-12-
3.7K 380 5
Zawgyi
ကမ္ဘာပေါ်မှာရှိတဲ့ လူအမျိုးမျိုးတိုင်း အချစ်နဲ့ ကြုံတွေ့ တဲ့အခါ
နည်းနည်းလေးတော့ နာကျင်ရတာပဲမလား…။
ဒါပေမဲ့ သက်လယ်ကတော့ မောင့်ကို နာကျင်တာတွေ တဝကြီး ခံစားခိုင်းမယ် ထင်ပါ့။
•••••••
ရှောင်းရန်က ဒီနေ့ ဘယ်သူ့ ကိုမှ စကားမပြောဘူး။
တစ်ယောက်တည်း သီးသန့်ထိုင်နေပြီး အမြဲတမ်းအနားကပ်နေတတ်တဲ့ ဝမ်ရိပေါ် အနားကိုလည်း မလာသလို ရှင်းယန်အနားကိုလည်း ယောင်လို့တောင် လှည့်မကြည့်။
ဒီနေ့မှာလည်း သူ့ အတွက် scene က အစောကြီး ပြီးသွားပြီး ဝမ်ရိပေါ်လည်း သူ့ နည်းတူ အစောကြီး ပြီးလေသည်။
ဝမ်ရိပေါ်က ကားပေါ်တက်တော့မည့် ရှောင်းရန်အနားကို ခပ်မြန်မြန်ပြေးလာပြီး ရှောင်းရန်ထိုင်သည့်ဘေးမှာ တက်ထိုင်လေသည်။
"ရှောင်းရန် ဒီနေ့ နေမကောင်းဘူးလား?
ဘာလဲ ညက ရှင်းယန်တို့နဲ့ သောက်တာ များသွားတယ်လို့တော့ မပြောနဲ့နော်"
ဝမ်ရိပေါ်က သူ့ အား ခပ်ပြုံးပြုံးကြည့်ကာ နဖူးပေါ် လက်ဖြင့်
စမ်းလာလေသည်။
"ကိုယ်လည်း မပူပါဘူး။
ဘာဖြစ်နေတာလဲ ရှောင်းရန်"
"ရိပေါ် ရှောင်းရန်ကို ချစ်လားဟင်?"
ဝမ်ရိပေါ်က ပြုံးနေတာတွေ ပျောက်သွားပြီး သူ့ နဖူးပေါ်က
လက်တွေလည်း ရုတ်သွားလေသည်။
"အင်း ကိုယ်တို့ အဲ့အကြောင်းပြောရအောင်"
ဝမ်ရိပေါ်က ရှောင်းရန်အား မျက်လုံးချင်းဆုံလာကာ လက်မောင်းနှစ်ဖက်ကိုလည်း ကိုင်လာလေသည်။
"ငါ တောင်း…တောင်းပန်ပါတယ် ရှောင်းရန်။
တကယ်တော့ ငါ…ငါ အဲ့ညက အသိစိတ်ပျောက်သွားလို့ပါ။"
ရှောင်းရန်က ဝမ်ရိပေါ်ကို ကြည့်ကာ မျက်ရည်တွေ ဝိုင်းလာလေသည်။
"ငါက မင်းအပေါ် သူငယ်ချင်းတစ်ယောက် ညီလေးတစ်ယောက်ကလွဲပြီး ငါ့ရင်ထဲမှာ ထပ်တိုးခံစားချက်တွေ မရှိပါဘူး။
ဒီနှစ်လအတွင်း မင်း ငါ့အပေါ် ဂရုစိုက်တာတွေ ရှိခဲ့ပေမဲ့
ငါက အရမ်းကြီးကို အားနာနေခဲ့တာပါ"