Unicode version
Part 18
“ဒီရက်ပိုင်း ထူးထူးခြားခြား ဘာတွေ ပြောင်းလဲတာရှိသေးလဲ။ ခေါင်းညိတ် သေးလား။ သားအိမ်ကကော။ဘယ်လို အခြေအနေရှိလဲ”
ယီဏာက ခေါင်းခါရင်း
“အဆင်ပြေပါတယ်။ နေကောင်းပါ တယ်။ ဒါနဲ့ ကျမ က ကိုယ်ဝန်ပျက်ကျထားတယ်ဆိုတာက သေချာရဲ့လား”
ဆရာဝန်က မျက်မှန်ကိုပင့်တင်ရင်း
“မမှတ်မိဘူးထင်တယ်။ ကိုယ်ဝန်ရှိတယ် ဆိုတာ သိတဲ့ ညပဲ။ ဆေးရုံနှစ်ထပ်ကနေ ခုန်ချပြီး သတ်သေဖို့လုပ်ခဲ့တာ။
အဲတာကြောင့် ကိုယ်ဝန်ပျက်ကျသွား တယ်။ ဦးခေါင်းပိုင်းမှာ ဘာလက္ခဏာမှ မတွေ့ဘဲ ဘာလို့ မမှတ်မိတာလဲ”
ယီဏာ နူတ်ဆိတ်နေသည်။ သူမက ရှင်စောယွန်း မဟုတ်တဲ့ အတွက် မမှတ်မိတာ ဆိုရင် ဘယ်သူယုံမှာလဲ။
“ကိုယ်ဝန်ပျက်ကျသွားတဲ့ အတွက် ထပ်ပြီးကိုယ်ဝန်ဆောင်ဖို့ ကုသမှုတွေ လိုအပ်ပါတယ်”
“အခုတော့ မဟုတ်ပေမယ့်။ ကလေးယူ မယ် ဆိုရင် နည်းနည်းတော့ခက်ခဲပါလိမ့် မယ်”
ယီဏာ ခေါင်းညိတ်သည်။ သူမရဲ့ မူလ ခန္ဓာကိုယ် ဆိုရင် အကောင်းကော ပြန်ဖြစ် ပါ့မလား။ ထို့ကြောင့်
“ယီဏာ ကိုကော ဆရာပဲ။ ကုသပေးတာလား”
ဆရာဝန်က ခေါင်းညိတ်ရင်း
“ဟုတ်ပါတယ်။ ကျတော် ကိုယ်တိုင် ခွဲစိတ် ကုသပေးခဲ့တာ။”
“သူပြန်နိုးလာဖို့က ဖြစ်နိုင်လား။ ဘယ်လု မျိုးကုသရင် ပြန်ကောင်းလာ နိုင် လဲ”
ဆရာဝန်က လက်ထဲက ဘောပင်ကို ချပြီး လက်နှစ်ဖက် လက်ချောင်းချငိးယှက်ကာ စာပွဲပေါ်တင် ရင်း
“လူနာ နဲ့ပဲ ဆိုင်ပါတယ်။ သူပြန်နိုးချင်ရင် အခုလဲ ဖြစ်နိုင်တယ်။စိတ်ပညာအရ ဆိုရင် သူ့အသိစိတ်က ဒီခန္ဓာမှာ မရှိတာ လဲဖြစ်နိုင်တယ်”
ဟုတ်တယ်။ သူများခန္ဓာကိုယ်ထဲမှာ ရှိနေသမျှ ကာလပါတ်လုံး သူမ ပြန်နိုး လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။
YOU ARE READING
One to Two ~ Two to One (GL -U+Z)
RomanceEntertainment ပိုင်ရှင်နှင့် ရုပ်ရှင်မင်းသမီး ရဲ့ တဖက်သတ်အချစ်။ Bar DJ မယ်လေးနှင့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အားပေးပါအုံးနော်။ Own Creation စစ်စစ်ပါ။😘 vote ment လေးများ မမေ့ပါနဲ့နော်။