#Unicode
"ဘာ!!!"
"ဘယ်လို!!!"
ပါးပါးတို့၏အော်သံနောက်၌ မြဲတစ်ယောက် နှာဖူးပြင်ထက် ချွေးစီးများကျနေလေသည်။ လက်ကိုလည်း ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။
"အန်ကယ်တို့အနေနဲ့ လက်ခံပေးဖို့ တောင်းဆိုပါရစေဗျ။ ကိုကို့ကို ကျွန်တော့်အနေနဲ့ လုံးဝ လက်မလွတ်နိုင်ပါဘူး။ ပြီးတော့ ကိုကိုမရှိရင် ကျွန်တော်သေမှာ။ ကိုကိုကလည်း ကျွန်တော်နဲ့ထပ်တူပါပဲ။ ဟုတ်တယ်မလား ကိုကို"
သူ့ဘာသူတစ်ယောက်တည်း တရစပ်တွေပြောပြီး ကိုယ့်ကိုပါ အဖော်လာညှိနေသည့်ကောင်လေးက သိပ်ချစ်စရာကောင်းပါသည်။
"ဟုတ်တာပေါ့..ငါကလည်း မောင့်ကို မရရင် သေမှာ.."
"အန်ကယ်တို့ ကြားတဲ့အတိုင်းပါပဲ။"
ဒီကောင်လေး၏စကားသည် အထက်စီးဆန်လွန်းလှ၏။ 'အန်ကယ်တို့သားက ကျွန်တော့်ကို မရရင်သေမှာမို့ ကျွန်တော့်ကိုပေးပါ'ဆိုသည့် စတိုင်လ်မျိုး။ သို့သော်လည်း ကလေးတစ်ယောက်က မုန့်တောင်းနေသည်ပုံစံလို ဖြစ်နေသဖြင့် အချစ်ပိုရပါသည်။
"ပြီးတော့ ကျွန်တော်က အဘက်ဘက်က ပြည့်စုံတယ်ဗျ။ အဲ့လိုလူမျိုးကို အန်ကယ်တို့ ရှာဖို့ ခက်ပါတယ်။ တကယ်လို့ ရှာတွေ့ရင်တောင်မှ အဲ့လူက ကျွန်တော့်လောက် ကိုကို့ကို ချစ်နိုင်မှာ မဟုတ်ပါဘူး။ ဟုတ်တယ်မလား။ အန်တီနဲ့အန်ကယ် စဥ်းစားကြည့်ဗျာ.."
မြဲ၏နောက်ဆက်တွဲစကားများကြောင့် ရီချင်စိတ်က ထိန်းမရ။ ပါးပါးတို့ကို လှမ်းကြည့်မိတော့လည်း ပြုံးစိစိတွေ ဖြစ်နေကြပြီ။
ပြောချင်ရာပြောနေသော ကောင်လေးကတော့ သတိမထားမိ။ ခေါင်းကြီးငုံ့ထားသည်မှာ ကြမ်းပြင်နှင့် ထိလုမတက်။ အမေ့ကို လိုချင်တာပူဆာပြီးမှ ဘယ်အချိန်ထရိုက်တာ ခံရမလဲ ဟု တွေးကာ ကြောက်နေသောပုံစံလေး။
ကျွန်တော် ပြောတယ်မလား 'ခိုင်မြဲလွင်ပြင်လေးဟာ သိပ်ချစ်စရာကောင်းတာပါဆို'။
"မင်းက ဘာတွေပြည့်စုံနေလို့လဲ။ အန်တီတို့သားက အန်တီတို့အတွက် အဖိုးတန်လေးလေ။ မင်းကို မပေးနိုင်ပါဘူးကွယ်.."
YOU ARE READING
သို (Tho) (Completed)
Teen FictionPreview... ခိုင်မြဲလွင်ပြင် က သိပ်ချစ်တတ်ပြီးဂရုစိုက်တတ်တယ် ဒါပေမယ့် ရိုင်းစိုင်းတယ်။ Original Artist twitter ID- @bearbrickjia