Part-10

13.9K 898 4
                                    

#Unicode

အဆောင်အအုံမြင့်ကြီးတွေရှိသည့် မြို့ကြီးပြကြီးမှ အိမ်ခြေနည်းနည်းသာရှိပြီး မဖွံဖြိုးသေးသည့် နယ်မြို့လေးသို့ သွားရောက်နေခြင်း ဖြစ်သည်။ပါးပါးတို့က ပစ္စည်းတွေဖြင့် မနက်အစောကြီးကတည်းက သွားနှင့်ကြပြီး မြဲတို့နှစ်ယောက်ကတော့ နေ့လည်ပိုင်းမှ လိုက်ခဲ့ကြခြင်းဖြစ်၏။

အဝေးပြေးလမ်းမကြီးထက်မှာ အချိန်အတော်ကြာမောင်းနှင်ပြီးနောက် သိပ်မကျယ်လှသော လမ်းအသွယ်သွယ်ကို ဖြတ်သန်းခဲ့ပြီး ယခုတော့ တောင်တန်းစိမ်းစိမ်းစိုစိုတွေကို မြင့်မားစွာ မြင်နေရပြီ။ လမ်းသွယ်လေးကလည်း ကျဥ်းသွားပြီး ကားနှစ်စီးလွတ်တယ် ဆိုရုံမျှသာ ကျယ်တော့သည်။ လမ်းသွယ်လေး၏ဘေးနှစ်ဖက်တွင် အပင်ကြီးတွေက မြင့်မားစွာတည်ရှိနေသဖြင့် နေရောင်ကိုပင် ကောင်းကောင်းမမြင်ရ။

အရှေ့ကြည့်တော့လည်း တောင်တန်းကြီးများ ၊ ဘေးနှစ်ဖက်၌လည်း သစ်ပင်အုံ့အုံ့ဆိုင်းဆိုင်း နှင့် ကားသွားကားလာကလည်း သိပ်မရှိပေ။ အေးချမ်းတိတ်ဆိတ်သွားသည်ကို ခံစားရသည်။ မြို့ပြမှာနေခဲ့ရသူအဖို့ ထိုမြင်ကွင်းများက ရွှေထက်တန်ဖိုးကြီးပါသည်။ သဘာဝ၏အလှတွေဟာ လူတွေရဲ့စိတ်ကို ငြိမ်းချမ်းစေပါသည်။

လူသွားလူလာလည်း မရှိသဖြင့် ထိုသို့လှပသည့်ရှူခင်းများဖြင့် မှတ်တမ်းတင်ချင်လာသည်။

"မောင်ရေ.."

ကားမောင်းနေရင်း ကျွန်တော့၏ခေါ်သံကြောင့် ဘေးသို့ လှည့်ကြည့်လာပြီး..

"ဗျာ..ကိုကို"

"အရှေ့နားရောက်ရင် ကားရပ်ပါဦး။"

"ဘာလုပ်မလို့လဲဟင်..."

"ဓာတ်ပုံရိုက်ရအောင်လေ။ ဒီလိုလှပတဲ့ရှူခင်းတွေကို မှတ်ဥာဏ်ထဲမှာတင်မဟုတ်ဘဲ ဖလင်(flim)ပေါ်မှာပါ သိမ်းဆည်းထားသင့်တယ်မလား။"

"ကိုကိုသဘောပါဗျာ.."

ရှူခင်းပိုလှသည့်နေရာရောက်တော့ ကားရပ်ပေးလာသည်။ ခြေလှမ်းသွက်သွက်ဖြင့် ကားပေါ်မှ ဆင်းကာ တံခါးဖွင့်ပေးပြီး ထုံစံမပျက် လက်နှင့်ကာပေး၏။

သို (Tho) (Completed)Where stories live. Discover now