Part 40 (End)

2.1K 70 3
                                    

Part 40 (ဇာတ်သိမ်း)

Lily Queen resort and recreational Palace.

ဂေါ်ရင်ဂျီရဲ့ အလှဆုံးနေရာ။ ချစ်သူနှစ်ဦးရဲ့ အချစ်သင်္ကေတ။ ပိုင်ရှင်ဖြစ်သူ လီလီ နှင့် အလင်းကြွေခ။ ဆက် သူမကို ဒီ ခေါ်လာရခဲ့တယ်။ သူမရဲ့ နောက်ဆုံးအချိန်လေးကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားစေ ချင်တယ်။

ကျွန်းသစ်ပေါ်သို့ ရွှေရောင်စာလုံးဖောက် ဖြင့် ထွင်းထုထားသော Lily Queen.
ဟိုတယ်ဝန်းထဲသို့ ကားသုံးစီး ရှေ့ဆင့်နောက် ဆင့် ရောက်လာခဲ့ပြီးသည့် နောက်။ 

ယီဏာ ကိုကားပေါ်မှ ပွေ့ချီဆင်းလာပြ္း အသင့်ချထားပေးသော wheelchair ပေါ် အသာချထားပေးသည်။

မော်တော်ပေါ်ကဆင်းလာကတဲက ပြောနေတာ။ သူမ လမ်းမလျှောက်နိုင်တော့ ပေမယ့် ဆက် ကတချိန်လုံးပွေ့ချီနေရမယ့် အခြေအနေ မဖြစ်ချင်ဘူးတဲ့။ အဲဒီလိုသာ မပြောခဲ့ရင် အခုချိန် သူမ လက်ထဲမှာ ယီဏာ ရှိနေမည်မှာ အမှန်ပင်။

“အရမ်းဝေးတာပဲ”

ဆက်က ပြုံးပြရင်း

“ဒါပေမယ့် လှတယ်”

ယီဏာ သူ့ကိုမော့ကြည့်ပြီးပြုံးကာ ခေါင်း ညိတ် ပြသည်။ ထိုစဉ်။

“ဆက် ရောက်လာပြီလား”

ဟိုတယ်အတွင်းမှ တလှမ်းချင်း လှမ်းထွက် လာသူ။ အလင်းကြွေခ။
ဆက်က ခေါင်းညိတ်ရင်း

“အင်း။ အလင်းကို အလုပ်ရူတ်စေမ်တော့ မယ်”

အလင်းကြွေခ က ပြုံးသည်။

“Warmly Welcome ပါ။ ဒါက ဆက်ရဲ့ ချစ်သူလား”

ဆက်က ခေါင်းညိတ်ပြသည်။ ထိုအခါ အလင်းက

“တွေ့ရတာ ဝမ်းသာပါတယ်။ယီဏာ။ ကိုယ်က အလင်းကြွေခပါ။ ဒီဟိုတယ်ရဲ့ အလုပ်သမားလေးပေါ့”

အပြုံးပန်းဆင်ရင်းနူတ်ဆက်လာသူ။ က်ု ယီဏာ ခဏတာတော့ ငေးမောသွား စေသည်။ အရမ်းကိုချောလွန်းတဲ့ အတွက်ပါ။

“အော။ ဟုတ်။ ဒါနဲ့ ကျွန်မကို သိတာလား”

အလင်းက တချက်ရယ်ရင်း

“မင်းက နာမည်ကြီး လေ။ သိတာပေါ့”

ဆက်က

“ယီဏာကလေ သူ့ကိုယ်သူ ဘယ်လောက်နာမည်ကြီးနေတယ် ဆိုတာ သိတာ မဟုတ်ဘူး”

ယီဏာ ရှက်ပြုံးလေးပြုံးမိသည်။

“လာ အထဲလာကြ။ ဆက် တို့အတွက် သီးသန့် ဘန်ဂလိုပြင်ဆင်ထားပေးတယ်။”

ဆက်က သူမရဲ့ wheelchair လေးတွန်းပြီး အလင်းကြွေခ ခေါ်ဆောင် သွားရာနောက် လိုက်လာသည်။

Lobby အတိုင်းလျောက်လာရင်း

“ဆက် ဖုန်းကြိုဆက်ထားလို့တော် သေး တယ်။ မနက်ဖန်က လီလီ မွေးနေ့လေ။ ဒါကြောင့် ဒီနေ့ကတဲက ဟိုတယ် guest အသစ်လက်မခံတော့ဘူးလို့ လုပ်ထားတာ”

“ဟုတ်လား။”

“အင်း။ အခုတော့ ဆက်တို့ ရောက်လာပြီဆိုတော့ လီလီ အတွက် ပရိတ်သတ် ရလာတာပေါ့”

ဆက်က လဲခေါင်းညိတ်ရင်း

“ဟုတ်သားပဲနော်။ အတော်ကြာပြီထင်တယ်။ လီလီနဲ့က ဘယ်လောက်ရှိပြီလဲ”

အလင်းက ဂုဏ်ယူသည့် အပြုံးလေးဖြင့်

“ငါးနှစ်”

ယီဏာ ပြုံးနေမိသည်။ သူတို့တွေ အခုထိ လက်တွဲထားနိုင်သေးတယ်။

“အမတို့က လက်ထပ်ပြီးပြီလား”

ယီဏာ သူ့ကိုလက်မထပ်ချင်ခဲ့ဘူး။ လက်ထပ်ဖို့ ကိုအမြဲတမ်းရှောင်နေခဲ့တာ။ အခုလို ကိုယ့်ရှေ့မှာ စုံတွဲတတွဲတွေ့တော့ မေးကြည့်ချင်ခဲ့တာက။

“ပြီးခဲ့ပြီ။ ဒီဟိုတယ်ဖွင့်ပွဲပြီး တလ လောက်အကြာ လက်ထပ်ခဲ့တာလေ။ ခက အရမ်းဆိုးတယ် သိလား။ညီမလေး။ သူ့ကြောင့် အစောကြီးလက်ထပ်ဖြစ်သွား တာ”

အလင်းကြွေခ အနားသို့ ရောက်လာသည့် ဟိုတယ် ပိုင်ရှင်လေး လီလီ။ ခက လီလီ့ကို တချက်ကြည့်ပြီး

“ဒါဆို ပြောကြည့်ပါအုံး၊ကိုယ်က အရမ်းဆိုးတယ်ဆိုတော့ ဘယ်နေရာမှာဆိုးတာလဲ”

လီလီ မျက်နှာရဲ ခနဲ။ တဆက်ထဲ လက်တဖက်ကလဲ ခ ရဲ့ ဝမ်းဗိုက်ဆီသို့ ဦးတည်သွားသည်။

“အ”

“ဘာတွေလျောက်ပြောနေတာလဲ။ ကလေးရှေ့မှာ”

One to Two ~ Two to One (GL -U+Z)Where stories live. Discover now