Part 34🔞🔞🔞

2.6K 88 12
                                    

Unicode version

Part 34

NTKS Entertainment ရဲ့ ပထမဆုံးသော စွပ်စွဲခံရသည့်အဖြစ်အပျက်ပါ။ ဒေါ်ကြည်ဖြူအိမ်ပြန်ရောက် သည်နှင့် ချက်ချင်းပဲ သတင်းစာရှင်းလင်းပွဲလုပ်သည်။
အကြောင်းအရာက

“AGENCY ဘက်မှ အဌားဝန်ထမ်းကို အကွက်ချက်စီစဉ်နာမည်ဖျက်ခြင်း”

ဒေါ်ကြည်ဖြူပြောသမျှ က အမှန်တွေလဲပါ သလို လုပ်ကြံထားသည် များလဲပါဝင်သည်။ ညတွင်းချင်းပဲ Entertainment

အဆောက်အဦးရှေ့ ရှင်စောယွန်းရဲ့ပရိတ် သတ်များရောက်ရှိလာပြီး ဆဲရေးသည်များ ဆန္ဒပြသည်များဖြစ်ပေါ်လာခဲ့ သည်။
လုံခြုံရေးများ အလုပ်ရူတ်ရုံတခုထက် မပိုပါ ဘူး။ ထိုပြဿနာက။

အိပ်ပျော်နေသော ဆက် ရဲ့ ဖုန်းကို အချိန်မတော် ဖုန်းဝင်လာစေသည်။ ဖုန်းသံ ကြား၍ လှမ်းယူပြီးကြည့်တော့ ဖေဖေ။

ဒီအချိနိဆိုတော့ ။ အနားမှာ သူ့လက်မောင်းကို ခေါင်းအုံးအိပ်နေသော ယီဏာ ရှိနေသည့်အတွက် ဖြေးဖြေး ချင်း သူမ ခေါင်းအောက်က လက်ကို ဆွဲထုတ်ပြီး အိပ်ရာမှထသည်။ ညအိပ်ဝတ်စုံကို လွှားခြုံ ပြီး အိမ်ထဲက ထွက်လာသည်။

“ဟဲလို”

“စပြီလား”

“အဆင်ပြေပါ့မလား။ ကျမ လာခဲ့မယ်လေ”

အဖြစ်အပျက်ကို အားလုံးသိပြီးဖြစ်သည်။

“တခြားမဟုတ်ပါဘူး။ သူ့ရည်ရွယ်ချက်က ကျမကို တိုက်ခိုက်မယ်။ ပြိုလဲ‌ေစမယ်။ ဒါဆို ယီဏာကို ရှင်းပစ်နိုင်တယ်။ စောကို နေရာပြန်ပေးနိုင်တယ်။

ဒီအ‌ချက်တွေကြောင့် လုပ်တာပါ”

ဆက် တချက်ပြုံးသည် ဖေဖေပြောတဲ့စကား ကို။

“ဘာမှ မဖြစ်ပါဘူး။ မကြာခင် ဖြေရှင်းနိုင် မှာ ပဲကို”

“မကိုင်တ‌ွယ်နိုင်ရင် ကျမကို ပြန်လွှဲလို့ ရတယ်နော်။ ‌ဒေါ်ကြည်ဖြူကို သတ်ဖို့က အင်အားမရှိပေမယ့် ဒီပြဿနာ ကတော့
ကျမဖြေရှင်းနိုင်တယ်”

ဖေဖေက အရမ်းလည်သည်။ ဒီပြဿနာ နဲ့ သူမ ဆီက နောက်ထပ်ကြိုးတချောင်း ထပ်တောင်း ချင်တာပါ။ သူမကလဲ

One to Two ~ Two to One (GL -U+Z)Where stories live. Discover now