-Prolouge-
13.3K 611 13
Zawgyi
မောင့်နှလုံးသားလေးက ကြေမွလွယ်တယ် သက်လယ်…။
မင်းနှုတ်က ပြောလိုက်တိုင်း စကားလုံးတိုင်းဟာ မောင့်ရင်ကို တည့်တည့်ဆူးစေတာမို့ မောင် ပြောတဲ့ စကားတွေသာ တိတ်တဆိတ် နားထောင်လို့ မရဘူးလား မောင့်ရဲ့ သက်လယ်ရယ်…။
•••••••••••
"မင်းက ဘယ်သူလဲ!"
ပျက်နေသော စက်ရုပ်လေးကို လက်ထဲကိုင်ထားရင်း အသံကြားရာကို လိုက်ရှာကြည့်မိတယ်။တစ်ဖက်ခြံကနေ သူ့ ဆီသို့
ခြေဖျားလေးထောက်ကာ လှမ်းကြည့်နေလေတဲ့ သူ တစ်ယောက်ကို တွေ့ ရတယ်။
ထိုင်နေရာမှထပြီး ခြံစည်းရိုးအနားကို တိုးကပ်သွားလိုက်တယ်။မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ မျက်နှာလေးက ပကတိ ကြည်လည်နေရောပဲ။နှုတ်ခမ်းအောက်မှာ အမဲစက်သေးသေးကလေးလည်း ပါသေးတယ်။
"မနေ့ကမှ ငါက ပြောင်းလာတာ။
ငါ့နာမည်က ဝမ်ရိပေါ်…။
အသက်က ဆယ့်နှစ်နှစ်"
"ငါက ရှောင်းကျန့်။
အသက်က ဆယ့်သုံးနှစ်ကျော်ပြီ"
ဝမ်ရိပေါ်က တစ်နှစ်ကျော်ကျော်ကွာတဲ့ သူကို ပြုံးပြလိုက်တယ်။သူက ဒီလို ရက်ရက်ရောရောပြုံးတာ ရှားတယ်။
ပါးနဲ့မားကိုတောင် တစ်ခါတစ်လေမှ ပြုံးပြဖြစ်တာ။
ဒါပေမယ့် အခုမှ တွေ့ ဖူးသည့် လူတစ်ယောက်ကိုတော့ သူ စိတ်လိုလက်ရဖြင့် ပြုံးပြနေချင်ခဲ့တယ်။
"ဒါဆို သူငယ်ချင်း လုပ်ကြမလား"
ဝမ်ရိပေါ်ဘက်ကပဲ စတင်မေးမြန်းမိလေတယ်။
ပြီးနောက် ခြံအပေါက်ထဲကနေ လက်ကလေးတစ်ဖက်ထည့်လို့ သူငယ်ချင်းဖြစ်ဖို့ကို တာဆူနေခဲ့လေပြန်တယ်။
"ဟင့်အင်း"
တစ်ဖက်ခြံဘက်သို့ ရောက်သွားတဲ့ လက်ကလေးကို တွန့်ဆုတ်စွာနဲ့ပဲ ပြန်လည်ရုတ်သိမ်းလိုက်တယ်။
ဘယ်သူ့ မှ မဆူပဲ မရိုက်ပါပဲနဲ့ သူ ဝမ်းနည်းလာတယ်။
ဒါက ပထမဆုံး သူ့ ဘက်က အခြားသူအပေါ် တောင်းဆိုခြင်းပေမယ့် လှလှပပလေးပင် သူဟာ အငြင်းခံလိုက်ရတယ်။
အကြောင်းပြချက်လေးကိုတော့ သိချင်ပါရဲ့…။
"ဘာလို့လဲ"
"ငါ့မှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။
မင်းကို မလိုချင်ဘူး"