-20-
4.8K 332 3
Zawgyi
ပြသာနာတွေကို နှစ်ယောက်အတူရင်ဆိုင်ချင်ပါတဲ့ မောင့်သက်လယ်က မောင့်လက်ကို ဆွဲလို့ အိမ်ကြီးထဲ ဝင်သွားတာ
ပထမဆုံးမောင့်လက်ကို ဆွဲခေါ်သွားတုန်းက အချိန်တွေကိုတောင် ပြန်မှတ်မိသွားပါရဲ့ သက်လယ်ရယ်…။
••••••
"အိမ်မှာ ရှောင်းရန်မရှိဘူးထင်တယ် ရိပေါ်"
ရှောင်းကျန့်က ဧည့်ခန်းထဲမှာ ဟိုကြည့်ဒီကြည့်ကာဖြင့် နောက်က ဝမ်ရိပေါ်ကို ပြောလာလေသည်။အခုထိလည်း ကိုက်ထားသေးသည့်လက်ကို လုံးဝမလွှတ်သေးပေ။
ဝမ်ရိပေါ်က ရှောင်းကျန့်ပြောသည့်အကြောင်းအရာကို မကြားပဲ သူ့ အားကိုင်ထားသည့် ရှောင်းကျန့်လက်ကိုသာ ငုံ့ကြည့်ရင်း ပြုံးကာ ကြည်နူးနေလေသည်။
ဘာမှတုံ့ပြန်သံမကြားသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်က
နောက်လှည့်ကြည့်ရန်ပြင်လေသည်။သူကိုင်ထားသည့်လက်အား မျောက်အုန်းသီးရသလို ပြုံးနေသည့် ဝမ်ရိပေါ်အား
တွေ့ လေသည်။
"ဝမ်ရိပေါ်!"
"ဗျာ"
အလန့်တကြားပြန်ထူးလာသည့် သူ့ မောင်က အလွန်ပင် ချစ်ဖို့ကောင်းနေပါ၏။
"ဘာလို့ဒီလောက်တောင်ကြည့်ပြီး ပြုံးနေရတာလဲ?"
"အဟား…အတိတ်တစ်ခုကို သတိရသွားလို့ပါ သက်လယ်ရဲ့"
"အတိတ်?"
"ဟုတ်တယ်။
အဲ့နေ့က ဒီလိုပဲ သက်လယ်က မောင့်လက်ကို ဆွဲပြီး အိမ်အပေါ်ထပ်ကို ဆွဲခေါ်သွားတာလေ။ပြီးတာနဲ့ မောင့်ကို ထိုးတော့တာပဲ"
ရှောင်းကျန့်က ဝမ်ရိပေါ်အနားကို တိုးလာပြီး ဝမ်ရိပေါ် ပါးနှစ်ဖက်ကို အုံ့ကိုင်လေသည်။
"အဲ့တုန်းက အရမ်းနာသွားလား?"
ဝမ်ရိပေါ်က မျက်လုံးတွေ ပိတ်သွားသည်အထိ ရှောင်းကျန့်အား ပြုံးပြလေသည်။
"နာတာပေါ့"
"ဘယ်နားလေးလဲ?"
ဝမ်ရိပေါ်ရဲ့ အကြံသေးသေးလေးတွေ စထွက်လာပါပြီ။
ပါးတစ်ဖက်အား ဖောင်းပြီး ရှောင်းကျန့်အနား ပိုတိုးပေးလိုက်သည်။