင့္ကိုကလဲ့စားေခ်လိုက္ျခင္းပဲ ေနသခၤရာဆက္။ ငါ့သမီးအေပၚ နင္က်ူးလြန္ခဲ့တာအတြက္တန္ေၾကးပဲ။ ယီဏာ ရဲ့အေျခအေနကို ငါသိၿပီးသား။ တခ်က္ကေလးမွားလို႔ မရတဲ့အေျခအေန မွာ အခုလို ျဖစ္သြားေစခဲ့တာက ငါႀကံစည္ ထားတဲ့အႀကံအစည္ပဲ။ ေအာင္ျမင္တယ္ မဟုတ္လား”
ဆက္က
“မင္းတို႔ႏွစ္ေယာက္မေသေသးဘူးဆိုတာ ငါသိၿပီးသား။ ဒါကမင္းရဲ့ရည္မွန္းထားတဲ့တန္ေၾကးဆိုရင္ မင္းဆီကျပန္ယူရမယ့္ တန္ေၾကးကေတာ့ ဒီထက္ တန္ဖိုးႀကီးလိမ့္မယ္”
&&&&&&&&&&&
အေရးေပၚကုသေဆာင္မွာ ရိွေနသၫ့္ ယီဏာ။ မည္သူတဦးတေယာက္မွ အခန္းထဲ ဝင္ခြင့္မရိွသၫ့္ အတြက္ အခန္းအျပင္ဘက္ waiting chair တြင္ ထိုင္ေနေပမယ့္ အသက္ရိွသည္ကိုပင္ မထင္ရေပ။ ဒီပါ အနားကိုေရာက္လာသည္
“မမေလး။ ေဒၚၾကည္ျဖဴတို႔ကို ဘယ္လိုစီစဉ္မလဲ”
ဆက္က သက္ျပင္းတခ်က္ရိႈက္ရင္း
“အသက္ဆံုးရႈံးေစတာကလြဲရင္ က်န္တာ လုပ္လို႔ရတယ္”
ဒီပါေခါင္းညိတ္သည္။ သက္ႏိုင္ အခန္းထဲက ထြက္လာခ်ိန္ ဆက္ ထရပ္သည္။ ေနရာမွာတင္ရပ္ေနမိသည္။
သက္ႏိုင္မ်က္ႏွာေအာက္ခ်ထားၿပီး ေခါင္းခါ သည္။
ထိုအခါမွာေတာ့ အရုပ္က်ိဳးပ်က္ ေနရာမွာ ျပန္ထိုင္က်သြားေတာ့သည္။
“မမေလး”
ဆက္ ခံုရဲ့လက္ရန္းကိုက်စ္က်စ္ပါေအာင္ ဆုတ္ကိုင္ထားရင္း။
“သူ ႏိုးလာခဲ့မယ္ဆိုရင္ေတာင္ အသက္ရွင္မယ့္ရက္က သိပ္မရိွေတာ့ဘူး။ အခ်ိန္တိုင္း။နာရီတိုင္း။စကၠန႔္တိုင္းမွာ သူထြက္သြားႏိုင္တယ္။ အကယ္၍ဒီညကုန္ တဲ့အထိ မႏိုးလာခဲ့ရင္ စိတ္ကို လက္ခံႏိုင္ ေအာင္ျပင္ဆင္ထားပါ။ ဆက္”
ဆက္ရဲ့ ရင္ထဲမွာ ခံစားခ်က္အမ်ိဳးမ်ိဳးေရာ ေထြးေနသည္။သူမ ပိုင္ဆိုင္ထားသၫ့္ သူ။မၾကာခင္သူမ အနားကထြက္သြားေတာ့မယ္။ ထို႔ေၾကာင့္ ယခုခ်ိန္မွာ သူလုပ္ခ်င္တာ တခုပဲရိွသည္။ ယခုလိုျဖစ္ေစတဲ့တရားခံကို အရွင္လက္လက္ ႏူတ္ႏူတ္စင္းပစ္ခ်င္ ေနျခင္းပင္။ သို႔ေသာ္။ လက္သီးဆုတ္ထား ၿပီး ထိုေနရာကေန ထြက္ခြာလာခဲ့ေတာ့ သည္။
&&&&&&&&&&
“ဆက္”
ဆိုသၫ့္ ေခၚသံေၾကာင့္ သူမ ေျဖးေျဖးခ်င္း လွၫ့္ၾကၫ့္လိုက္သည္။ သတိျပန္ဝင္လာၿပီျဖစ္ေသာ ယီဏာကို ၿပံဳးျပလိုက္သည္။ လက္ထဲတြင္ေတာ့ lattop ရိွသည္။ အလုပ္လုပ္ေနသၫ့္ အသြင္ ဆိုေပမယ့္။
“ႏိုးၿပီလား။ ေကာင္းေကာင္းအိပ္ေပ်ာ္ ရဲ့လား”ယီဏာ ရဲ့ ေဖ်ာ့ေတာ့ ေနတဲ့မ်က္ႏွာ ရယ္။ ျဖဴေခ်ာက္ေနေသာ ႏူတ္ခမ္းတစံုရယ္။ သူမကိုေငးၾကၫ့္ေန သည္။
“ကြၽန္မ ဘာျဖစ္တာလဲ”
ဆက္က ထိုင္ေနေသာ ဆိုဖာ ေပၚသို႔ Lattop ခ်ထားခဲ့ပီ့း သူမဆီသို႔ေလ်ွာက္လာ သည္။
“အားနည္းလို႔ သတိလစ္သြားရံုပါ။ စိတ္မပူ နဲ႔”
ယီဏာ မ်က္ေမွာင္ကုတ္သြားသည္။ သူမေျပာတာ ယံုသည္မဟုတ္။
“ဒါဆို ဘာလို႔ ေခါင္းက အရမ္းနာေနတာ လဲ”
ဆက္ လက္သီးဆုတ္ထားလိုက္ေတာ့သည္။ အေျခအေန အားလံုးသိထားၿပီးဆိုေပမယ့္ သူမ ကိုဘာမွမသိေစခ်င္ေတာ့ပါ။ သူမကို အျဖဴထည္သက္သက္ ပဲ ထားခ်င္ေတာ့ သည္။ သူတေယာက္ ပဲရိွရံုနဲ႔လံုေလာက္ မၫ့္အခ်ိန္ကိုပဲ ရပ္ထားခ်င္သည္။
ဆက္က သူမ ေဘးမွဝင္ထိုင္ၿပီးလက္ေလးကို ဆုတ္ကိုင္ကာ
“မင္း လဲက်ေနတာေလ။ ေခါင္းနာမွာေပါ့။ ေရ႔ွအပါတ္ထဲမွာ ကိုယ္တို႔ ျပည္ပကို ခရီး ထြက္မယ္။
မင္းအတြက္ ခြဲစိတ္မယ့္ ရက္သတ္မွတ္ ထားၿပီးၿပီ။ ဒါေၾကာင့္ မင္းစိတ္ကို ေလ်ာ့ ထားလိုက္ေတာ့။
သူတို႔ေတြလဲ အဖမ္းခံလိုက္ရၿပီ။ရက္ပိုင္း အတြင္းစီရင္ခ်က္ ခ်လိမ့္မယ္
ပီ့းေတာ့ မင္းသိထားတဲ့ ကိစၥက တခ်ိဳ႕ မွားယြင္းေနတယ္ ဘာလဲသိလား”
အေျခအေနၾကၫ့္ရံုႏွင့္ အသက္ဆက္ရွင္မၫ့္ အသြင္လံုးဝ မရိွေပမယ့္။ ဆက္က အၿပံဳးမပ်က္။
“ယီဏာရဲ့ အေဖကိုယ္တိုင္ ယီဏာဘက္ မွာရိွေနတယ္။ ၿပီးေတာ့ ယီဏာရဲ့ ေမေမက အခု ေဆးျပန္ကုေနၿပီ။ အားလံုးအဆင္ေျပသြားၿပီမို႔။ ယီဏာ စိတ္ခ် ထားလိုက္ေတာ့”
ေျဖးေျဖးခ်င္း စိတ္ေလ်ာ့ေနသည္။ သူမ ေျပာသမ်ွ အားလံုးက အရာအားလံုးႏွင့္ ဆန႔္က်င္ဘက္ပါ။ သူမ ၿပံဳးေနရင္ ယီဏာ ယံုၾကည္လိမ့္မည္။
သူမ ဆံႏြယ္စမ်ားကို ပင့္တင္ေပးရင္း
“မနက္ဖန္ ေဆးရံုကဆင္းလို႔ရၿပီ။ ေဆးရံုက ဆင္းတာနဲ႔ခရီးထြက္ၾကမယ္။ ဟုတ္ၿပီလား။ အျပန္က်ရင္ ယီဏာရဲ့ ေဖေဖနဲ႔ေမေမကို ဝင္ေတြ့မယ္ေနာ္”
အရာအားလံုးကပံုျပင္တပုဒ္လို ျဖစ္ေနသၫ့္ အတြက္ ယီဏာ ေခါင္းပဲ ညိတ္သည္။ သူ ၿပံဳးေနသည္။ နာက်င္ေန တဲ့ေဝဒနာကို ဖံုးကြယ္ထား၍လား။ အၿပံဳးက ဝမ္းနည္းမႈေတြ လႊမ္းၿခံဳ ေနသည္။
ကိုယ့္အေျခအေနကို ကိုယ္သာ အသိဆံုး မဟုတ္လား။ မၾကာခင္ သူမရဲ့ ခရီးလမ္းဆံုးကိုေရာကါ ေတာ့မယ္ ဆိုတာ။ သိေနၿပီးသားပါ။
သို႔ေပမယ့္
“ခရီးကဘယ္ကိုလဲ”
ဆက္က
“ေဂၚယံဂ်ီ”
&&&&&&&&&&&&
⏭️⏭️⏭️⏭️⏭️⏭️⏭️To be end
ေနာက္တပိုင္း ဇာတ္သိမ္းပါမယ္ေနာ္။
YOU ARE READING
One to Two ~ Two to One (GL -U+Z)
RomanceEntertainment ပိုင်ရှင်နှင့် ရုပ်ရှင်မင်းသမီး ရဲ့ တဖက်သတ်အချစ်။ Bar DJ မယ်လေးနှင့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အားပေးပါအုံးနော်။ Own Creation စစ်စစ်ပါ။😘 vote ment လေးများ မမေ့ပါနဲ့နော်။