-5-
4.3K 433 10
Zawgyi
နှင်းဆီဆိုတာ အန္တရာယ်ရှိတဲ့ ပန်းတစ်ပွင့်ပါတဲ့…။
ထိမိလိုက်ရင် ဆူးမယ် မွှေးမိလိုက်ရင် မူးမယ် ချစ်မိလိုက်ရင်
ရူးမယ်။မောင့်အတွက် သက်လယ်က နှင်းဆီတစ်ပွင့်နှယ်…။
••••••••••
အချိန်တွေက ကုန်ဆုံးသွားတာ ခပ်မြန်မြန်။
ဆယ်နှစ်တာ ကုန်ဆုံးသွားပြီးချိန်မှာတော့ ဝမ်ရိပေါ်က လူကြီးသူကောင်း တစ်ယောက်အသွင် ဖြစ်လို့လာလေပြီ။
ခေါက်ရိုးကျနစွာ မီးပူတိုက်ထားတဲ့ အင်္ကျီကို စတိုင်လ်ကျကျ
ဝတ်ဆင်ပြီး ခေါင်းကို မော့လို့ ဟန်ချီကာ ကိုယ်ပိုင်ရုံးခန်းထဲ ဝင်လာသည်။
"ဝမ်လောင်ရှီး…ဒီနေ့လယ် "Star Light" ကုမ္ပဏီရဲ့ brand တွေ ကြော်ငြာရိုက်ဖို့ ရှိပါတယ်။ညနေ ခြောက်နာရီမှာတော့ Paradise Fashion Show ပွဲ တက်ရောက်မှာ ဖြစ်ပါတယ်"
"အဟမ်း…မသိရင် ငါက နာမည်ကြီးမင်းသားကြီးကျလို့ ဟောက်ရွှမ်းရာ"
"ဝမ်လောင်ရှီးက တကယ်လည်း နာမည်ကြီးနေတာပဲကို။
ဖက်စုံတော်တဲ့ ကျွန်တော့် သူဌေးလေးကလည်း အောက်ကျို့ ပြောနေပြန်ပြီ"
ဝမ်ရိပေါ်က ဖုန်းစခရင်ကို ဖွင့်လို့ wallpaper က ပုံလေးကို ကြည့်ပြီး ပြုံးလိုက်တယ်။
"ယောကျာ်းဆိုတာ အလုပ်လုပ်နိုင်ရမယ်ကွ!"
"ဝမ်လောင်ရှီးက ဘယ်သူ့ ကို ကျွေးစရာရှိလို့ ဒီလောက်တောင် ရှာနေရတာလဲ"
"မင်း သိပ်ပြီး မစပ်စုနဲ့"
"ကျွန်တော် တကယ် သိချင်နေတာ"
"နှင်းဆီပန်းတစ်ပွင့်ကို ဝယ်မလို့!"
ဝမ်ရိပေါ်က ခုံပေါ်ကို မှီချလိုက်ပြီး ရုံးခန်းထဲ ဆေးလိပ်မသောက်ရဆိုတဲ့ ကိုယ်တိုင်စည်းကမ်းကို ဖောက်ဖျက်ကာ
ဘောင်းဘီအိပ်ကပ်ကြားထဲက မာဘိုလ်ရို စီးကရက်ဗူးကို ထုတ်လိုက်တယ်။
ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး နှုတ်ခမ်းထက်၌ တင်လိုက်ကာ အဆုတ်တွင်းထဲထိ ရှူရှိုက်လိုက်သည်။ပြီးမှ ခပ်ဖြည်းဖြည်းလေး အငွေ့ တွေကို ဖွာထုတ်လိုက်သည်။