-4-
3.9K 475 30
Zawgyi
သက်လယ်က မုန်းလေလေ…မောင်က ပိုချစ်လေလေ…။
တစ်ဖက်သတ် အချစ်ရပ်ဝန်းလေးက ပို၍ခါးသက်လေလေ…။
•••••••••
"အထက်တန်းပြီးဖို့ လပိုင်းပဲ လိုတော့တယ် ရှောင်းကျန့်ရေ…မင်း ဘယ်တက္ကသိုလ်တက်ဖို့ စိတ်ကူးထားလဲ"
ရှောင်းကျန့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်း ကျန်းချန်က ပီကေကို တဖောက်ဖောက် ဝါးရင်း ပြောလာလေသည်။
"ရရာ တက်မှာပေါ့ကွ!
ငါ့ခေါင်းထဲမှာ ထွေးထွေးထူးထူး ဘာမှ ဖြစ်မနေဘူး"
"ဒါနဲ့ မင်းတို့အိမ်က ကောင်လေးက စာကြိုးစားသားနော်…
မင်းညီ ရှောင်းရန်နဲ့ တတွဲတွဲပဲ"
"အေးလေ။အဲ့တာ ငါနဲ့ ဘာဆိုင်လဲ!"
ရှောင်းကျန့်က အမြင်မကြည့်သလို ကျစ်တစ်ချက်စုတ်လိုက်သည်။အဲ့ကောင်အကြောင်းပြောလိုက်တာနဲ့ သူ့ ကို အသားယူသွားသည့် အဖြစ်အပျက်က စိတ်ကူးထဲ တရိပ်ရိပ်ပေါ်လာပါလေရော…။
"မင်းညီမ ရှင်းယန်နဲ့လည်း တတွဲတွဲပဲ။
မင်း တစ်ယောက်တည်း ကွဲထွက်နေသလားလို့"
ရှောင်းကျန့်က မဲ့ပြုံးတစ်ချက်ပြုံးပြီး ကျန်းချန် ပုခုံးကို ဖက်လိုက်သည်။
"ငါ့မှာ မင်းတစ်ယောက် ရှိနေရင် ရပြီ။
ဒါပေမယ့် မင်းပါးစပ်က ကျက်သရေတုံးတဲ့ကောင်အကြောင်း
နောက်တစ်ခေါက် မထွက်လာစေနဲ့!"
"မင်းကလည်း ဘာလို့ အငြိုးမရှိဘဲ ကြည့်မရဖြစ်နေတာလဲ?"
"အငြိုးမရှိဘဲ ကြည့်မရ မဖြစ်ရဘူးလား?"
"အေးပါ အေးပါ။
မင်း သဘောပဲ"
"အေး မင်း တော်တယ်"
ရှောင်းကျန့်က ပညာရေးကို သိပ်ပြီး စိတ်မဝင်စားဘူး။
သူ့ ရှေ့မှာ စာအရမ်းကြိုးစားပြနေတာတွေ့ ရင် ပိုဆိုးတယ်။
ဟိုတစ်နေ့ကလည်း သူ အပေါ်ထပ်က လှမ်းကြည့်တာ ကြာပေါ့။တစ်ယောက်တည်းထိုင်ပြီး ပြုံးပြုံးကြီးတွေးနေတဲ့ ဟိုကောင်ကို!
ရှောင်းရန်က ရောက်လာပြီး သူ မကြိုက်တဲ့ စာအကြောင်း စပြောတာပဲ။နည်းနည်းလေး အမြင်ကတ်ပုဒ်မနဲ့ ရေနဲ့လောင်းပေးလိုက်တာ။ပါးတစ်ဖက်တော့ ခပ်စပ်စပ်လေး ဖြစ်သွားတယ်ပေါ့။