Part-12

11.6K 796 25
                                    

#Unicode

[This part contains 'mature content'.So,you're under 18,I warning to skip this part.]

တောင်ခြေမှရွာကလေးမို့ တောင်အထက်မှ တသွင်သွင်ဖြင့် စီးဆင်းလာသည့်ရေတံခွန်အငယ်လေးက ကြည်လင်ကာ စိမ်းမြနေ၏။ ရေတံခွန်လေး​မှစီးဆင်းလာသည့်ရေက စမ်းချောင်းထဲသို့ စီးဝင်နေသည်။တောင်ကြီးတွေကလည်း စိမ်းစိုလှပနေသည်မို့ ပြည့်စုံလွန်းသည့် သဘာဝအလှတရားပင်။

ကိုကိုနဲ့ကျွန်တော်က ဘေးကပ်လျက်လျှောက်နေပြီး ကျွန်တော့်ဘေး၌ သူကြီးသမီးက ကပ်လိုက်နေပြီး ကိုကို့ဘေးတွင်တော့ ဟိုဆံရှည်မက တောက်တဲ့လို ကပ်နေ၏။

ဟွန်း! ကျက်သရေကို မရှိဘူး!

"မြဲ"

"ဗျာ.."

"ဓာတ်ပုံရိုက်ရအောင်.."

"ဟုတ်..မောင့်ကို Cameraပေး။"

"ဟယ်..အကို ပုံရိုက်မို့လား။ ပုံပုံလည်း တူတူရိုက်လို့ရလားဟင်.."

လာပြန်ပြီ!ဒီပါလေရာ ငပိချက်ကတော့!
ဘာ'ပုံပုံ'လဲ။ ချီးတွေပုံတာလား!
ဟွန့်! မိန်းမတွေများ မာယာတစ်ပိဿာနဲ့။

"အာ..ရ.ရပါတယ်။"

ကိုကိုကတော့ အားနာတတ်သည့်နေရာမှ နှစ်ယောက်မရှိပါချေ။ ဒီဆံရှည်မကတော့ မောင်လို့ခေါ်တာတောင် ချစ်သူတွေမှန်း မသိဘူးလား။

ခိုင်မြဲလွင်ပြင်အကြောင်းပြရသေးတာပေါ့! အဟက်!

ကိုကိုကတော့ ကျွန်တော့်အကြည့်များကြောင့် တောင့်တောင့်ကြီးရပ်နေ၏။ ဘေးက အလိုက်ကမ်းဆိုးမသိသည့် အမျိုးသမီးကတော့ ကိုကို့အနား ဇွတ်ကပ်နေချေပြီ။

အမယ်!တောသူဂိုက်နဲ့ ခါးထောက်ကာ လက်နှစ်ချောင်းက ထောင်ထားသေး။ တာဇံမ!

ဟွန့်ခနဲ့ နှာမှုတ်လိုက်ပြီး Phone cameraကို selfie camera သို့ ပြောင်းပြီး ကိုယ့်ပုံကိုသာ ရိုက်နေလိုက်သည်။ ဒါကို မသိတဲ့တာဇံမကတော့ လက်နှစ်ချောင်းက အခုထိ မချသေးပါ။

အဟက်!ငါ့အကြောင်း သိပြီလား!

"ကိုကို တစ်ယောက်ထဲ ရိုက်ဦးမှာမလား။" ဟု မေးလိုက်မှ ဖယ်ပေးလေ၏။

သို (Tho) (Completed)Donde viven las historias. Descúbrelo ahora