Part-22

9.1K 661 6
                                    

#Unicode

ဒေါက် ဒေါက်။

တံခါးခေါက်သံကြောင့် အလျင်အမြန်ထသွားလိုက်မိသည်။ မနေ့ညက မျက်ရည်နှင့်သာ အဖော်ပြုခဲ့ရသည်မို့ ရောင်နီလာတဲ့အချိန်ရောက်တာကိုတောင် သတိမထားမိခဲ့ပါ။ မှန်ထဲကြည့်မိတော့ မျက်သားများက နီရဲနေပြီး မျက်ခွံနှစ်ခုက ထိလုလုနီးနီးအထိ မို့အစ်နေသည်။ တညလုံးလည်း မအိပ်ထားတာကြောင့် မျက်ကွင်းများကညိုလို့ နေသည်။ ခန္တာကိုယ်ကလည်း အားပြတ်သလိုပင် နွမ်းနယ်နေရသည်။ နှုတ်ခမ်းရဲရဲဖူးဖူးလေးကနေလည်း ဖြူဖျော့နေပြီ။

"အကို!အဲ့လိုကြီး မနေပါနဲ့လားဗျာ...လွင်ပြင်အတွက် အားတင်းပြီး ကျန်းမာရေးထိခိုက်အောင်တော့ မလုပ်ပါနဲ့ဗျာ..."

"အင်း..."

အခန်းတံခါးဖွင့်ပြီး စောင်းသိုသိုကို မြင်သည်နှင့် စိတ်ပူကာ ပြောလာသည့်ဟန်ပိုင်အားလည်း ဘာမှ ပြန်မပြောချင်မိ။ ထို့ကြောင့်'အင်း'တစ်လုံးထဲသာ ပြောလိုက်မိသည်။

"Darling အကို့ကို ခေါ်ခဲ့တော့နော်...breakfast's ready!"

"လာခဲ့မယ်...Love"

"အကို..လာပါ။ မနက်စာတော့ စားမယ်မလား။"

"အကိုမစားချင်ဘူး ဟန်ပိုင်။"

"အကိုကလည်းဗျာ...လွင်ပြင်သိရင် ကျွန်တော့်ကို သတ်လိမ့်မယ်။ အကိုသူ့ကို ကျန်းကျန်းမာမာနဲ့ စောင့်နေရမှာလေ...အဲ့တာမှ သူလည်းပျော်နိုင်မှာလေ။"

"အကို..."

"ဘာမှမပြောနဲ့တော့ဗျာ..လာပါ စားကြမယ်။"

စကားဆုံးအောင် ပြောခွင့်မပြုတော့ဘဲ လက်ကိုဆွဲခေါ်လာသည့် ဟန်ပိုင်ကြောင့် ဆက်မငြင်းနိုင်တော့ပါ။ သူ့ခေါ်ရာနောက်သာ အလိုက်သင့်ပါလာရသည်။

"Morning Ako! I prepared fried bread with egg for you.Do you like it?"
(Morningပါအကို..အကို့အတွက် ပေါင်မုန့်ကြက်ဥကြော် ပြင်ပေးထားတယ်။ ကြိုက်ရဲ့လား။)

"I like it.Thanks YarTi"

အပြုံးများဖြင့် ဆီးကြိုကာ ကျွန်တော့်ကို အားပေးချင်ဟန်ရှိနေသည့်ရာသီမိုးကြောင့် အပြုံးယဲ့ယဲ့လေးဖြင့် ကျေးဇူးတင်စကားပြန်ပြောနေမိသည်။

သို (Tho) (Completed)Donde viven las historias. Descúbrelo ahora