#Unicode
"မအေလိုး!!"
ကိုကို့ကို ကော်ဖီဆိုင်ပို့ပေးပြီး ဟန်ပိုင်၏ကွန်ဒိုသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ မတွေ့တာကြာတဲ့ ကျွန်တော်ကို ဟန်ပိုင် ကြိုဆိုလိုက်သည့်စကားကတော့ အဆဲလေးဖြင့်။
"ငါလိုးမို့ ငါဆဲတာလား!"
"ဘဲရပြီကတည်း ငါကိုပစ်သွားတာကိုး..ဘဲရအောင်လည်း လုပ်ပေးရသေးတယ်။ ငါ့ကျ ဖုန်းတောင်မဆက်ဘူး။ ငါခေါ်တော့ကျလည်း ဆယ်သွယ်ရေးကဘွားတော်နဲ့ပဲ တွေ့နေတာ။ အဲ့ဘွားတော်ငါ့ကိုကြွေနေလို့ ဖုန်းကို ကြားကနေများ ဖြတ်ပြောနေသလား ထင်ရတယ်။"
"ဟားဟား မင်းလိုကောင်ကို ကြိုက်မလား။ စောက်တလွဲ!"
"ဖင်ခံကွာ! ကျစ်! နေစမ်းပါဦး။ မင်းဖုန်းက ဘာလို့ဆက်မရတာလဲ။"
"ကိုကိုတို့မိသားစုနဲ့ နယ်ဘက်ကို အလှူကိစ္စနဲ့သွားနေတာ။ ရွာက နည်းနည်းခေါင်တော့ ဖုန်းလိုင်းလည်းမမိဘူး။"
ဟန်ပိုင်ကြည့်ရတာ တစ်ခုခု ထူးဆန်းနေ၏။ အလျင်လိုနေသည့်ပုံစံမျိုး။ အရင်က မာမီ့အလုပ်ကိစ္စနဲ့ USကို တစ်လလောက်ပြန်တာတောင် ဖုန်းတစ်ချက်မဆက်ဘဲ သူ့စော်လေးတွေနဲ့ သာယာနေတဲ့သူက အခုတော့ သုံး၊လေးရက်လောက်ပျောက်သွားတာကို အသည်းအသန် ဖြစ်ပျက်ပြနေ၏။
တစ်ခုခုတော့ မူမမှန်တဲ့အငွေ့အသက် ရရှိနေချေပြီ!
ဟန်ပိုင်၏နှာဖူးကို မြဲက လက်နှင့်စမ်းပြီး တစ်ကိုယ်လုံးကို သေချာလှည့်ပတ်ကြည့်တော့..
"မင်းမေလင်ကို ကြည့်တာလား!"
"မင်းထူးဆန်းနေသလားလို့။"
"ဘာကိုလဲ။"
"ငါ့ကိုများ ကြိုက်နေတာလား။"
"အဲ့လိုထင်တဲ့မင်းဦးနှောက်ကို ခွေးကျွေးလိုက်!"
"ကိုကိုပိုင်တဲ့အရာကို ခွေးကျွေးစရာလား။"
"ဘော! ကျစ်! မပြောင်နဲ့။ ငါ လက်ထပ်ရတော့မှာ!"
"အမယ်! ငါ့ကို နောက်လို့ရမယ် ထင်နေတာလား။"
"တကယ်ပြောနေတာဟ!"
"ဟမ်"
"ကောင်လေးတစ်ယောက်နဲ့တဲ့။"
YOU ARE READING
သို (Tho) (Completed)
Teen FictionPreview... ခိုင်မြဲလွင်ပြင် က သိပ်ချစ်တတ်ပြီးဂရုစိုက်တတ်တယ် ဒါပေမယ့် ရိုင်းစိုင်းတယ်။ Original Artist twitter ID- @bearbrickjia