Part 16

700 62 8
                                    

Unicode version

Part 16

ညသန်းခေါင်ယံ။ တိတ်ဆိတ်နေသည့် ဝန်းကျင်။ ယီဏာ နောက်တကြိမ် ထပ်နိုး လာသည်။

အနားမှာ သူနာပြုတယောက် အိပ်ပျော် နေသည့်အတွက် ဖြေးဖြေး ချင်း ထထိုင်သည်။ ဒရစ်ချိတ်ထား သော ပိုက်ကို ဖြုတ်ချ လိုက်ပြီး ကုတင်ပေါ်မှ ဆင်းသည်။

တံခါးတွန်းလှပ်ပြီးသည့်နောက် ကော်ရစ်တာ အတိုင်း လမ်းလျှောက်ထွက်လာသည်။ ဒီမှာ မုန်မုန်များ ရှိနေမလား။ ဆက်လျှောက် နေပြီး သူမ တို့အထပ်မှာ ရက်ပ်စက် ရှင် ရှေ့သို့ အရောက်

“ဟို…..ဒီမှာလေ။ ယီဏာ ဆိုတဲ့ လူနာ ရှိလား။ ဘယ်အခန်းလဲ သိပါရစေ။”

ဝန်ထမ်းနှစ်ယောက်မှာ တယောက် နဲ့တယောက် ကြည့်နေသည်။

“ပြောခွင့် မရှိတဲ့ အတွက် ဝမ်းနည်းပါ တယ်”

“အမ်”

“ကျမက သူ့သူငယ်ချင်းလေ။ဒါဆို ယီဏာ ဒီမှာ ရှိနေတယ်ပေါ့”

ယီဏာ ရဲ့အမေးကို ပြန် မဖြေ။ ဘာလို့ လဲ။
ထူးဆန်းလိုက်တာ။ နံရံကမှန်ပေါ်မှာ ပေါ်နေ သော ကိုယ့် ရုပ်ကို ပြန်မြင် မိတော့မှ
ဟုတ်သားပဲ။

ရှင်စောယွန်းကို ဘယ်သူကမှ ယီဏာ နဲ့တွေ့ခွင့်ပေးဖို့ ထောက်ခံရဲမှာ မဟုတ်ဘူး။
ဒါနဲ့ ဘယ်သူက ပြောခွင့် မပေးထား တာလဲ။

“ယီဏာ ကိုဘာလို့ တွေ့ချင်တာလဲ”

ဉက္ကဌ ရဲ့အသံကြောင့် ဆတ်ခနဲ တုန် သွားသည်။ ဘယ်လိုပြန်ဖြေရမလဲ။ သူမလက်ကို ဖမ်းဆွဲကို ထိုနေရာက ခေါ်ထုတ်လာသည်။

အရေးပေါ် လှေကားရှိရာကို ခေါ်လာပြီး တံခါးဖွင့်ကာ သူမကို တွန်းထုတ်သည်။

“ယီဏာ ကို ဘာလို့ တွေ့ချင်တာလဲ။ မသေ သေးမှန်းသိလို့ ကြံစည်နေတာလား”

ယီဏာက သူမ ကို ကာကွယ်ပေး နေတဲ့ ဉက္ကဌ ကို နည်းနည်း သဘောကျသွား သည်။ ရှင်စောယွန်း ရဲ့ မျက်နှာကြောင့် သူမကို အခုလိုဆက်ဆံနေတာ မဟုတ်လား။

ပြုံးလိုက်မိသည့်နောက်။ ဆက် မျက်မှောင်ကုတ်သွားသည်။  ယီဏာ က ဝမ်းသာရင် ဘယ်တော့မှ မထိန်းချုပ်နိုင် ဘူး။ ဒါကြောင့်

One to Two ~ Two to One (GL -U+Z)Where stories live. Discover now