#Unicode
တရိပ်ရိပ်မူးနောက်ကာ ကိုက်ခဲနေသော ဦခေါင်းနှင့်အတူ ခါးကလည်း အနည်းငယ်နာနေ၏။ ပြူတင်းပေါက်မှ ဖြာကျနေသော ရောင်စဥ်သွယ်အလင်းတန်းတို့ကြောင့် မျက်လုံးစူးကာ ပြန်မှိတ်လိုက်ရ၏။
နည်းနည်းပါးပါး လှုပ်ကြည့်တော့ ခါးနှင့်အောက်ပိုင်းတစ်နေရာက အနည်းငယ် နာကျင်နေ၏။ ထိုကြောင့် မနေ့ညက အဖြစ်အပျက်များကို ပြန်စဥ်းစားကြည့်တော့ အရက်ဆိုင်မှစ၍ အိမ်ရောက်သည်အထိ ပုံရိပ်များက တရိပ်ရိပ် ပြန်ပေါ်လာ၏။
သေစမ်း! စောင်းသိုသိုရဲ့လူကြီးဆန်တဲ့ပုံရိပ်လေးတော့ သွားပါပြီ!
အိမ်ရောက်သည်နှင့် ပြောခဲ့သမျှ လုပ်ခဲ့သမျှကလည်း ခေါင်းထဲမှာ အပြိုင်အဆိုင်လုယက်ဝင်ရောက်လာတော့ ပါးပြင်ထက်က ထူပူလာပြီး ကိုယ့်မျက်နှာကို ဓားနဲ့မွှန်း လိုက်ချင်သည့်အထိ ရှက်ရွံလာရသည်။
ကိုယ့်ထက်အငယ်ကို ဘယ်လိုတွေတောင်ပြောခဲ့၊ချွဲခဲ့မိတာလဲ။
ညကဒဏ်ကြောင့် ဒီနေ့ကျောင်းရေစက်ချပွဲကျရင်တော့ ဒုက္ခလှလှတွေ့ပါတော့မည်။ ဒါက ခိုင်မြဲလွင်ပြင် မကောင်းတာ။ မူးနေတဲ့သူကို သက်သက်မဲ့အခွင့်ကောင်းယူတာ။ ဘာတဲ့! အဝတ်အစားချွတ်ပေးရလို့ give and take ဆိုလား။
မင်းမေကို give and takeလိုက်!
တွေးရင်တွေးရင် ဘေးကနေ ကာကာယားယားကြီးအိပ်နေသော ဝက်ဝံကောင်ကို ထလုပ်ချင်လာသည်။ ဗိုက်ခေါက်ဆွဲလိမ်ရအောင်လည်း အဆီကမရှိ၊ ခေါင်းကိုခေါက်ရအောင်လည်း သူ့ခေါင်းက ကိုယ့်လက်ထက်ပိုမာ၏။ ရင်ဘတ်ကို ဆွဲကိုက်ရမှာလည်း ကိုယ်နာမည်ပါသည့်တက်တူးလေးနဲ့မို့ မကိုက်ရက်ပါ။ ထို့ကြောင့်...
"အားး! ငါ့ဆံပင် အ့ ဘယ်ခွေးမသား ဆွဲတာတုန်းကွ"
ဆံပင်ဆွဲဆောင့်ခံလိုက်ရသဖြင့် အိပ်ချင်မူးတူးနှင့် ထဆဲနေလေ၏။
"မင်းအဖေ ငါဆွဲတာ!"
ဆံပင်ကို လွှတ်ပြီးမှ ပြောမှ ပြူးကျယ်သော မျက်လုံးများဖြင့် အံ့သြသလိုကြည့်ကာ..
"ကိုကိုအိမ်မက်ယောင်ပြီး လုပ်တာလားဟင်.."
"ဘာအိမ်မက်မှ မယောင်ဘူး။ တမင်လုပ်တာ.."
YOU ARE READING
သို (Tho) (Completed)
Teen FictionPreview... ခိုင်မြဲလွင်ပြင် က သိပ်ချစ်တတ်ပြီးဂရုစိုက်တတ်တယ် ဒါပေမယ့် ရိုင်းစိုင်းတယ်။ Original Artist twitter ID- @bearbrickjia