-15-
4.4K 381 14
Zawgyi
မာနတွေတဲ့ နှလုံးသား ရပ်ဝန်းလေးကို တင်းခံထားနိုင်ဖို့
မောင့်သက်လယ်က ကြိုးစားခဲ့တယ်…။ဒါပေမဲ့ ကောင်လေးတစ်ယောက်အပေါ်ထားတဲ့ ချစ်ခြင်းတရားက မာနထက် ပိုကြီးမားနေခဲ့တယ်။
••••••••
ရှောင်းအိမ်တော်ရဲ့ သားအကြီးဖြစ်တဲ့ ရှောင်းကျန့်က မာနကြီးတယ်။ချောမောတယ်။ငယ်ငယ်ကတည်းက အကြောတင်းလေးလည်း ဖြစ်တယ်။သူ့ မှ မခံချင်စိတ်တွေလည်း အများကြီး ရှိတယ်။
ရှောင်းကျန့်က ဘေးအိမ်က ပေစုတ်စုတ်ကောင်လေးကို ကြည့်မရခဲ့ဘူး။သူငယ်ချင်းလုပ်ဖို့ ပြောလာတဲ့ ကောင်လေးကိုလည်း သူနဲ့မတူဘူး မတန်ဘူးလို့ ထင်ခဲ့တယ်။
ဒါ့ကြောင့်လည်း သူကိုယ်တိုင်က သူငယ်ချင်းအဖြစ် မသတ်မှတ်နိုင်ခဲ့သလို ညီဖြစ်သူ ရှောင်းရန်နဲ့ ညီမဝမ်းကွဲ ရှင်းယန်ကိုလည်း သူငယ်ချင်း မလုပ်ဖို့ သူ တားမြစ်ခဲ့တယ်။
သူ့ စကားကို နားမထောင်ခဲ့ကြဘူး။သူတစ်ယောက်ကလွဲလို့
ထိုကောင်လေးအပေါ် အကုန်လုံး ခင်တွယ်ကြတယ်။ရင်းနှီးကြတယ်။တစ်သက်လုံး မရိုက်ဖူးခဲ့တဲ့ မာမီကတောင် သူ့ ကို ရိုက်တဲ့အထိ ထိုကောင်လေးအပေါ် ဘက်လိုက်ခဲ့ကြတယ်။
ဒါဆို သူ့ ဘက်ကရော ဘာမှားခဲ့လို့လဲ။
သူထင်သလို သူနဲ့ မတန်တဲ့သူလေ။သူ မပေါင်းတာ ဘာအပြစ်ရှိလို့လဲ။
သူနဲ့ထိုကောင်လေးရဲ့ ရေစက်လားမသိ။
ထိုကောင်လေးက သူတို့အိမ်မှာ နေလာဖို့ အကြောင်းဖြစ်လာတော့တယ်။ထိုကောင်လေးရဲ့ သူ့ အပေါ် စိုက်ကြည့်တတ်တဲ့ မျက်ဝန်းတွေကို တစ်ခါတစ်လေ လန့်မိရုံကလွဲလို့ သူ့ ဘက်ကပဲ အကြိမ်ကြိမ် အနိုင်ကျင့်ခဲ့တယ်။
ကျောင်းအတူတူသွားရင် လမ်းတစ်ဝက်မှာ ကားပေါ်ကဆင်းပြီး လမ်းဆင်းလျှောက်ခိုင်းတာက တစ်မျိုး။သူ ဝတ်သမျှ အဝတ်အစားတွေ အကုန်လုံး လျှော်ခိုင်းတာက တစ်မျိုး။သူဖွသမျှ
အမှိုက်တွေကို ရှင်းခိုင်းတာကတစ်မျိုး…အမျိုးမျိုးနည်းလမ်းတွေဖြင့် သူ အနိုင်ကျင့်ခဲ့တယ်။
ထိုကောင်လေးက တစ်ခါမှ သူခိုင်းသမျှ မငြင်းတတ်ဘူး။
သူ့ ကို သူမကြိုက်တဲ့ မျက်ဝန်းတွေနဲ့ပဲ ပြန်ပြန်ကြည့်တတ်ရုံကလွဲပြီး သူ့ အပေါ် သည်းခံတတ်တယ်။