Part 19

643 67 10
                                    

Unicode version

Part 19

ယီဏာ အိပ်ရာမှ နိူးလာစဉ်ပဲ ခေါင်းကိုက်‌နေတာ မပျောက်သေးတဲ့အတွက် မနည်း ထနိုငိအောင် အားတင်းထားသည်။ ဝရံတာ ဘက်ထွက်တဲ့ တံခါးကို ဦးတည် လိုက်ပြီး အပြင်ထွက်တော့ နေ့လည်ပင် ရောက်နေပြီ။ မနေ့ညက အဖျားနည်းနည်းဝင်သွားပုံပဲ။

ကိုယ်လက် အကျောဆန့်ပြီး ဝရံတာမှ အေက် ဘက်ကိုကြည့်လိုက်သည်။ စိုက်မြက် တွေထဲမှာ မြက်ကြမ်းနူတ် နေသော အိမ်အကူ တချို့နှင့် ရေဖြန်းနေတဲ့ ဒေါ်အေးရီ။ ဘာတွေပြောနေကြလဲ မသိပေ မယ့် ကြည့်ရတာ တော့ သူမ နဲ့ယှဉ်ရင် လူသား ဆန်သေးတယ်။

နောက်ပြန်လှည့်ပြီး အောက်ထပ်သို့ ပြေးဆင်း လာသည်။ သူတို့ တွေနဲ့ ရောနှောပြီးနေရမယ် ဆိုရင် နည်းနည်း များ ညီးတွေ့တာ သက်သာလေမလား။ သူမ မြက်ခင်းပြင်ထဲလျှောက်လာစဉ်ပဲညသူတို့တွေ အရိပ်ရှိရာသို့ သွားလိုက်၍ ယီဏာ အမြန်လေးလိုက်လာသည်။

ဘာတွေလုပ်နေလဲပေါ့။

"မမလေး"

ယီဏာကပြုံးပြရင်း

"ဘာတွေစားနေကြတာလဲ"

"မရမ်းသီးထောင်း။သင်္ဘောသီးထောင်း။ သရက်သီးသုတ်။"

သွားရည်ပင်ကျလာသည်။ ဂလု ကနဲ လည်ပင်းကအသံပင်ထွက်လာသည်။

"မမလေးနဲ့ မတည့်ဘူးထင်တယ်။ မန်နေဂျာက အစာအိမ်ရှိတယ်လို့ ပြောဖူးလို့"

ဒါပေမယ့်

"နည်းနည်းစားမယ်လေ။ထိုင်မယ်နော်"

သူမကစားမယ်ဆိုတော့ သူတို့တွေ နေရာဖယ်ပေးသည်။ ယီဏာ ဟိတ်ဟန်တွေမထားဘဲ။ မြက်ခင်းပေါ် ဒီအတိုင်း ထိုင်ချလိုက်သည်။

သရပ်သီးစိတ် ယူပြီးစားလိုက်သည်။

"ကောင်းလိုက်တာ။ ဒီလိုမစားရတာကြပြီ။" နောက် မရမ်းသီးထောင်း။ မုန်မုန်က ပေးမစားဘူး။ ရှိုးတွေမှာ အသံ မထွက်မှာ ဆိုးလို့တဲ့။ အခုတော့ ဘာရှိုးမှ မရှိဘူးဆိုတောဘ အားရပါးရ စားတော့စားတော့မယ်။

ခြံတံခါးပွင့်သံကြောင့် အားလုံးရဲ့အကြည့်က ခြံဝကို ရောက်သွားသည်။ ဉက္ကဌ ပြန် ာတာပဲ။ အလုပ်သမားတွေအားလုံး ပြာပုာသလဲ ထရပ်ပြီး အလုပ်ပြန်လုပ်ဖို့ စီစဉ် နေကြသည်။

One to Two ~ Two to One (GL -U+Z)Where stories live. Discover now