-13-
3.8K 348 6
Zawgyi
ပထမဦးဆုံးအချစ်မို့ ရူးခဲ့တာလား…။
ခင်ဗျားဖြစ်နေလို့ ကျွန်တော် ရူးခဲ့တာလား…။
တကယ်တမ်း စဉ်းစားကြည့်တော့လည်း နှစ်ခုစလုံး ဖြစ်နေခဲ့တာပါပဲ…။
••••••
ရှောင်းကျန့်က ဝမ်ရိပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ပုံကို
ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိသည်။ဒီကလေးဟာ သူ့ ကြောင့်နဲ့ ဒီလောက်ထိ ဖြစ်စရာလိုနေလို့လား။
ဘဝခရီးလမ်းတက်ချိန်လေးမှာ အလုပ်ကို သေချာကြိုးစားပြီး
မရေရာတဲ့ နှလုံးသားရေးရာတွေကို အပန်းဖြေပျောက်ဖို့လောက်သာ တွေးနေပါလား။ဒီလောက်ထိ နှလုံးသားတစ်လုံးရင်းပြီး ဆွေးပြနေစရာလား။
"ဝမ်ရိပေါ်"
ဝမ်ရိပေါ်က ဆိုဖာပေါ်မှာ မှီတွဲနေရင်း ရှောင်းကျန့်ခေါ်သံကို
ပြန်မထူးလာပေမဲ့ မျက်လုံးလေးဖြင့် စွေကြည့်လာလေသည်။
"တောင်းပန်ပါတယ်"
"ဘာအတွက်လဲ?"
"အရာရာတိုင်းအတွက်ပါ"
ဝမ်ရိပေါ်က ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး ရှောင်းကျန့်ဘက်ကို အာရုံစူးစိုက်ကြည့်လာလေသည်။
"စကားကို သေချာပြော ရှောင်းကျန့်!"
"အမ်…"
ဝမ်ရိပေါ်က အနားသို့ ပိုတိုးလာပြီး မထင်မှတ်စွာပင် ရှောင်းကျန့်လက်ဖမိုးအား ဆုပ်ကိုင်လာလေသည်။
"ကျွန်တော့်ကို ဘာအတွက် တောင်းပန်နေတာလဲဆိုတာ သေချာ ပြောပြပါ"
ရှောင်းကျန့်က ဝမ်ရိပေါ်လက်အောက်က သူ့ လက်ကို ရုန်းထွက်လိုက်ပြီး အနောက်သို့ နည်းနည်းရွှေ့ ထိုင်လိုက်သည်။
ဝမ်ရိပေါ်က ပြုံးပြီး ခပ်ဟဟရယ်လေသည်။
"ဒီလောက်တောင်ပဲ ကျွန်တော့်ကို အထိမခံနိုင်အောင် မုန်းနေတာလား?"
"မပြောတတ်ဘူး"
ရှောင်းကျန့်က စကားကို ရှင်းရှင်းလင်းလင်း မပြောတတ်တာလား ဝမ်ရိပေါ် မတွေးတတ်။
"ငါ မင်းကို ငယ်ငယ်ကတည်းက ကြည့်မရခဲ့ဘူး။
ငါ မင်းနောက်ကနေ တကောက်ကောက်လိုက်ပြီး ချောင်းနေခဲ့တာဟာ မင်းလုပ်သမျှအရာတွေထက် ငါ သာချင်လို့။မင်းနဲ့ခင်သွားတိုင်းလူတိုင်း ငါနဲ့မခင်ရပါလားဆိုတဲ့ ဝန်တိုတဲ့စိတ်ကြောင့် ငါ လုပ်ခဲ့တာ။ဒါတွေအားလုံးကို မင်းဘက်က ငါ မင်းကို ချစ်တယ်လို့ ထင်စေခဲ့တာအတွက် ငါ တောင်းပန်တာပါ။
ငါ မင်းအပေါ် ဘယ်ဆက်ဆံရေးနဲ့ဖြစ်ဖြစ် ဘာခံစားချက်မှ မပိုပါဘူး။မင်းဘက်က အဲ့လိုထင်မြင်ချက်တွေကို ပယ်ဖျက်ပြီး
ကိုယ်နဲ့အဆင်ပြေတဲ့သူနဲ့သာ မင်း ပျော်ပျော်ရွှင်ရွှင် နေသင့်တယ် ဝမ်ရိပေါ်"