#Unicode
ညကကောင်းကောင်းမအိပ်လိုက်ရပါ။ မောင်က ကျွန်တော့်ထက်ပိုပြီး ချေးများပါ၏။ မွေ့ယာနှင့်ဖက်လုံးမပါသဖြင့် မအိပ်တက်ဟုဆိုကာ တစ်ညလုံး ဘယ်လှိမ့်လိုက်၊ညာလှိမ့်လိုက်ဖြင့်။ ဘေးကနေလှုပ်စိစိဖြစ်နေတော့ ကျွန်တော်လည်း အိပ်မရ။ နောက်ဆုံး 'ငါ့ကို ဖက်လုံးလို့ သဘောထားပြီး အိပ်တော့ကွာ'လို့ ပြောမှ သူ့ရင်ခွင်ထဲ ကျွန်တော့်တစ်ကိုယ်လုံးကို သွပ်သွင်းကာ အိပ်ပျော်သွားလေသည်။ သူအိပ်မှ စိတ်ဖြောင့်ဖြောင့်ဖြင့် အိပ်နိုင်တော့သည်။
ယခုလည်း သူကြီးကတော်ရဲ့ဘုရားရှိခိုးသံရယ်၊ကြေးစည်တီးသံရယ်ကြောင့် နိုးထလာရသည်။ မောင်ကတော့ ကျွန်တော့်ကို ဖက်ထားသည်မှာ တင်းနေတာပဲ။ တကယ်ဖက်လုံးများ မှတ်နေသလား ဟု အောင်းမေ့ရသည်။ ထဖို့အတွက် မောင့်လက်တွေကြားမှ ရုန်းထွက်ပါသော်လည်းမရ။ သန်မာလွန်းသည့်လက်များကို စောင်းသိုသိုတစ်ယောက် ဘယ်လိုနည်းနဲ့မှ မဖယ်ရှားနိုင်ပါချေ။
မောင့်မျက်နှာလေးက အိပ်ပျော်နေသည့်အချိန်မှာတောင် ချောမောနေသည်!
ပြူတင်းပေါက်ကို လှမ်းကြည့်မိတော့ ဝေလီဝေလင်းအချိန်သာ ရှိသေး၏။ ကျေးလက်၏ထုံးစအရ မနက်စောစောစီးစီး လှုပ်လှုပ်ရှားရှားဖြစ်နေကြသည့်အသံများက အတိုင်းသာကြားနေရ၏။
အိပ်ရေးမဝသေးသော်ငြားလည်း ကိုယ်က ဧည့်သည်ဖြစ်နေသည်မို့ ထသင့်ချေပြီ။ အလှူကိစ္စကြောင့်လာခဲ့တာဖြစ်သည်မို့ အပျင်းတစ်မနေတော့။ ကိုယ်တစ်ယောက်တည်း ထလို့တော့ရမှာ မဟုတ်။ ထို့ကြောင့် မောင့်ကို နိုးရတော့သည်။
"မောင်ရေ.."
"မောင် ထတော့ကွာ.."
"ထတော့လို့ ကလေးလေးရေ.."
ဘယ်လောက်ခေါ်ခေါ် အင့် အင့် နှင့် မျက်လုံးပင် ဖွင့်မလာ။ မောင့်ကို နိုးနေတာကြာလာသည်နှင့်အမျှ စိတ်တိုလာသည်။
အဲ့လောက်တောင် ခိုင်မြဲလွင်ပြင်ကို နိုးရတာ သိပ်ခက်ခဲပါသည်!
ကြည့်နေ စောင်းသိုသိုအကြောင်း သိမယ်!
ဒုတ်။
YOU ARE READING
သို (Tho) (Completed)
Teen FictionPreview... ခိုင်မြဲလွင်ပြင် က သိပ်ချစ်တတ်ပြီးဂရုစိုက်တတ်တယ် ဒါပေမယ့် ရိုင်းစိုင်းတယ်။ Original Artist twitter ID- @bearbrickjia