Unicode version
Part 12
ည၈:၀၀ ကျော်လာအထိ ယီဏာရဲ့သတင်း ကအခုထိ မသေချာမရေရာ။ ဘယ်မှာ ဆိုတာ အတည် မပြုနိုင်သေးသည့် အတွက် ဆက် ထိုင်မနေနိုင်တော့။
ကုမ္ပဏီကို ထပ်တကြိမ် ရောက်လာသည်။ လုံခြုံရေးထိန်းချုပ်ခန်းထဲဝင်လားပြီး အခြေအနေကို မေးသည်။
“ဒီကနေ ထွက်သွားတဲ့ နောက်ပိုင်း CCTV မှတ်တမ်းတွေ ဖျက်ခံထားရတယ်။ ယီဏာရဲ့ Guest house အနီးအနား မှာလဲ အခုလိုပဲ။ ဖျက်ခံထားရတယ်။ ဒါကြောင့် ကျတော် တို့ အစိုးရဌာနကို အကူအညီ တောင်း ထားပါတယ်။”
“ဒီလိုနဲ့ အချိန်ကုန်နေတာမဟုတ်လား။ အခုဆိုရင် ယီဏာ ပျောက်နေတာ တစ်ရက်ကျော်နေပြီ။ မင်းတို့ ဘယ်လိုအလုပ် လုပ်နေကြတာလဲ”
ထိုစဉ် တံခါးပွင့်သည့်အသံနှင့် အတူ။
“မမလေး။ ရှင်စောယွန်း ဒီမှာရှိနေပါတယ်။ နောက်ယောင်ခံလိုက်ခိုင်းထားတာပါ။”
ဆက် ချက်ချင်းဖုန်းထုတ်ယူပြီး ဆက်သွယ်သည်။ CCTV ထိန်းချုပ်တဲ့သူကို လက်ရှိအခြေအနေကိုရှာခိုင်းပြီး
“မင်းဘယ်မှာလဲ”
“ပြန်ရောက်နေပြီလား။ ဒါဆိုရင် ငါ့အခန်း ထဲလာခဲ့”
“ဆယ်မိနစ်ပဲ စောင့်မယ်နော်”
ဖုန်းပြန်ချရင်းလက်ရှိ CCTV မှတ်တမ်းမှာ ရှင်စောယွန်းကို ဖမ်းမိထားတဲ့ ကင်မရာကို
“ဉက္ကဌ ဒီမှာပါ”
အပေါ်ထပ်ကို တက်နေတာပဲ။ သူမက
“ဘယ်အထပ်လဲ”
“၅ ထပ်ကိုပါ”
ဆက် နေရာကနေပြေးထွက်လာခဲ့သည်ယ သူမနဲ့အတူပါနဲ့ ကိုဒီပါကို
“အဖွဲ့ဝင်တွေကိုစုထားလိုက်။ ဖေဖေ ရဲ့လူတွေမို့ ကိုဒီပါ တယောက်တည်း ရင်မဆိုင် နိုင်ဘူး”
“ဟုတ်ကဲ့”
ကိုဒီပါ ကျန်ခဲ့ပြီး ဆက် တယောက်တည်း အပေါ် ကို အမြန်တက်လာခဲ့သည်။
Lift ကိုစောင့် နေရတာပင် အချိနိကုန်မှာဆိုတော့ ခဏပဲ စောင့်ပြီး လှေကားကနေ တဆင့်ပဲ ပြေးတက်လာခဲ့တော့သည်။
YOU ARE READING
One to Two ~ Two to One (GL -U+Z)
RomanceEntertainment ပိုင်ရှင်နှင့် ရုပ်ရှင်မင်းသမီး ရဲ့ တဖက်သတ်အချစ်။ Bar DJ မယ်လေးနှင့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အားပေးပါအုံးနော်။ Own Creation စစ်စစ်ပါ။😘 vote ment လေးများ မမေ့ပါနဲ့နော်။