Part-28

9.5K 579 11
                                    

#Unicode

"အကိုလေးတို့ ဆင်းလာပြီ။ မေမေရေ..."

အကြည့်ရဲ့ခေါ်သံကြောင့် ကြီးကြီးစိန်က လင်ဗန်းနှစ်ခုကို တစ်ဖက်ဆီပိုင်နိုင်စွာ ကိုင်လာ၏။

"အကိုလေးကလည်း အကိုကြီးကို သွားခေါ်တာကြာလိုက်တာ။ တို့ဖူးတွေတောင်ခဲတော့မယ်။"

"ဟဲ့ အကြည်!"

အကြည့်ရဲ့ပွင့်လင်းစွာပြောလိုက်သည့်ပုံစံကြောင့် ကြီးကြီးစိန်ကတော့ လှမ်းဆူရှာသည်။ အကြည်၏ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံတတ်သည့်အကျင့်ကလေးကို တကယ်သဘောကျမိပါသည်။ နှစ်ဦးနှစ်ဖက်ကြား တည်တည်တင်းတင်းကြီးဖြစ်နေတာထက် ဖော်ဖော်ရွေရွေနေတာက ပိုကောင်းသည်မဟုတ်လား။ ထို့နောက် ဒီကလေးမလေးက ရိုးသားလွန်းသည့်ကောင်မလေးပင်မို့ အပြစ်မယူမိပါ။ သူ့စရိုက်ကလေးက ချစ်စဖွယ်လေးပါ။

အကြည်က ရိုးရိုးသားသားပြောလိုက်တာဆိုပေမယ့် မရိုးမသားလုပ်လာတဲ့ကျွန်တော်က ရှက်စိတ်တို့က မွှန်းထူလာရသည်။ ပါးပြင်ထက်မှာလည်း အပူလှိုင်းတို့ဖြတ်သန်းကာ ပူကျစ်တောက်လာသည်။

ကိုယ်ရှိန်းပြန်သက်ကာ ထိုင်ခုံပေါ်သို့ ထိုင်လိုက်သည်။ ကြီးကြီးစိန်နှင့်အကြည်က ဘေးနာမှာ မတ်တပ်ကြီးရပ်နေကြတာမို့....

"ကြီးကြီးစိန်နဲ့အကြည် လုပ်စရာရှိတာသွားလုပ်ပါ။ ကျွန်တော်တို့ကရတယ်။ ဒါနဲ့ စားပြီးကြပြီးလား။"

ဘေးနားမှာ ရပ်နေကြရင် တကယ်မစားတတ်တာ။ အိမ်မှာဆိုတော့ ပိုဆိုးတာပေါ့။ ပြီးတော့ သူတို့ခင်မျာလည်း မနက်စာစားချင်ရောပေါ့။

"မစားရသေးဘူး...အကိုလေးရဲ့။"

"ဟုတ်လား။ ဒါဆို အကြည်တို့သွားကြတော့လေ။ နောက်တောင်ကျနေပြီ...အကိုတို့ကြောင့်။"

"ရပါတယ်ကွယ်...အကြည်ကတော့လေ!"

"အကြည့်ကိုမဆူပါနဲ့ ကြီးကြီးစိန်ရယ်...ကလေးပဲဟာကို ကျွန်တော်တို့နားလည်ပါတယ်။"

"ဟုတ်ကဲ့ပါ..အကိုလေး။ ဒါဆိုကြီးစိန်တို့သွားပြီနော်။"

"ဟုတ်ကဲ့ဗျ။"

သို (Tho) (Completed)Where stories live. Discover now