Part-26

9.6K 673 6
                                    

#Unicode

ညရှစ်နာရီခန့်က စထွက်ခဲ့သည်မို့ သန်ခေါင်ယံချိန်နှစ်နာရီကျော်ကျော်မှ ကလောမြို့ထဲဝင်သည်။ ကိုယ်ပိုင်ကားနဲ့ဆို ထိုအချိန်ထက်စောရောက်မှာပေမယ့် ကုန်တင်ကားကတော့ တအိအိဖြင့်သာ ခရီးဆက်ရသည်မို့ အချိန်ပိုပေးရသည်။ ကလောမြို့အဝင်ဝမှ ကျော်ဖြတ်လာကာ လမ်းထောင့်တနေရာ၌ ကားရပ်ပေးလေသည်။

ကားပေါ်မှာ အလျင်အမြန်ဆင်းသည့်မောင်က ပိုက်ဆံထုတ်ကို လက်ကဆွဲပြီး ကျောပိုးအိတ်နှစ်လုံးအား ကျောတစ်ဖက်ဆီမှာလွယ်ထားသည်။ အောက်ရောက်တော့ ကျွန်တော့်ကို လက်ကမ်းပေးလေ၏။ မောင့်လက်ကို အမှီပြုပြီး ခုံဆင်းလိုက်တော့ မောင့်ရင်ခွင်ထဲကွက်တိကလေးဝင်သွားလေ၏။

အမြန်ကိုယ်ရှိန်သတ်ကာ ကားသမားအကိုကို နှုတ်ဆက်စကားဆိုရန် အရှေ့ခေါင်းခန်းသို့ လမ်းလျှောက်သွားရင်း

"ကျေးဇူးအများကြီးတင်ပါတယ်ဗျ။ ဒီကအကို ကူညီပေးလို့ မဟုတ်ရင်ကျွန်တော်တို့ဒုက္ခများရချည်ရဲ့။"

"ရတယ်ရတယ်....လမ်းကြုံလို့ပဲကို အပန်းမကြီးဘူး။"

"ဟုတ်ကဲ့ပါဗျ....ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး။"

"အေးအေး"

ကားထွက်သွားတော့ လက်လှမ်းပြလိုက်သည်။ ကားထဲမှလည်း လက်တစ်ဖက်ထွက်လာကာ ပြန်ပြသွားသည်။ ဒီအကိုက အပြောဆိုးပေမယ့်လည်း စိတ်ရင်းကောင်းရှာသည်ဟုတော့ အသိအမှတ်ပြုလိုက်မိသည်။ ဘဝတကွေ့ကွေ့မှာ ဆုံတွေ့ခွင့်ရလျှင် ပြန်ကူညီပေးခွင့်ကြုံချင်ပါသေးသည်။

ကားက တော်တော်ဝေးရောက်သွားမှ လက်ချလိုက်မိသည်။ မောင်ကတော့ ဘေးနားကနေ တုတ်တုတ်မျှမလှုပ်။ အတောင့်လိုက်ကလေး။ ဒီကလေးဟာလေ ပြောထားတာလည်း အမှတ်မရှိဘူး။ ကားသမားအကိုနဲ့စကားပြောနေသည့်တောက်လျှောက် မျက်နှာသေနဲ့သာရပ်နေတာကို သိပေမယ့် မသိချင်ယောင်သာဆောင်နေလိုက်ရသည်။ မသိလျှင် ဟိုအကိုကသူ့လုပ်စာထိုင်စားနေသည့်မျက်ခွက်။

"မောင်!"

"ဗျာ...ဗျ"

"ဘယ်နှစ်ခါလောက်ပြောနေရမှာလဲ။ အချိုးတွေပြောင်းပါတော့....ကျေးဇူးတင်စကားပြောတာ အရမ်းခက်နေလို့လား။ ပြုံးပြဖို့ကရော သိပ်ခဲယဥ်းနေတာလားဟင်!"

သို (Tho) (Completed)Donde viven las historias. Descúbrelo ahora