Part-20

10.4K 706 0
                                    

#Unicode

"Loveရေ..."

အားလုံးပြင်ဆင်ပြီးသည်နှင့် ရာသီမိုးအခန်းထဲသို့ ဝင်လာခဲ့တော့ မှန်ကြည့်စားပွဲကို မျက်နှာချင်းဆိုင်ကာ ထိုင်နေသည်မို့ နောက်ကျောပြင် လုံးလုံးလေးကိုသာ မြင်ရသည်။

ကျွန်တော်ဝင်လာသည်နှင့် Designerနဲ့ Make up artists တို့လည်း သူတို့တာဝန်တွေပြီးသွားလို့ ထင်ပါရဲ့ အလျှိုလျှိုထွက်သွားကြသည်။

"ဂျာ..Darling"

အဟက်! မပီမသနဲ့ အနောက်တိုင်းသားလေးက မြန်မာစကားကို သေချာမကျွမ်းကျင်သေးပါ။

"ဗျာ..လို့ထူးရတယ် Loveရဲ့။"

"ကျာ..Right?"

"မဟုတ်သေးဘူး။ ဗျာ..ဗျာ.."

"ဗျာ..မှန်လား။"

"မှန်သွားပြီ.."

စကားပြန်ပြောရင်း ထိုင်ခုံမှထပြီး ဒီဘက်လှည့်လာတော့ တမူးထူးလေးဖြင့် ချောမောလွန်းနေသည်။

Dark tuxedo ကို ဝတ်ဆင်ထားသဖြင့် ကိုယ်ထည်လှလှလေးသည် ပေါ်လွင်နေသည်။ အဖြူရောင်Shirtကိုအောက်ခံဝတ်ထားပြီး Suspendersအနက်ရောင်ကို တပ်ထားသေးသည်။ Cummerbundအနက်ရောင်ကို Shirt၏အပေါ်၌ ဝတ်ထားသည်။ Bow tieအနက်ရောင်လေးနှင့်လည်း အမှန်တကယ် လိုက်ဖက်လှသည်။ Oxford Leather shoe အနက်ရောင်ကလည်း ပြောင်လက်နေသည်။ ရင်ဘတ်၌ ထိုးထားသော ရင်ထိုးလေးကလည်း စိန်များစီခြယ်ထားသည်မို့ တဖျတ်ဖျတ်လက်နေသည်။

ဆံပင်ကိုလည်း သေချာဖြီးပြင်ဆင်ထားကာ အနောက်ကို လှန်တင်ထားသည်မို့ မျက်နှာနုနုလေးသည် ပြောင်ရှင်းနေသည်။ မိတ်ကပ်အကူလေးပါသည်မို့ ပြောင်စိုကာ ပန်းရောင်သန်းနေသည်။ နဂိုကတည်းက အသားအရေကောင်းသူမို့လည်း ဖြစ်လိမ့်မည်။

"Darling ဘာပြောစရာရှိလို့..."

"လာကြည့်တာ...ကိုယ့်သတိုးသားလောင်းလေးကို။"

"How's? Am I looking good?"

"Perfect!"

"So do you,Darling!"

တိမ်ထက်ဟန်ပိုင်ကတော့ အနက်ရောင် long blazer suitကို ဝတ်ဆင်ထားပြီး ကျယ်ပြန့်သော ပုခုံးတို့ကြောင့် ခန့်ညားသောအမျိုးသားတစ်ဦး၏အသွင်ကို ဆောင်နေသည်။ Formal Vest အမဲရောင်ရယ်ကို ဝတ်ဆင်ကာ အောက်ခံက Shirtအဖြူရောင်ဖြစ်သည်။ Suit pant အမဲရောင်ရယ် Oxford leather shoeရယ်ကတော့ သားနားလွန်းနေသည်။ Tie အနက်ရောင်ကလည်း ထင်ပေါ်နေပြန်သည်။

သို (Tho) (Completed)Where stories live. Discover now