-9-
3.6K 473 4
Zawgyi
ဒီမှာ မောင့်ကိုကြည့် သက်လယ်…။
မောင်ဆိုတာ သက်လယ်ရဲ့မူပိုင်ဆိုတာ ချွင်းချက်မရှိ။
••••••
"ရှောင်းရန် မင်းအကိုက လာမှာ ဟုတ်လို့လား?"
"ရှောင်းရန်ကို လာမယ်လို့တော့ ပြောတယ် ရိပေါ်"
ဝမ်ရိပေါ်က ရှောင်းရန်အနား ကပ်လာပြီး တိုးတိုးကပ်ပြောသည်။
"ဒီမှာ မင်းနဲ့ငါနဲ့ နှစ်ယောက်တည်းက သိပ်မသင့်တော်ဘူး ရှောင်းရန်"
ရှောင်းရန်က အနောက်ဆုတ်သွားပြီး ရိပေါ်ရဲ့ ဘေးဖက်မှာ မထိုင်တော့ဘဲ မျက်နှာချင်းဆိုင် ခုံတစ်ဖက်ခြမ်းမှာ သွားထိုင်လိုက်သည်။
"မင်း တော်တယ်"
ဝမ်ရိပေါ်က အကြံသေးသေးလေးအောင်မြင်သွားတာကြောင့်
ခပ်ဖြည်းဖြည်းလေး ပြုံးလိုက်သည်။
ရှောင်းကျန့်လာရင် သူ့ ဘေးနားမှာ သေချာပေါက် ထိုင်ရမှာမို့လို့ပဲ။
ကလေးဆန်တယ်လို့တော့ မစွပ်စွဲလိုက်ပါနဲ့။
ဒီလိုပဲ လူတစ်ယောက်က ချစ်တတ်သွားရင် ဘာမှမသိတော့ဘူး။
"ရှောင်းရန်"
"ဟင်?"
ရှောင်းရန်က ရှောင်းကျန့်ထက် အသားနည်းနည်းပိုဖြူသည်။
ရှောင်းကျန့်လောက်အရပ်မရှည်ပေမယ့် မျက်နှာလေးက ချစ်စဖွယ်ပင် ဖြစ်သည်။
မိန်းကလေးတိုင်းအတိုင်း သဘောကျချင်စရာလေးကတော့ နူးညံ့ပြီး ကိုယ်ချင်းစာတတ်တဲ့ စိတ်ကလေး ရှိတာလေးလည်း ဖြစ်သည်။
ဒါပေမယ့် ရိပေါ်ကတော့ သဘောမကျပါ။
မြင်မြင်ချင်း သူ့ အပေါ်ချေသွားသည့် အကိုကြီးတစ်ယောက်ကိုသာ သူ့ နှလုံးသားက မှတ်ထားတာကြောင့်လည်း ဖြစ်သည်။
"အခု ငါ မင်းကို သူငယ်ချင်းလို စကားပြောတာ မင်းအတွက် အဆင်ပြေရဲ့လား?"
"ဘာလို့လဲ ရိပေါ်?
ရှောင်းရန်က ရိပေါ်ကို အရင်ကတည်းက သူငယ်ချင်းလို့ သတ်မှတ်ထားခဲ့ပါတယ်"
"မဟုတ်ဘူးလေ။ငါက အရင်တုန်းက မင်းတို့ အိမ်မှာ အင်း
အစေခံတစ်ယောက်ဖြစ်လာတာကြောင့်……"