Unicode version
Part 26
ရုတ်တရပ်။ တေးဂီတသံငြိမ်သက်သွား ပြီး ချက်ချင်းအမှောင်ကျသွားသည်။ ဆက် စကားပြောနေရင်းအိုးတို့အန်းဆန်း ဖြစ်သွားချိန် မီးပြန်လင်းလာသည်။
“Hello.Rebi ပါ။ ကျမ တို့ ဉက္ကဌ အတွက် မွေးနေ့လက်ဆောင်ပါနော်။ ပြီးတော့ အခုလိုမွေးနေ့ပါတီမှာ သီချင်း အေးအေးလေးက မလိုက်ဖက်ဘူး ဒါကြောင့် Rebi က DJ မြူးဇစ် စီစဉ်ထား ပါတယ်။ နားဆင်ပေးကြပါ နော်။ပထမဦးဆုံး။ Happy Birthday ပါ။ ဆက်။ အရမ်းချစ်ပါတယ်”
ဆက် ရင်ထဲလှိုက်ခနဲ ငြိမ့်ငြိမ့်လေး ဖြစ် သွားစေသည်။ အဖြေပေးလိုက်တာ မဟုတ်လား။
တဆက်တည်း Happy Birthday ကိုယ် ကိုယ်တိုင်တီးတဲ့သံစဉ်အေးအေးလေး ပေါ်ထွက်လာသည်။
ဆက် ပြုံးနေမိတော့သည်။ သူမ အတွက် မွေးနေ့လက်ဆောင် ဆိုတာ ဒါလား။အ အရူးမလေး။အရမ်းချစ်ဖို့ကောင်းတယ်။ တဆက်တည်း သံစဉ်ပြောင်းပြီး ပါတီတခုအသွင် DJ နှင့် သရုပ်ဖော် သည်။
လူကြီးများလဲပါဝင်သလို လူငယ်တွေလဲ မွေးနေ့ပွဲတက်တာဆိုတော့ လူငယ်ပြီ သစွာပင် ရှေ့ဆုံးကို ရောက် သွားသည်။ ဆက် က။နေရာကနေ ကြည့်ပြီးပြုံးနေ သည်။ ကိုဒီပါကိုလက်ယက်ခေါ်ပြီး
“နှင်းဆီပန်းစီး ပြင်ပေးပါအုံး။ ဒါလေးကော”
သူမ အသင့်ယူလာတဲ့ လက်စွပ်ဘူး။ ဘောင်းဘီအိတ်ထဲက ထုတ်ယူလာသည်
ကိုဒီပါ လှမ်းယူပြီး
“ဟုတ်ကဲ့မမလေး”
ဂုဏ်ပြုပေးရမှာပေါ့။ ဒီလောက်တော်တဲ့ ကလေးမကို။
ထိုစဉ် အနီးနားသို့ သက်နိုင်ရောက် လာသည်။
“အဲတာ ဘယ်သူလဲ”
ဆက်က ပြုံးပြရုံသာ။ သက်နိုင်က
“ဟိူကောင်မလေးဆိုရင် ပွဲကို မြန်မြန် ရပ်လိုက်။ သူအမော မခံနိုင်ဘူး။ လဲသွားလိမ့်မယ်”
ဆက်က
“အရမ်းမကြာလောက်ဘူးထင်တယ်။ အခုချိန်မှ သွားတားလဲ မမှီဘူး။”
“အရင်က DJ မတီးပါဘူး။သူက”
ဆက်က ပြုံးသည်။ သူမသာသိတဲ့အမှန် တရားတွေရှိတယ် ဆိုတဲ့အပြုံးနှင့်ပြုံးပြ သည်။
“မင်းတို့အဆင်ပြေနေတယ် ဆိုတာသိရ တော့ ဝမ်းသာပါတယိ”
ဆက်က
“ဝမ်းသာမစောနဲ့။ ငါ သူနဲ့ကွာရှင်းတော့ မှာ”
“ဟမ်” ကွာရှင်းမယ့်သူရဲ့မျက်နှာမှာ ဒီလို အနေအထားရှိလို့လား။
“မင်းရဲ့ ရုပ်သံလိုင်းကို ပရိုမိုးရှင်းလုပ် ဖို့စီစဉ်နေတာလား။ ရှင်စောယွန်း နဲ့လက်ထပ်ပြီးတော့ အရင်ကထက် မင်းရဲ့စီးပွားက နာမည်ရလာတယ်။
တလောက ရှင်စောယွန်းဖောက်ပြန် တယ် ဆိုစဉ်ကလဲ။ အခြေအနေ တမျိူး အခုကွာရှင်းမယ် ဆိုတာက”
ဆက်က
“ရှိုးမဟုတ်ဘူး။ တကယ်ကွာရှင်းမှာ စောင့်ကြည့်နေလိုက်။ အချိန်မတန်သေး လို့ ဒီအတိုင်းငြိမ်နေတာ”
“သူကကော”
ဆက်က
“လက်မခံလို့ ဘယ်ရမလဲ ငါတို့မှာ အပေးအယူတွေရှိတယ်”
“မင်းဘက်က သေချာနေပြီပဲ”
“ဟုတ်တယ်။ ရှင်စောယွန်းကို ငါလက်ခံမှာ မဟုတ်ဘူး”
သက်နိုင်က ရယ်သည်။ ဟိုနေက မူးလဲတယ်ဆိုစဉ်က သဲသဲ လှုတ်နေတာ မသိတာ ကြနေတာပဲ။ အချိန်တန်ရင် ပြန်ပေါင်းထုတ်သွားပြီ ဆိုတာ ကြားရမဇာပါပဲ။
ရုတ်တရပ် တေးဂီတသံ ငြိမ်ကျသွား၍ အားလုံးကြောင်အန်းအန်း ဖြစ်နေသည် ဆက် လဲ ဘာဖြစ်တာလဲ ဆိုတာ လှမ်းကြည့်တော့။ သူမ ကြည့်နေစဉ်ပဲ အရုပ်ကျိုးပျက်လဲကျသွားတော့သည်။
ဆက် နေရာကနေ ပြေးထွက်လာတော့ သည်။ ရုတ်တရပ်ဖြစ်ပျက်သွားတဲ့ အချိန် ကာလတိုလေးမှာ ဆက် သူမကို ပွေ့ချီလိုက်စဉ်။
YOU ARE READING
One to Two ~ Two to One (GL -U+Z)
RomanceEntertainment ပိုင်ရှင်နှင့် ရုပ်ရှင်မင်းသမီး ရဲ့ တဖက်သတ်အချစ်။ Bar DJ မယ်လေးနှင့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အားပေးပါအုံးနော်။ Own Creation စစ်စစ်ပါ။😘 vote ment လေးများ မမေ့ပါနဲ့နော်။