-10-
4.1K 379 9
Zawgyi
သက်လယ်ဆိုတဲ့ မောင့်အရိုင်းပန်းလေးကို မြတ်နိုးခြင်းမှာ
တစ်စုံတစ်ခု မှားယွင်းခြင်း အလျဉ်းမရှိပါ…။
မောင်ဟာ ထိုမြတ်နိုးခြင်းအတွက် တမင်သက်သက် မွေးလာတဲ့သူမျိုး။
သိစေချင်ပါ၏ မောင့်သက်လယ်…။
•••••••
"မင်းစကားတွေ သိပ်တတ်တယ် ဝမ်ရိပေါ်"
"ကျွန်တော်ရဲ့ အချစ်တွေကို မတုန့်ပြန်ရင်တောင် လက်လွတ်စပယ် မသတ်မှတ်လိုက်ပါနဲ့ သက်လယ်"
"မင်း ငါ့ကို သက်လယ်လို့ မခေါ်နဲ့!!"
ဝမ်ရိပေါ်က မျက်နှာကို မော့ကြည့်ပြီး ရှောင်းကျန့်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
"အခြားတစ်နေရာမှာ စကားသွားပြောရအောင်"
လူတစ်ချို့ က သူ့ အား လှည့်ကြည့်လှည့်ကြည့် လုပ်နေတာကြောင့် ဝမ်ရိပေါ်က မနေတတ်တော့ပေ။
ရှောင်းကျန့်ကလည်း ဝမ်ရိပေါ်လက်ကို ဖြုတ်ချလိုက်သည်။
"မင်းနဲ့ စကားပြောစရာ မရှိတော့ဘူး ဝမ်ရိပေါ်!
ဟိုအခန်းမှာ စောင့်နေတာ မိန်းကလေး တစ်ယောက်တည်။
ငါ အမြန်ပြန်သွားဖို့ လိုတယ်"
ရှောင်းကျန့်က သူ့ ကို မရွေးချယ်ဘဲ အခြားမိန်းမကို ရွေးချယ်လိုက်သမျိုး ခွဲခြားခြင်းကို ခံလာရသလို ဝမ်ရိပေါ် ခံစားရသည်။
"ကျွန်တော်ကတော့ ခင်ဗျားကို ပြောစရာ ရှိတယ်!"
ထပ်မံ၍ လက်ကောက်ဝတ်သေးသေးလေးကို ဆုပ်ကိုင်လိုက်ပြီး အပြင်သို့ ထွက်လာကာ သူ၏ ကားခန်းနောက်သို့ ရှောင်းကျန့်ကို ထည့်လိုက်သည်။ပြီးနောက် သူပါ လိုက်ဝင်လိုက်သည်။
"ဝမ်ရိပေါ်!"
ရှောင်းကျန့်က ပြန်ထမည်ပြုနေတာကြောင့် ဝမ်ရိပေါ်က ရှောင်းကျန့်၏ ပေါင်ကို ဖိချလိုက်သည်။
ဝမ်ရိပေါ်က ရှောင်းကျန့်အား ခပ်စူးစူးတစ်ချက်ရှိပြီး အနောက်ဘက်က တစ်စုံတစ်ခုကို ယူနေလေသည်။
"အွန့်!"
အတင်းပိတ်ကပ်ခံလိုက်ရသော ရှောင်းကျန့်နှုတ်ခမ်း!