#Unicode
At Dinner,
"ရာရာ ဘာစားမလဲ။"
"ရတယ် ဘာဖြစ်ဖြစ်.."
"မင်းတို့ရော.."
"ငါကရတယ်။ ကိုကို့ကတော့ ခြေလေးချောင်း၊ခြေနှစ်ချောင်းမစားဘူး။"
Waiterလေးကို ခေါ်ပြီး ဟန်ပိုင်ကပဲ အားလုံးအတွက် မှာပေးလိုက်သည်။
"Slad 3ပွဲ၊ Beef steak 3ပွဲ၊ အကို အစပ်စားလား။"
"စားတယ်..ညီလေး"
"အဲ့ဆို spicy sea food with coconut 1ပွဲ၊ european style Noodle with shrimp ၊ Chicken curry with white wine 1ပွဲ အမ်..ဘာသောက်ကြမလဲ။"
"Red wineတစ်ပုလင်းလောက် မှာလိုက်လေ.."
မြဲပြောသည့် အတိုင်း Red wine မှာလိုက်သည်။
ခဏနေတော့ မှာထားတာတွေ တစ်ခုပြီးတစ်ခု လာချပေးသည်။ မြဲကတော့ ရာသီမိုးကို လှည့်ပြီးတစ်ချက်ပင်မကြည့်။ သိုသိုကိုသာ အရိပ်တကြည့်ကြည့်ဖြင့် အစစအရာရာလိုက်လုပ်ပေးနေ၏။
ပုဝါလေး ယူပြီး ဖြန့်ကာ သိုသိုပေါင်ပေါ်တင်ပေးသည်။ ပြီးနောက် အင်္ကျီမှာ ချိတ်ပေးသည်။ ဇွန်း၊ခရင်းတွေကို တစ်ရူးဖြင့် သုတ်ပေးသည်။ ဂဏန်းအခွံနွှာပေးသည်။ ဒါကို လိုက်ကြည့်နေသည့် ဟန်ပိုင်ကတော့...
"ဟေ့ကောင်..အကိုက ငါးနှစ်သားကလေး မဟုတ်ဘူး။မင်းထက် အသက်ကြီးတယ်။ အဲ့လောက် စောက်ကဲပိုပြမနေနဲ့။ မျက်စိနောက်တယ်။"
"မပိုပါဘူး။ အိမ်မှာဆို ပေါင်ပေါ်တင်ပြီးတောင် ခွန့်ကျွေးတာ..အခုက မင်းတို့ရှေ့မို့ ခွန့်တောင်မကျွေးရဘူး။"
"မောင်! လျှောက်ပြောမနေနဲ့။"
"အေး!ပြောမိတဲ့ ငါမှားတာ.."
ရာသီမိုးကတော့ ငြိမ်ငြိမ်လေးထိုင်ကာ ဟိုဘက်ကြည့်လိုက်၊ဒီဘက်ကြည့်လိုက်ဖြင့်။
"ရာရာ များများစားနော်..ကိုယ်ထည့်ပေးမယ်။"
"No need!"
"ဟားဟား! မင်းက ငါ့လို လိုက်လုပ်ချင်တာပေါ့။ ဟက်! မလိုဘူးတဲ့။ ထည့်ပေးချင်ရင် ငါ့လာ ထည့်ပေး။"
တဟားဟားအော်ရီနေသော ခိုင်မြဲလွင်ပြင်ရယ်၊ မလိုဘူးလို့ပြောတဲ့ရာသီမိုးရယ်ကြောင့် တိမ်ထက်ဟန်ပိုင်တစ်ယောက် ပေါက်ကွဲချေပြီ။
YOU ARE READING
သို (Tho) (Completed)
Teen FictionPreview... ခိုင်မြဲလွင်ပြင် က သိပ်ချစ်တတ်ပြီးဂရုစိုက်တတ်တယ် ဒါပေမယ့် ရိုင်းစိုင်းတယ်။ Original Artist twitter ID- @bearbrickjia