Part 37

1.1K 71 5
                                    

Unicode version

Part 37

သတင်းစာရှင်းလင်းပွဲ အစအဆုံးကို ဆက် မငြီးငွေးတမ်းထိုင်ကြည့်နေသည်။ ဖေဖေ သူမအလုပ်ကို အခုလိုစိတ်ဝင်တစား လုပ်ပေးမယ်ဆိုတာ နည်းနည်းလေးမှ မထင်ထားခဲ့ဘူး။

“ကျတော့်သမီး သတိရပြီ။ မကြာခင်ပြန် လည်ဦးစီးနိုင်တော့မှာပါ”

ရုတ်တရပ် သူမရှေ့က LED ရဲ့ကင်မရာကို ဖွင့်လိုက်တဲ့အတွက် ဆေးသွင်းလက်စ အနေအထားဖြစ်နေသော ဆက်ရဲ့ရုပ်ပုံက Screen ပေါ်  ရောက်လာသည်။ ဆက် အနားကို လျှောက်လာနေတဲ့ ယီဏာ ပင်ခြေလှမ်းတံ့သွားသည်။

ဆက်ကလဲ ရှေ့ဆက်မတိုးဖို့ မသိ မသာ လက်ပြတော့ ယီဏာ နောက်ဆုတ်လိုက်သည်။

ဆက် ပြုံးပြပြီးနောက် သိပ်မကြာလိုက်။ ကင်မရာပြန်ပိတ်သွားသည်။ ဆက်က ချက်ချင်းပဲ ကိုဒီပါကို ကင်မရာဖြုတ်ဖို့ မေးဆက်ပြသည်။

ဖြုတ်ပြီးသည့်နောက်မှ သက်ပြင်းချကာ

“ဖေဖေက ဘာတွေလုပ်နေတာလဲ။တကယ်ပဲ”

နောက်ယီဏာဘက်လှည့်ကာ

“ယီဏာ လာ”

ယီဏာ ခပ်သုတ်သုတ်လေးပြေးလာသည်။ ကိုဒီပါ ‌အခန်းထဲက ထွက်သွားတော့မှ

“ဆက် ဒဏ်ရာတွေအများကြီးရထားတာဆို။ ဘာလို့ ကျမကို အသိမပေးတာလဲ။”

ဆက်က ပြုံးပြီး သူမ လက်ကို ဖမ်းဆွဲကာ
“အသိပေးဖို့အချိန်မရှိလိုက်ဘူး။ ပြိုင်ပွဲထဲကနေ ကို့ယ်ကိုဆွဲထုတ်လာရတာမို့”

ယီဏာ သက်ပြင်းချသည်။ သိပ်သဘောမတွေ့တဲ့အကြည့်နဲ့

“ဆက်က ဒီလောက်အန္တာယ်များတဲ့အလုပ်ကို ဘာလို့လုပ်တာလဲ။ကိုယ့်သူကိုယ် နည်းနည်း တော့သနားအုံးမှပေါ့”

ဆက်က

“မိသားစုတာဝန်လေ။ ဒါနဲ့ ယီဏာ အခြေအနေ ကော” ယီဏာ ခေါင်းညိတ်ရင်း ပြုံးသည်။

“အဆင်ပြေနေပါပြီ။”

ဆက် ထိုအခါမှ စိတ်ပူတာနည်းနည်း လျော့ ပြီး

“တော်သေးတာပေါ့။ ဒါဆိုရင် လက်ထပ် လို့ရပြီထင်တယ်”

ယီဏာ ရယ်လိုက်မိသည်။ နောက်ဆက်ကို အပြုံးလေးနဲ့ ကြည့်ပြီး

“အရင်နေကောင်းအောင် နေပါအုံး။ ဘာတွေလောနေတာလဲ”

ဆက်က သူမ ပါးကိုဖြစ်ဆွဲပြီး
“မလောလို့မရဘူးလေ။ ကိုယ်ပိုင်ဆိုင်ကြောင်း အသိပေးချင်နေ ပြီ။ ပိုင်ပြီးသားဆိုပေမယ့် လိုသေးတယ်”

ယီဏာ ပါးနှစ်ဖက်က ရဲတက်လာသည်။ ဆက် သူမကိုကြည့်ပြီးအသည်းယား လာသည်။

“စားချင်အောင်မလုပ်နဲ့နော်။”

“နေမကောင်းသေးဘဲနဲ့။ ဒါနဲ့စောတို့က”
ဆက်က

“ဖေဖေပြောတာတော့ ဆုံးသွားပြီတဲ့။ စိတ်မကောင်းဖြစ်မယ်ဆိုတာသိပေမယ့် နောက်တကြိမ်လွတ်ပေးလို့မဖြစ်တော့ဘူး။ ကိုယ့်ဘက်ကလျော့လဲသူတို့က မလျော့ဘူး”

ယီဏာ မျက်လွှာချသွားသည်။ တကယ်တော့ ကိုယ့်သွေးသားတွေမို့ ဝမ်းနည်းမိတာအမှန်ပင်။ သူမကို ဘယ်လောက်ပဲ ဒုက္ခပေးပေး။

“မကြာခင် ယီဏာ ရဲ့မိဘတွေနဲ့ ပြန်တွေ့ ရတော့မှာ။ပျော်ရွင်စရာကောင်းတဲ့ဘဝတခုကို ကိုယ်ကဖန်တီးပေးချင်တာ”

ယီဏာက အားတင်းထားသည့် အပြုံးမျိုးနဲ့
“ကျေးဇူးပါ။ဆက်။ကျမ လဲ ပျော်ဖို့ကြိုးစားမှာပါ”

ဆက်က
“တခြားထက် ကိုယ်တဲ့လက်ထပ်ဖို့ကို စဉ်းစား တော့။ ကိုယ် အတူတူနေချငိပြီ။”

“အခုလဲအတူတူနေရတာပဲလေ”

“မတူဘူး။ ဒါကြောင့် သိပ်မကြာခင်ကျင်းပ နိုင်မယ်ဆိုရင် အားလုံးအဆင်ပြေပြီ။”

ယီဏာ ခေါင်းမညိတ်မိပါ။ လက်ထပ်ဖို့က ဒီအတိုင်းမဖြစ်နိုင်ပါ။ သူနဲ့အတူတူ နေချင်ပေမယ့်။

&&&&&&&&&&&&&

ဆက် ရဲ့ဘယ်လက်မောင်းကို အုံးပြီးအိပ်ပျော်နေတဲ့ ယီဏာ။ ဆက် ပြုံး ပြီးကြည့်သည်။ သူမကဲ့သို့ ဆံပင် အတို မဟုတ်ဘဲ။ အရောင်ရောထားတဲ့ ဆံပင်တွေက မျက်နှာပေါ်ဝဲကျနေသည်။ လက်ချောင်းလေးများနဲ့အသာအယာ ဖယ်ပေးပြီးနဖူးလေးကို ငုံ့နမ်းသည်။

သူမရဲ့ ကိုယ်သင်းနံ့ လေးကြောင့် လွတ်မထွက်သွားအောင် ဖက်ထားသည်။
လက်ထပ်ဖို့ကို ခေါင်းမညိတ်သေးဘူး။ ဘာကြောင့်လဲသူမ သိပါတယ်။

ဘယ်သူမဆ်ု ဘဝမှာတကြိမ်ခန့်တော့ လက်ထပ်ခွင့်တောင်း ခံချင်မှာပဲ။

ယီဏာ ရဲ့ဆေးစစါချက်အဖြေသေချာပြီ ဆိုမှ သူမစီစဉ်ထားသည်။ပြီးတော့ ဦးဘုန်းကြွယ်နဲ့ ယီဏာ ကိုတွေ့ပေးရအုံး မည်။
ဦးဘုန်းကြွယ်ဘက်ကို စောင့်ကြည့်နေဆဲမို့။ သူမ ငြိမ်နေခဲ့သည်။ ယခုထိ ဒေါ်ကြည်ဖြူ နဲ့ စော ရဲ့ အသုဘအခန်းအနား မလုပ်သေး ပါ။ ဒီအခြေအနေက တခုခုကို ဝှက်ထားနိုင် တဲ့အတွက် ယီဏာ ကို မလွတ်ပေးနိုင် သေးပါ။

ဦးဘုန်းကြွယ် ကော သူ့ရဲ့သမီးဖြစ်သူကို လက်ခံပါ့မလား။ အနည်းငယ်လှုတ်သွားတဲ့ သူမ‌။ ဆက် သက်ပြင်းချလိုက်သည်။

ဘယ်လောက်ပဲစိတ်ချရတယ် ဆိုအုံးတော့ လောလောဆယ် ဒီနေရာက ခွာလို့မရသေး တာကသက်သေပြနေတာပဲ။

ဒီတော့။ မနက်ဖန် သူမ လှုတ်ရှားရမည်။ ဘယ်ကနေစလုပ်ရမလဲဆိုရင်။

*”””
ဆက်။ ဦးဘုန်းကြွာ်ရဲ့အိမ်ရှေ့မှာကားထိုး ရပ်သည်။ အတွင်းကို တချက်လှမ်းကြည့် ပြီး ကိုဒီပါတံခါးလှပ်ပေးသည်နှင့် ကားပေါ်ကဆင်း လာသည်။

မျက်မှန်ချွတ်ပြီး အိမ်ထဲလှမ်းဝင်လာချိန် ဦးဘုန်းကြွယ်ရဲ့ တအံ့တဩဖြစ်မှုနှင့် သိပ်မလိုလားတဲ့ အသွင်ဆောင် နေမှုကြောင့် ဆက် နောက်ပြန်လှည့်ရမလို ဖြစ်သွားသည်။
ဆက်က

“စောရဲ့သတင်းကို ကြားခဲ့ပါတယ်။ စိတ်မကောင်းပါဘူး။ကျမ လာခဲ့တာကလဲ သေသေချာချာသိဖို့ လိုအပ်လို့ပါ”

ဦးဘုန်းကြွယ်က သက်ပြင်းချပြီး ဧည့်ခန်းက ဆိုဖာ ကိုညွှန်ပြသည်။
“ထိုင်ပါ။ ကျတော်လဲ တွေ့ချင်နေတာ”

ဆက် ခေါင်းညိတ်ပြီး ဆိုဖာတွင် ဝင်ထိုင် သည်။
ဦးဘုန်းကြွယ်က

“စောရဲ့သတင်းကအတည် ပြုဖို့သိပ်မ သေချာ တော့ ကျတော်လဲ စောင့်ကြည့်နေ တာ”

ဆက်က
“စိတ်မကောင်းပါဘူး။ ကျမလဲ သတိပြန် ရလာတာ မကြာသေးဘူး။ ဒါကြောင့် ဦးဘုန်းကြွယ်ရဲ့သမီး ရှာဖွေနေတဲ့ အခြေအနေ သိချင်လို့ရောက်လာတာပါ”

ဦးဘုန်းကြွယ်က  သက်ပြင်းချသည်။
“စုံစမ်းထားပြီးပါပြီ။ မသေချာသေးလို့ စောင့်ကြည်ြနေတဲ့သဘောပါ”

ဆက်က
“ဘယ်သူများလဲ”

“ယီဏာ ဆိုတဲ့ကလေးမပါ။ DNA စစ်ပြီးရင် သိရပြီဆိုပေမယ့်  လောလောဆယ်။ အဲဒီကလေးမလေး ပျောက်နေတယ်။”

ယီဏာ ဘယ်မှာရှိတယ်ဆိုတာ ပြောလို့မရ သေးတဲ့အတွက် ဆက်က

“ဟုတ်ကဲ့ ကျမ ကိုပြန်ဆက်သွယ်လိုက်ပါ။ စောင့်နေပါမယ်”

ဦးဘုန်းကြွယ် လက်ခံသည်။

“အကယ်၍ တိကျသေချာတဲ့ တွေ့ထားရဂ် အမြန်ခေါ်လာပေးစေချင်ပါတယ်။ ဒါမှ နွယ်ရဲ့မေမေရဲ့ရောဂါကိုအမြန်ကုသနိုင်မှာ”

“ဟုတ်ကဲ့ ကျမ အခြေအနေကြည့်ပါအုံးမယ်”

ဦးဘုန်းကြွယ် ထပ်ပြီးမတောင်းဆ်ုတော့အါ။ ဆက် အိမ်ထဲကနေ ထွက်သွားပြီးတော့မှ အပေါ်ထပ်ကနေ ဆင်းလာတဲ့ စော။

စော အံကြိတ်ပြီးကြည့်နေသည်။
ဦးဘုန်းကြွယ်က စောကို လှမ်းကြည့်ပြီး
“စော ကိုယုံပြီးပြောလိုက်တယ်။ တကယ်ပဲ ယီဏာ ဆိုတာ နွယ်လေး မဟုတ်ဘူးလား”
စောက မဲ့ပြုံးနှင့်

“သေချာတယ်ဖေဖေ။ နွယ်လေးက ဆုံးသွား ခဲ့ပြီးပြီ။ စောကိုယ်တိုင် အတည်ပြု ခဲ့တာ။ စော သူနဲ့သွားတွေ့တဲ့အချိန် နောက်ကျသွားပြီ။

အခုလဲ ယီဏာ ဆိုတဲ့တယောက်ကို ခေါ်လာ ပြီး နွယ်လေး လိုဟန်ဆောင်ခိုင်းထားပုံပဲ။ သိပ်မကြာခင် ရောက်လာလိမ့်မယ်။
စော ပြောရဲတယ်”

ဦးဘုန်းကြွယ်က

“စော နဲ့ ဖြူတို့ အတွက် ဖေဖေကလဲ့စား ချေပေးမှာပါ။ ဦးဆက်ပိုင် သမီး ဖြစ်တ့ အပြင် အနာဂါတ်ခေါင်းဆောင် ဆိုတော့ ဖေဖေတို့ သတိထားရမယ်။

နွယ်လေးအတွက်လဲ တရားမျှတမှု ပြန်ယူရမယ်”

စော ခေါင်းညိတ်လိုက်သည်။ စိတ်ထဲကနေ တော့ကျေနပ်နေသည်။ ယီဏာ နဲ့ ဦးဘုန်းကြွယ် နှစ်ယောက်ကြားထဲ သွေးထိုး ထားပေးဖို့ပဲလိုတာ။

သူမကိုသတ်တဲ့ကိစ္စနဲ့ ဖေဖေက တခြားဘယ်သူ ပြောတာကိုမှယွုမှာ မဟုတ် ပေ။
စောတို့အတွက် အချိန်ကောင်းတခုကိုစောင့် ရုံအပြင် ဘာမှ မတက်နိုင်။မကြာခင် အချိန်မှာ ဆက် ကိုယ်တိုင် သူမတို့ရဲ့ သားကောင် ကိုလာထိုးကြွေးပါလိမ့်မယ်။

“စောတို့မိသားစုကို ကစားခဲ့တဲ့ ဆက်ကို နည်းနည်းလေးမှ မကျေနပ်ဘုး။
ဒါတွေကလဲ ယီဏာကြောင့် ဖြစ်ခဲ့တာပဲ။ ဒီတော့ နှစ်ယောက်လုံးကို တခါတည်းရှင်း ပစ်ရမယ်”

ဦးဘုန်းကြွံယ်ကလဲ

“အမှန်တရားကို ကြာကြာမဖုန်းကွယ်နိုင် ပါဘူး”

&&&&&&

“ယီဏာ။ တခါကကိုယ်ပြောဖူးတယ်နော်။ ယီဏာ ရဲ့မိဘတွေနဲ့ တွေ့ပေးမယ်ဆိုတာ”
ယီဏာ ပြန်စဉ်းစားမိသည်။ သူမ မိဘတွေက ဘယ်သူဆိုတာ ယီဏာ သိထား ပြီးသားမို့ ချက်ချင်းပြန်မဖြေနိုင်ပါ။

တွေ့လဲတွေ့ချင်သလို။ ခေါင်းငုံ့သွားသည်။
“ကျမ စိတ်ထဲမှာ သိပ်ပြီး ဘဝမကျ ဖြစ်နေတယ်။”

“ဘယ်လိုဘဝင်မကျတာလဲ”

ယီဏာက သူ့ကို မော့ကြည့်ပြီး

“ကျမက သူတို့သမီးဆိုရင် ဘာကြောင့် ‌လိုက်မရှာကြတာလဲ။”

ဆက် ငြိမ်နေသည်။ သူမ ဆက်ပြောမယ့် စကားကို နားထောင်ပေးနေသည်။
ယီဏာက

“ကျမ မှာ မိဘမရှိခဲ့လို့လားပဲ။ အခုနေတက် နေပြီ။ သူတို့ဘက်ကိ လိုလိုလားလားပြန်ရှာ မယ့်အချိနိကိုပဲ စောင့်ချင်တယ်။

ဆက် ရဲ့စေတနာကိုနားလည်ပါတယ်။ ကျမ ရဲ့အတိတ်အကြောင်းကို အရမ်းအာရုံ မစိုက်ပါနဲ့”

One to Two ~ Two to One (GL -U+Z)Where stories live. Discover now