#Unicode
[This part contains 'mature content'.So,if you're under 18,I warning to skip this part.🔞]
"စောင်း!!!"
"စောင်းသို!!"
မြဲရဲ့လက်ကို ဆုပ်ကိုင်ထားရုံဖြင့် သတ္တိတွေပြည့်ဝနေသယောင်။ တွေ့ရမှာ တွန့်ဆုတ်နေခဲ့တဲ့သူနှစ်ဦးကိုပင် တွန့်ဆုတ်ခြင်း မရှိဘဲ ကျော်ဖြတ်နိုင်ခဲ့သည်။
"အင်း မင်းတို့လာလည်ကြတာလား။"
"ဟုတ်တယ် စောင်းသို...နင်ရော လာလည်တာလား။"
"အင်း အလုပ်အားရက်မို့လေ.."
ဥဒေါင်းမဒီက ဟန်မပြတ်ပြန်လည်နှုတ်ဆက်လာသော်လည်း နေမင်းသူရိန်ကတော့ မျက်နှာအမူအရာကို မထိန်းနိုင်ဘဲ ရုတ်ပျက်ဆင်းပျက်ဖြစ်နေသည်။
"ကိုကို သူတို့က ဘယ်သူတွေလဲ။"
"ငယ်သူငယ်ချင်းတွေလေ...ဥဒေါင်းမဒီ နဲ့ နေမင်းသူရိန် တဲ့။ ချစ်သူတွေလေ...သူတို့ချစ်သူဖြစ်သွားတော့ ကိုကိုက ဘက်ပဲ့သွားတာပေါ့။ ဟားဟား"
မထင်ထားသော မိတ်ဆက်စကားကြောင့် ခိုင်မြဲလွင်ပြင်ကြောင်သွားရ၏။ ကိုကိုက ဘာမှ မဖြစ်ခဲ့ဟန်ဖြင့် ရီရီမောမောပေမယ့် ဟိုနှစ်ယောက်ကတော့ မရီနိုင်ကြ။ အကြောင်းသိဖြစ်နေသူ ကျွန်တော်လည်း ကြောင်သွားပြီး နောက်မှ ကိုကို့စကားနောက်အလိုက်တသိ ခေါင်းငြိမ့်ကာ ပြုံးပြမိသည်။
"ဟုတ်ကဲ့ပါဗျ..ကျွန်တော့်က ကိုကို့ရဲ့ချစ်သူ ခိုင်မြဲလွင်ပြင်ပါ။ ဒီက ကိုနေမင်းသူရိန်နဲ့က ဆုံဖူးတယ် ထင်တယ်။"
"အင်း ဟုတ်သားပဲနော်..ဟိုနေ့က မြဲနဲ့သူရိန် ငါ့ကွန်ဒိုမှာ ဆုံဖူးတာပဲ။"
"ဟုတ်လား..မဒီကိုတောင် သူရိန် ပြန်မပြောဘူး။"
"ပြန်ရအောင် မဒီ"
ရုတ်တရက် ထပြောသော နေမင်းသူရိန်ကြောင့် အားလုံး၏အကြည့်က သူ့ထံသို့ စုပြုံသွားသည်။
"ငါ အလုပ်ကိစ္စရှိသေးလို့.."
"ဒါဆို..မဒီတို့ကို ခွင့်ပြုပါဦး။"
"ဟုတ်ကဲ့ပါဗျ...bill ကျွန်တော်ရှင်းပေးပါရစေ။ ကိုကိုရဲ့အချစ်ကို ပြန်ရတဲ့အထိမ်းအမှတ်နဲ့ ဧည့်ခံတယ်လို့ပဲ သဘောထားပေးပါ.."
YOU ARE READING
သို (Tho) (Completed)
Teen FictionPreview... ခိုင်မြဲလွင်ပြင် က သိပ်ချစ်တတ်ပြီးဂရုစိုက်တတ်တယ် ဒါပေမယ့် ရိုင်းစိုင်းတယ်။ Original Artist twitter ID- @bearbrickjia