Unicode version
Part 27
စောအိမ်ပြန်ရောက်နေပါပြီ။ မေမေ ပြောပြ၍ သူမအတိတ်မေ့ နေတဲ့ အချိန်ကာလ ကြောင့် အတွေးလွန်နေသည်။ သူမ တကယ်အတိတ်ေမ့နေတာလား။ နည်းနည်းလေးမှ သတိမရဘူး။ သူမ သိတာတခုက ဝေဝေဝါးဝါး စကားသံ တွေနဲ့ ဆေးရုံက ဆေးနံ့တခုသာ။
ဘာကိုမှမသဲကွဲဘဲ အမှောင်ထဲမှာ ကိန်းအောင်းနေရသည့်အချိန်ကာလက အတော်ရှည်သည်။ ဒီတော့ သူမအတိတ် မေ့နေတဲ့အချိန် ဆက်က ဂရုစိုက်ခဲ့တယ်ပေါ့ ဒါဆို ဘာလို့ သူမသတိရတာနဲ့ ချက်ချင်းကွာ ရှင်းတာလဲ။
အတိတ်မေ့နေစဉ် သူမ ဘယ်လိုနေထိုင်ခဲ့လို့ ဆက်က ဂရုစိုက်တာလဲ။ မေးခွန်းတွေ မေးခွန်းတွေ။ ဒါပေမယ့် အဖြေမရှိပါဘူး။ ပြန်ရောက်လာကတည်းက အခန်းထဲကအပြင် ထွက်တယ်ကို မရှိဘူး။ လာမယ့် အပါတ်ထဲမှာ သူမကို နာမည်ပြန် သန့်စင်ပေး မယ်လို့ ဆက် ပြော ခဲ့တာ။လုပ် ပေး မယ် လို့ ဆက်သွယ်လာတယ်။
ဆက်ကိုယ်တိုင် မဟုတ်ပါဘူး။ သက်ဆိုင်ရာ ဌာနကပါ။ သူမနဲ့တရားဝင်ကွာရှင်းထားတာ ဖြစ်တဲ့အတွက် ဘယ်နည်းနဲ့မှ သူမနဲ့ပါတ် သတ်ဖို့ လုပ်မှာ မဟုတ်ဘူး။
ဆက် သူ့ကိုအရမ်းမုန်းနေတာလေ။ မုန်းလွန်း လို့ သူမ နာမည်ပျက်ခဲ့ရတာ။ သူမကိုယ်တိုင်လက်မှတ်ထိုးတဲ့အတွက် ဦးဆက်ပိုင်လဲ ဝင်မကူနိုင်တော့ပါ။
ဘဝင်မကျဖြစ်နေတဲ့ သူမ က ဆက်နဲ့အတူတူ နေလို့ မရဘူးဆိုတဲ့စကား။ ဘာကြောင့် သူမကသေရမှာလဲ။
ဘယ်လောက်ပဲ ဆေးသောက်ပြီး Sex လုပ် နေပါစေ။ မိန်းကလေးချင်းမို့ သေအောင် တော့ မလုပ်နိုင်ဘူး။သူမ လက်မှတ်ထိုးလိုက် တဲ့အကြောင်းအရင်းကလဲ ဒီတကြိမ် သူမငြင်း ရင် နောက်တကြိမ် မငြင်းနိုင် အောင် ကြိုးစားမှာပဲ။
ဒီတော့ သူမဘက်က ခြေတလှမ်းဆုတ်လိုက် တာ ပိုပြီးအဆင်ပြေမယ် ထင်တခဲ့တယ်။ ထိုစဉ်ပဲ
“သမီး။စော။ ဆရာဝန် ဖုန်းဆက်လာတယ်။ ဆေးရုံကို လာခဲ့ပါတဲ့။ ရောဂါအကြောင်း ဆွေးနွေးဖို့ ပြောတယ်။
သမီးမှာနှလုံးရောဂါ ဖြစ်နိုင်ချေများနေတယ် ဆိုတာ ဟိုနေ့ သမီးမေ့လဲမှသိတာ။ဒါကြောင့် သွားလိုက်။ မေမေ ကားစီစဉ်ပေးမယ်”
ဒေါ်ကြည်ဖြူရဲ့ စကားအတိုင်း စောက လိုက် နာနေကြ။ အခုလဲ
“ဟုတ်ကဲ့မေမေ”
မေမေ ထွက်သွားပြီးမှ စဉ်းစားမိသည်။ ဆက်က ပြောတယ်။ ဆရာဝန်က တဲ့။ ဟုတ် မဟုတ်။ အတည်ပြုကြည့်ရမယ်။
ဆက်က လီဆယ်ခဲ့တာ ဆိုရင် သူမ တခုခု တော့လုပ်ရလိမ့်မယ်။ဆက် တယောက်ပဲ အညိုးကြီးတာ မဟုတ်ဘူး။ အဝတ်လဲပြီး အခန်းထဲက ထွက်လာသည်။
YOU ARE READING
One to Two ~ Two to One (GL -U+Z)
RomanceEntertainment ပိုင်ရှင်နှင့် ရုပ်ရှင်မင်းသမီး ရဲ့ တဖက်သတ်အချစ်။ Bar DJ မယ်လေးနှင့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အားပေးပါအုံးနော်။ Own Creation စစ်စစ်ပါ။😘 vote ment လေးများ မမေ့ပါနဲ့နော်။