-19-
4.4K 325 2
Zawgyi
ကိုယ့်ကို ပစ်စလက်ခတ် ထားခဲ့သူကို နာကျည်းနေမယ့်အစား ကိုယ်မရှိတဲ့အရပ်မှာ သူ အဆင်မှ ပြေပါလားဆိုတဲ့
တွေးပူစိတ်လေးနဲ့ ချစ်ရသူကို စိုးရိမ်နေတဲ့ မိန်းကလေးရယ်...။ဒီလောက်တောင်များ အချစ်မှာ ကျရှုံးခဲ့လေသလား။
•••••
မင်္ဂလာပွဲမှာ သတိုးသားမတက်ရောက်ဆိုသည့် သတင်းကြီးက ဆွေဂုဏ်မျိုးဂုဏ်တွေကြား ပျံ့နှံ့သွားလေပြီး မိဘတွေကလည်း ရှက်လွန်းအားကြီးတာကြောင့် သူမအား ပြောဆိုကြိမ်းမောင်းကာ ငိုကြွေးကြလေသည်။
သူမလည်း ထပ်တူဝမ်းနည်းမိတာပါပဲ။
ကိုယ်ချစ်ရတဲ့သူက ကိုယ့်အပေါ် ထင်သလောက်မချစ်ပေးခဲ့ပေမဲ့ ချစ်သူတစ်ယောက်ရဲ့တာဝန်ကိုတော့ မပျက်ကွက်ခဲ့ဖူးတာကြောင့် ဒီလိုလုပ်သွားတာလည်း ချစ်ရသူလုပ်တာ မဟုတ်မှန်း ရိပ်မိလေသည်။
ဘာမှန်းညာမှန်းမသိ ဆွဲခေါ်သွားတဲ့ ကောင်လေးက ခပ်ဆိုးဆိုးလေးမို့ သူမချစ်ရတဲ့သူ အဆင်မှပြေနေမလားလို့ စိတ်ပူရတာလည်း တစ်ခု။
သူမထိုက်တဲ့ သူမကံမို့ မင်္ဂလာကိစ္စအကြောင်းကိုလည်း ခေါင်းထဲသိပ်မထည့်ချင်တော့ပေ။
သူမ သိပါတယ်။သူမ ချစ်ရတဲ့သူဟာ သူမနဲ့မတွေ့ ခင်ကတည်းက ရင်ဘတ်ထဲမှာ တစ်စုံတစ်ဦးရှိနှင့်နေတာကို။ဘယ်သူဘယ်ဝါမှန်းတိတိကျကျ မသိခဲ့ရုံလေးပါပဲ။
ဘာလို့သူမ သိသလဲဆို သူမက ချစ်ရတဲ့သူကို အရိပ်တကြည့်ကြည့် ကြည့်နေခဲ့တာမို့။ဟိုကောင်ဆိုးလေးမှန်း သေချာသွားတာကတော့ ရှောင်းရန်ဖိတ်ခဲ့တဲ့ ညစာစားပွဲတစ်ခုကနေပဲ သိခဲ့ရတာ။
စထိုင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် အထာနပ်နပ်ပြောဆိုနေကြပြီး ဟိုကောင်လေး ထထွက်သွားတဲ့အခါ နောက်ကလိုက်သွားချင်နေပြီဖြစ်တဲ့ ချစ်ရသူကြောင့် သူမက ခေါင်းငြိမ့်ကာ ပြုံးမိလိုက်ပါတယ်။
သူမလည်း လူသားထဲက တစ်ယောက်မို့ အတ္တလေး ဖြစ်မိပါတယ်။တတ်နိုင်သလောက် ချစ်ရတဲ့သူကို အနားမှာ ဆွဲထားချင်တဲ့ စိတ်လေးကြောင့် မသိဟန်ဆောင်ကာ နေဖြစ်ခဲ့ပါတယ်။