#Unicode
This part contain 'mature content'.So ,if you're under 18, don't read and skip it.
ကိုကို့ကို ပေးထားသည့်ကတိကြောင့် သည်းခံနေရသည်။ လွယ်ကူလွန်းနေတာတော့ မဟုတ်ပါချေ။ ကိုယ့်ရှေ့မှာ ကိုယ့်အမျိုးသားကို အဲ့လိုထိကပါး၊ရိကပါး ပြောနေတာတွေကတော့ အဆင်ပြေမနေဘူး။ စိတ်ရှိသည့်အတိုင်းသာဆို အဲ့ကောင်သေပြီ။
အခုတော့ ပြောနေတာတွေကိုလည်းကြည့်ဦး အမျိုးသားရှိပါတယ်ဆိုတာတောင် သဘောကျလို့ပါတဲ့။ တစ်ဆိတ်လောက် ဒါကတော့ အဲ့ခွေးကောင် လွန်နေပြီမလား။
သည်းခံနိုင်သည့်အတိုင်းအတာကို ကျော်လွန်သွားပြီ။ စိတ်ကို လွတ်ပေးလိုက်သည်နှင့်တစ်ပြိုင်တည်း ဘာကိုမှမမြင်နိုင်တော့ဘူး၊မကြားနိုင်တော့ဘူး။ ဒါပေမယ့် ကိုကိုစကားသံလေးကြောင့် တုန့်ခနဲ ရပ်သွားမိသည်။
ကျွန်တော့်ကို ကိုကိုက စိတ်တိုနေပြီတဲ့။ ကျွန်တော်မှားသွားပြီလား။ ကိုကို့ကို စိတ်တိုအောင်လုပ်ခဲ့မိတာကလေ။ တောင်းပန်ပါတယ် ကိုကို။ တကယ်စိတ်မထိန်းနိုင်ခဲ့တာမို့ပါ။
ဟိုကောင်က ဒါတောင်မရပ်နိုင်သေးဘူး။ ဘာတဲ့ ကျွန်တော်က ကိုကို့ကို တကယ် မချစ်ဘူးတဲ့လား။ မင်းက ဘာသိလို့လဲ ခွေးမသားရဲ့!
စိတ်ထပ်လွတ်မိတော့မလို ဖြစ်သွားပေမယ့် ကိုကို့ရဲ့ဒေါသတကြီးအော်သံလေးကြောင့် တွန့်ခနဲ။
"မင်းကို ငါကတိတည်မယ်ထင်ခဲ့တာ။ ဒါပေမယ့် မင်းက ငါ့ကိုပေးတဲ့ကတိထက် မင်းဒေါသကိုပဲ ရွေးချယ်ခဲ့တာ..."
"အဲ့လိုမဟုတ်ဘူး..ကိုကို! အဲ့ခွေးကောင်ပြောတာတွေက တရားလွန်နေတာကို သည်းခံနေရအောင် မောင်က တရားပေါက်နေတဲ့ကောင်မဟုတ်ဘူး!"
"လာ...မအော်နဲ့ ခိုင်မြဲလွင်ပြင်! မင်းအမှားကို မြင်တတ်အောင်ပြောနေတာ။ ထစ်ခနဲ့ရှိ ထိုးတာ၊ကြိတ်တာကလွဲပြီးကျန်တာမလုပ်တတ်ဘူးလား ဟမ်!"
"ကိုကို့ကို ချစ်လွန်းလို့ဖြစ်နေတာဆိုတာရော သိရဲ့လား။"
"အချစ်တစ်ခုတည်းနဲ့ မကိုင်ပေါက်နဲ့။ အချစ်အတွက်ဆိုပြီး ရူးမိုက်နေစရာမလိုဘူး။ မင်းကအတ္တကြီးနေတာ။ ငါ့ကိုမယုံကြည်နေတာ။ ဒီတိုင်းဆို ရှေ့ဆက်ဖို့ ခက်လာလိမ့်မယ်!"
YOU ARE READING
သို (Tho) (Completed)
Teen FictionPreview... ခိုင်မြဲလွင်ပြင် က သိပ်ချစ်တတ်ပြီးဂရုစိုက်တတ်တယ် ဒါပေမယ့် ရိုင်းစိုင်းတယ်။ Original Artist twitter ID- @bearbrickjia