#Unicode
"မောင်ခိုင်မြဲတို့ကို မိတ်ဆက်ပေးရဦးမယ်။"
အိမ်ရှေ့ခန်းတွင်ထိုင်ပြီး တီဗွီ(TV)ကြည့်နေစ၌ ဦးကောင်း၏အသံကြောင့် တီဗွီပိတ်လိုက်သည်။
"ဦးကောင်း ကျွန်တော်တို့ခြံအနောက် သွားကြည့်မလို့လား။"
"အေး အရင်ဆုံး အိမ်မှာရှိတဲ့သူတွေနဲ့မိတ်ဆက်ပေးမယ်ကွယ့်။"
"ဦးကောင်းအဆင်ပြေသလိုလုပ်ပါ။"
ဦးကောင်းက လှမ်းခေါ်လိုက်တော့ နေ့လည်က လာနိုးသည့်ကောင်မလေးရယ်၊အသက်ငါးဆယ်အရွယ်အန်တီကြီးရယ် ထွက်လာသည်။
"ဒါက ဦးကောင်းရဲ့မိန်းမ ဒေါ်နန်းစိန်ကြည်တဲ့။ ကြီးစိန်လို့ပဲ ခြံထဲကအလုပ်သမားတွေကတော့ခေါ်ကြတယ်ကွယ့်။ ဒါကတော့ ဦးကောင်းတို့ရဲ့သမီးလေး နန်းပြည့်စုံကြည်တဲ့။ ဦးကောင်းနာမည်ကတော့ မောင်စောင်းသိုကို သိထားတဲ့အတိုင်း စိုင်းကောင်းပြည့်စုံပေါ့ကွယ်။"
"ဟုတ်ကဲ့ ဦးကောင်း။ ကြီးကြီးနဲ့အကြည်လည်း တွေ့ရတာဝမ်းသာပါတယ်နော်။"
"ကြီးကြီးတို့ကလည်း တွေ့ရတာဝမ်းသာပါတယ်ကွယ်။"
"အကြည့်ကိုလည်း အကိုလေးတို့ ဆုံးမသွန်သင်ပေးပါနော်။"
"ဒါနဲ့ အကြည်က ကျောင်းတက်သေးလား။"
"တက်တယ်အကိုလေးရဲ့။ အခု ဆယ်တန်းအောင်ထားတာ တက္ကသိုလ်ကတော့ ဆက်မတက်ဖြစ်လောက်ဘူးရယ်။"
"ဟင်...ဟုတ်လား။"
စောင်းသိုအနည်းငယ်တော့ စိတ်မကောင်းဖြစ်မိသွားသည် ငွေကြေးမပြည့်စုံတော့ ပညာရေးဆုံးခန်းမတိုင်ရရှာဘူး။
"ဟုတ်"
"သို...မောင်တို့ခြံထဲသွားကြည့်ရအောင်လေ။"
"အော်...ဟုတ်ဟုတ်။"
ဦးကောင်းကပဲ အရှေ့က ဦးဆောင်ခေါ်သွားသည်။ အိမ်ကထွက်ပြီး အနောက်ဘက်ထဲဝင်လိုက်တော့ စိမ်းစိမ်းစိုစိုကော်ဖီပင်များစွာ။ နေရာအရ ကျယ်သည်ဟုပြောရမည်။ 3ဧကဝန်းကျင်လောက်တော့ရှိသည်။ စိုက်ထားသည်က ငါးနှစ်လောက်သာရှိသေးသည်မို့ သက်တမ်းအရတော့နုသေးသည်ဟု ပြောရမလား။ အရွက်နှင့်အကိုင်းဆုံရာနေရာဖြစ်သည့်အရွက်ညှာခွလေးမှာ မွှေးပျံနေသည့်အဖြူရောင်ပန်းကလေးတွေကပွင့်နေ၏။
YOU ARE READING
သို (Tho) (Completed)
Teen FictionPreview... ခိုင်မြဲလွင်ပြင် က သိပ်ချစ်တတ်ပြီးဂရုစိုက်တတ်တယ် ဒါပေမယ့် ရိုင်းစိုင်းတယ်။ Original Artist twitter ID- @bearbrickjia