-7-
3.8K 399 12
Zawgyi
မပိုင်သေးပေမယ့် မောင့်ရဲ့ မြတ်နိုးခြင်းလေးကိုတော့ မောင်
တဝကြီးကို ငေးမောပါတယ်…။တစ်နေ့ ငါ့အပိုင်ဖြစ်လာရမယ်ဆိုတဲ့ စကားကို ရင်ထဲ၌ တသသဆိုရင်းပေါ့…။
•••••••
"အလုပ်အကြောင်းပဲ ပြောပါ ဝမ်လောင်ရှီး!"
ဝမ်ရိပေါ်က ဒီလူ့ ကို မတွေ့ သေးခင်ကအထိ အဆင်ပြေနေသေးတယ်။အခုက ဘာဖြစ်နေမှန်းကို မသိဘဲ စကားပြောဖို့ကို သူ့ စိတ်ထဲ ကြောက်ရွံလို့ လာသည်။
"ဝမ်လောင်ရှီး"
မဟူရာမျက်ဝန်းလေးကိုသာ စိုက်ကြည့်ပြီး ဝမ်ရိပေါ်က ငေးမောနေရှာတယ်။တလက်လက်ဖြစ်နေသည့် မျက်ဝန်းအိမ်လေးထဲက ကြယ်လေးတွေများ တမင်သက်သက် ထည့်ထားလေသလား…။
"တကယ်လို့များ ဝမ်ရိပေါ် ပြောစရာမရှိရင် ပြန်လို့ ရပါပြီ…"
မြတ်နိုးခြင်းလေးက စိမ်းသက်သော စကားကို ဆိုပြန်လေတယ်။ဒီလိုကျပြန်တော့လည်း စိတ်ထဲဘဝင်မကျပြန်။
"ကျွန်တော်…ကျွန်တော် အရင်လို မဟုတ်တော့ဘူး"
ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ခြေထောက်ကို ချိတ်ထိုင်လိုက်လေသည်။ဘောင်းဘီအတိုလေးကြောင့် မမြင်အပ်သည့်နေရာတွေကို ဝမ်ရိပေါ် အကြည့်လွှဲလို့
မျက်နှာကို လွှဲလိုက်သည်။
"အဟက် ဝမ်လောင်ရှီး အကြောင်းကို ကျွန်တော် အင်တာဗျူးနေတာ မဟုတ်ဘူးနော်!"
"ကျွန်တော် အရင်လို ပေစုတ်စုတ် ကောင်လေး မဟုတ်တော့ဘူး!!"
ဝမ်ရိပေါ်က လိုတာထက် နည်းနည်းအော်ပြောလိုက်တာကြောင့် သူ့ ရှေ့က နှင်းဆီပွင့်လေးက မျက်ခုံးပင့်လိုက်တာကို
သူ တွေ့ လိုက်၏။
"အဲ့တော့?"
"ရှောင်းကျန့်နဲ့ သူငယ်ချင်း ဖြစ်လို့ရပြီလား?"
မြတ်နိုးခြင်းလေးက သူ့ မျက်ဝန်းတွေကို စိုက်ကြည့်လို့ လာလေသည်။ဟိုး…ဟိုးအရင်ကအတိုင်း သူ့ နှလုံးသားငယ်လေးက အတိုင်းမသိစွာပင် တဒိန်းဒိန်းဖြင့် ရင်ခုန်နှုန်းတွေ မြန်လာတော့သည်။