Part-17

10.3K 743 7
                                    

#Unicode

ဆိုင်ထဲပြန်ဝင်လာတော့ အကောင်တစ်ကောင်က ကိုကို့အနားမှာ ယောင်လည်လည်လုက်နေတာကြောင့် ဒေါသတချို့ကထောင်းခနဲ။ သို့သော် ကိုကိုကလည်း မျက်နှာထား တင်းတင်းနဲ့မို့ ဆက်နားထောင်နေလိုက်သည်။

ငါလိုးမသား! စောက်ဆင့်မရှိတာ..

"မအေလိုး! ခွေးသူတောင်းစား!!"

"မောင်!"

မောင်က ဝင်လာပြီး မျက်နှာကို တစ်ချက်ပြီးတစ်ချက် ပိတ်ထိုးနေသည်။ ဟိုကောင်လေးကလည်း မောင့်ကို ပြန်ထိုးလေသည်။ သို့သော် လူကောင်ထွားပြီးသွက်သည့်မောင့်ကိုတော့ မနိုင်ပေ။ မောင်က အပေါ်ကနေခွကာ မနားတမ်း ထိုးနေသည်။

ဆိုင်မှ လုံခြုံရေးများက ဝင်ဆွဲမှ လူစုကွဲသွားသည်။ ဒါတောင်အဝေးကနေ မောင်က လှမ်းကန်လိုက်သေးသည်။

"မအေလိုး!လူပါးဝလို့ ငါ့လူကိုများ လာထိရဲတယ်။"

"မင်းကြည့်နေ မင်းလူက ငါ့လူဖြစ်လာစေရမယ်။"

"ခွေးမသား! အသက်ရှည်ရတာ ပင်ပန်းနေပြီလား။ ဟမ်!"

"ဟက်! ခင်များလေးက လူရွေးတာညံ့တယ်နော်။ ဒီလို အရိုင်းအစိုင်းကို ချစ်သူတော်ထားရတာ စိတ်တော်တော်ပင်ပန်းမှာပဲ။"

"ငါလိုးမသား! လူစကားနားမလည်ဘူးလား။ ထွက်သွားစမ်း! မင်းကို သတ်မိလိမ့်မယ်"

ဆွဲနေသည့်လူများလည်း မနိုင်ချေတော့ နှစ်ယောက်လုံးက အားသန်လွန်းနေသည်။ ကျွန်တော် ဝင်မဆွဲရင် မောင်က ငြိမ်တော့မည်မဟုတ်ပါ။ ရင်ဘတ်ကို လက်နဲ့ပွတ်သတ်လိုက်တော့ လှည့်ကြည့်လာသည်။

"မောင် တော်တော့နော်..ဒီလိုကောင်မျိုးနဲ့ ရန်မဖြစ်နဲ့တော့။ ငါက မောင့်ကို သိပ်ချစ်တာကို သိတယ်မလား။"

ကျားရိုင်းတစ်ကောင်၏အသွင်ကနေ ကြောင်လေးတစ်ကောင်အသွင်သို့ ပြောင်းသွားချေပြီ။ ထောင်တက်နေသည့်အကြောတွေအကုန် လျော့ကျသွားပြီး သိုသိုကို ပြုံးပြပြီး ခေါင်းငြိမ့်ပြသည်။ ခေါင်းကို ပုတ်ပေးလိုက်တော့ တဖြေးဖြေးချင်း နူးညံ့လာသည့်ကောင်လေး။

သို (Tho) (Completed)Where stories live. Discover now