Unicode version
Part 14
“ဘာ????”
“ဘာပြောလိုက်တယ်”
စော နိုးလာချင်းချင်း ထပ်မံကြားသိလိုက် ရတဲ့ သတင်းဆိုးက။ ဆက်က ဆေးရုံရဲ့ လူနာခန်းထဲမှာပဲ ဘောင်းဘီထဲလက်ထည့်ထားပြီး ရပ်နေ သည်။ စော ချက်ချင်းပြန်သတိလစ်ချင် သွား သည်။
“ကိုယ်ဝန်၂ပါတ်ရှိနေပါပြီ။ အာဟာရပြည့် အောင်စားပါ။ စိတ်ပျော်ရွင်အောင်ထားပါ”
ဆရာဝန်မ စကားကြောင့် စော တယောက် အသက်မဲ့နေသလိုပင် ဖြစ်သွားသည်။ ဆက်က
“ကျေးဇူးပါပဲ။ ဒေါက်တာ”
“ကိုယ်ဝန်နုနေသေးတဲ့အတွက် အစားအသောက်တော့ နည်းနည်းသတိထား ပေးပါ”
ဆက် ခေါင်းညိတ်လိုက်သည်။ ဆရ ဝန်မ ထွက်သွားသည့်အချိန်မှ ဆက် ရှေ့ဆက်တိုး လာသည်။
“သက်သာလား”
စော စဉ်းစားမိသည်။ သူ မင်းရဲ နဲ့အတူနေတဲ့အချိန်က အကာအကွယ်သုံးတယ်ဆိုတာ သိခဲ့တယ်။
သူမကိုယ်တိုင်တောင်းဆိုလို့ ကို သူသုံးခဲ့တာ။ အခုက ကိုယ်ဝန်။ ဘယ်လို လုပ်ဖြစ်နိုင်မှာလဲ။
“congratulation ပါ။ မင်းရဲ့ ဝမ်းဗိုက်ထဲက ကလေးလေးကို ဂုဏ်ပြုပါတယိ”
စော သူ့ကို မော့ကြည့်လာသည်။ သူမ ပြုံးပြလိုက်သည်။
“စောမှာ ကလေးရှိတယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
ဆက်က
“ဘာလဲ အကာအကွယ်သုံးခဲ့တယ်လို့ဆိုလို ချင်တာလား”
ဝန်ခံသလိုဖြစ်မည့်မေးခွန်းကို သူမဖြေဖို့ နူတ်ဆိတ်နေလိုက်သည်။ ဆက်က
“ဘာလဲ မသိပါဘူးငြင်းမလို့လား ယောက်ျားတယောက်နဲ့အိပ်ရတဲ့ အရသာက မငိးအကြိုက်တွေ့မှာပါ”
စောက ဘာမှ ပြန်မပြော။ ဘယ်လိုဖြေရှင်း လို့ ရမလဲ။ ဒါက။
“ကလေးရှိတာ မှန်တယ်ထား။ ဒီကလေးကို စောမမွေးဘူး။ ဖြတ်ချမှာ။ အခုကို နာမည် ပျက်နေပြီ။ ကလေးရှိနေပါတယ် ဆိုရင် ဘယ်လိုလုပ် ဒီလောကထဲကိုပြန်ဝင်နိုင်မှာ လဲ”
YOU ARE READING
One to Two ~ Two to One (GL -U+Z)
RomanceEntertainment ပိုင်ရှင်နှင့် ရုပ်ရှင်မင်းသမီး ရဲ့ တဖက်သတ်အချစ်။ Bar DJ မယ်လေးနှင့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အားပေးပါအုံးနော်။ Own Creation စစ်စစ်ပါ။😘 vote ment လေးများ မမေ့ပါနဲ့နော်။