Part-32

9.3K 579 0
                                    

#Unicode

"မောင်...."

"ငါလေ ပျော်သလိုလို၊ဝမ်းနည်းသလိုလိုကြီး။"

"မတွေ့တာကြာတဲ့မားမားတို့ကို ပြန်တွေ့ရမှာမို့ နေမှာပါ။"

"ဟုတ်မှာ....မောင် ပါးပါးနဲ့မားမားကလေ သားလေးကို ချစ်လောက်လားဟင်"

"ချစ်မှာပေါ့ဗျာ....ဒီလောက်ချစ်စရာကောင်းတဲ့ကလေးလေးကို။ ကိုကိုသိလား....မောင်တို့သားက ချစ်စရာအကောင်းဆုံးပဲ။"

"ဟုတ်တယ်နော်....ငါတို့သားက အဖိုးတန်လေး"

မောင်က လမ်းတည့်တည့်ကို ကြည့်ပြီး ကားမောင်းနေရာမှ သားကိုပွေ့ချီထားသည့်ကျွန်တော့်ဘက်ကို လှည့်ကာ မောင့်ရဲ့လက်ချောင်းရှည်တို့ဖြင့် ကျွန်တော့်ခေါင်းကို ထိုးဖွရင်း အစွယ်လေးနှစ်ဖက်ပေါ်သည်အထိ ပြုံးပြနေသည်။ မောင်ကလေ ငါ့အတွက် အဖိုးတန်လွန်းသည်။ သားထက်တောင်မှ ပိုပြီးအဖိုးတန်သေးသည်။ မောင်သာမရှိရင် သားလေးဆိုတာ ရှိလာစရာအကြောင်းမှမရှိတာလေ။

ပြီးတော့ မောင့်မှာက နွေးထွေးမှုပေးမယ့်မိဘတွေမရှိခဲ့ပါ။ သားမှာကတော့ ကျွန်တော်တို့နှစ်ယောက်လုံးရှိသေးသည်။ ဒါ့အပြင် မားမားနဲ့ပါးပါးလည်း ရှိသည်။ မောင်မှာတော့ ကျွန်တော်တစ်ယောက်ပဲ ရှိသည်။

ကျွန်တော့်ဘဝအတွက် မောင်ကအဖိုးတန်ဆုံးဆုလာဘ်ဆိုပါလျှင် သားကလည်း ထိုနည်းလည်းကောင်းပါပဲ။ နှစ်ယောက်လုံးက မရှိမဖြစ်အရာလေးတွေ။

"မောင်....ဟန်ပိုင်နဲ့အဆက်အသွယ်မလုပ်ဘူးလား။"

"မနေ့က ဖုန်းဆက်လိုက်တယ် ကိုကို"

"ဘာပြောလဲ...."

"မြန်မာပြည်ကို ပြန်လာခဲ့မယ်တဲ့။ မောင်နဲ့တွေ့ချင်လို့တဲ့လေ.....ပြီးတော့ သူတို့ကွာရှင်းထားတယ်။"

"ဟမ်! ဟန်ပိုင်နဲ့ရာသီမိုးနဲ့လား!"

"ဟုတ်..."

"ဘာလို့လဲ....ကြာပြီလား။"

"မောင်လည်း မသိဘူး။ ဖုန်းထဲက ပြောမကောင်းလို့ လူချင်းတွေ့မှပဲ ပြောချင်တယ်တဲ့။"

"ဟင်....ဟန်ပိုင်အဆင်ပြေရဲ့လား။"

"ပြေမှာလား...."

သို (Tho) (Completed)Where stories live. Discover now