-8-
3.7K 387 7
Zawgyi
မောင့် ရင်ခုန်းနှုန်းတွေက မောင့်နှလုံးသားမှာ အစပြုပြီး သက်လယ်ရဲ့ နှုတ်ခမ်းရဲလေးနဲ့ မှဲ့နက်လေးမှာ အဆုံးသတ်တယ်…။မဟုတ်…သက်လယ်တစ်ကိုယ်လုံးဟာ မောင့်မြတ်နိုးရာချည်းပဲ။
•••••••
"ကို အခုတလော အိမ်မှာပဲ နေနေသလိုပဲ။
မေယွမ် လာတွေ့ မှာပဲ တွေ့ ရတော့တယ်"
မေယွမ်က ပန်းပင်တွေကို ရေလောင်းနေသည့် ရှောင်းကျန့်အား တစိမ့်စိမ့်ငေး၍ ပြောတယ်။ဒီအမျိုးသားကို သူမ သိပ်ချစ်တာ။
"ကိုယ် အခုတလော အပြင်သိပ်မထွက်ချင်လို့"
"ဟိုမှာနေတုန်း ဗီဒီယိုကောလ် တွေပြောတုန်းကကျ အပြင်မှာ တွေ့ ရရင် နေ့တိုင်းတွေ့ ချင်ပါတယ်လို့ သူပဲ ဆိုပြီး…
အခုကျတော့ ရိုးသွားလို့လား"
ရှောင်းကျန့်က လုပ်လိုက်စကို ရပ်လိုက်ပြီး မေယွမ့်ကို လှည့်ကြည့်လာကာ အနားမှာ လာထိုင်လေသည်။ထို့နောက် ညင်သာစွာပင် မေယွမ့်ရဲ့ လက်ကို ဖွဖွကလေးကိုင်ပြီး အနမ်းပေးလေသည်။
"မေယွမ်က အခု ကိုယ့်ကို အပြစ်တင်နေတာလား?
ကိုယ်က မေယွမ်တစ်ယောက်ကိုပဲ ချစ်တာရုံပါ။ပြီးတော့ မေယွမ့်ကိုပဲ လက်ထပ်မှာ"
မေယွမ်က ဒီလိုမျိုးစကားကို တွဲလာတဲ့ သက်တမ်းတစ်လျှောက် ရှောင်းကျန့်ဆီမှ တစ်ခါမှ မကြားဖူးသေးတာကြောင့် အံ့လည်း အံ့သြသလို ပျော်လည်း ပျော်ရလေသည်။
"မေယွမ် ဝမ်းသာလိုက်တာ ကိုရယ်…"
ငိုသံစွတ်စွတ်လေးနဲ့ မေယွမ်က ဆိုတော့ ရှောင်းကျန့်က မေယွမ့်ကို ရင်ခွင်ထဲထည့်ကာ ဖက်လိုက်သည်။
ရုတ်တရက် သူ့ အား ယုတ်မာကာ နမ်းသွားသည့် ဟိုပေစုတ်စုတ်ကောင်က သူ့ အတွေးထဲသို့ တိုးဝင်လာလေသည်။
တစ်ကိုယ်လုံးထိုးဖောက်မတက် စိုက်ကြည့်တတ်တဲ့ အကြည့်စူးစူးတွေ…။
ဒါဟာ ဖြစ်နေကျအတိုင်းလိုပါပဲ…။
သူ့ ခေါင်းကို ခါလို့ မျက်စိကို စုံမှိတ်လိုက်တယ်။
ငါ့အတွေးထဲက ထွက်သွားလိုက် အယုတ်တမာကောင်!