Part-3

17.8K 1.3K 57
                                    

#Unicode

"ကိုကို"

လာပြန်ပြီ!!!

ဘယ်သူလဲဆိုတာကို လှည့်ကြည့်စရာမလို။ 'ခိုင်မြဲလွင်ပြင်' ဖြစ်သည်က လွဲစရာအကြောင်းမရှိ။ဟိုနေ့မနက် ကျွန်တော့်ကွန်ဒိုက ပြန်သွားသည့်နေ့မှစ၍ နေ့တိုင်း ဒီကောင်လေးအားတွေ့နေရသည်။

စောင်းသိုသိုသည် မိဘ၏လုပ်ငန်းများရှိသော်လည်း ကျောင်းပြီးကတည်းက ပန်းချီကိုသာ ဦးစားပေးဆွဲခဲ့ပြီး ပြခန်းမှာပြပေမယ့် ရောင်းချခြင်းမပြုခဲ့။ စိတ်ရှုပ်ထွေးချိန်၌ စိတ်တည်ငြိမ်စေရန် စုပ်ချက်များကိုသာ စိတ်နှစ်ခဲ့ရသောအချိန်များစွာ ရှိခဲ့၏။ နောက်ပိုင်း အခန်းအောင်းကာ ပန်းချီခန်းထဲသာ အချိန်များစွာကုန်ဆုံးနေသဖြင့် ကျန်းမာရေးထိခိုက်လာမည်ကို စိုးရိမ်သူ မိခင်က ကော်ဖီဆိုင်လေး ဖွင့်ရန် အကြံပေးလာသည်။ ကိုယ်တိုင်ကလည်း စိတ်ဝင်စားမှုရှိခဲ့၍ စီးပွားရေးလောကသို့ ကော်ဖီဆိုင်သေးသေးလေးဖြင့် အစပြုခဲ့သည်။

သုံးနှစ်အတွင်း အတော်ပင်အောင်မြင်လာခဲ့သည်။ ထို့ကြောင့် ဆိုင်ခွဲနှစ်ဆိုင်တောင် ဖွင့်ထားသေး၏။ သုံးဆိုင်လုံးကို ပုံမှန်အားဖြင့် မသွားဖြင့်သော်လည်း Reportတက်သမျှကို management လုပ်ခဲ့ရသည်။

ပုံမှန်မသွားဖြင့်ခဲ့ရခြင်းမှာလည်း 'ကိုကို'ကြောင့်သာ။ သူ့အပေါ်၌သာ အချိန်အားလုံး ပေးဆပ်ခဲ့ရသည်။ ယခုတော့ ပေးဆပ်စရာအကြောင်းမှ မရှိတော့ဘဲ။ ထို့ကြောင့် မူရင်းကော်ဖီဆိုင်သို့ ပုံမှန်သွားဖြစ်နေသည်။

ဒါကို ဒီကောင်လေးက ဘယ်လိုသိမှန်းမသိ။ ညနေတိုင်း ကော်ဖီဆိုင်သို့ လာကာ ရိသဲ့သဲ့ပြောသလို၊ရိသဲ့သဲ့လည်းလုပ်၏။

စိတ်ရှုပ်စရာလေး။

"ကိုကို လို့။ ကျွန်တော် ခေါ်နေတယ်လေဗျာ။"

"အလုပ်ချိန်မှာ လာမနှောင့်ယှက်နဲ့။"

"ကိုကိုက ဆိုင်ပိုင်ရှင်ပဲကို.."

"ဆိုင်ပိုင်ရှင် ဆိုပြီး လုပ်ချင်တာလုပ်လို့မရဘူး။ ငါက ငါ့ဝန်ထမ်းတွေအတွက် စံပြကောင်းပဲ ဖြစ်ရမယ်။"

သို (Tho) (Completed)Where stories live. Discover now